ထူးထူးခြားခြား မွေးရာပါ ဆံပင်နှင့်အသားရောင် ဖြူဆွတ်နေတဲ့ ညီအစ်မနှစ်ယောက်




unicode

Albino ရောဂါဖြစ်နေ တဲ့ လူတစ်ဦးကိုတွေ့ရှိ ဖို့ဆိုတာ အတော်လေးရှားပါး တဲ့ဖြစ်စဉ် ဖြစ်ပါတယ်။ Albino ရောဂါဆိုတာက တစ်ကိုယ်လုံး ခေါင်းအစခြေအဆုံး ဖြူစွတ်နေတဲ့ မွေးရာပါရောဂါ မျိုးဖြစ်ပြီး Albino ရောဂါ၏ မတူညီသော ပုံစံများနှင့်ဖြစ်ပွါးမှုသည် လူဦးရေ အလိုက် သိသိသာသာကွဲပြားကာ ဆာဟာရ သဲကန္တာရ တောင်ပိုင်းရှိ လူများတွင်အများဆုံးဖြစ်ကြပါတယ်။

ယနေ့ ဆာဟာရသဲကန္တာရ တောင်ပိုင်း အာဖရိက၌ Albino ရောဂါဖြစ်ပွါးမှုသည် လူ ၅၀၀၀ တွင် ၁ ဦး ခန့်ဖြစ်ပြီး ဥရောပနှင့် အမေရိကန်တို့တွင် ၂၀၀၀၀ တွင် ၁ ဦးနှုန်းသာ ရှိပါသည်။

ဒီလိုဖြစ်ခဲလှတဲ့ ရောဂါဟာ ကာဇတ်စတန်နိုင်ငံက ညီအမ နှစ်ယောက်မှာ ထူးထူးခြားခြားတိုက်ဆိုင်စွာဘဲ ဖြစ်ပေါ်နေပါတယ်။

ထိုညီအမနှစ်ယောက် အသက် ၁၂ ကွာကြပြီး သူတို့ရဲ့ ထူးခြားလှပတဲ့ သွင်ပြင်တွေကြောင့် ကမ္ဘာကျော်ခဲ့ပါတယ်။ ညီအမနှစ်ယောက်ရဲ့ အလှဓါတ်ပုံများကို စုစည်းဖေါ်ပြပေးလိုက်ပါတယ်။