ဒုံးကျည် တိုက်ခိုက်မူ ခံ ရပြီးနော် အစ္စရေး ကို ကမ္ဘာ့မြေ ပုံပေါ် က ပျောက်အောင် လုပ် မည်ဟု အီရန် ကြုံးဝါး

အစ္စရေး တပ်မတော် က ပြီး ခဲ့တဲ့ ဇူလိုင်(၂၀)မှာ ဆီရီးယားအခြေစိုက် အီရန် စစ်စခန်းတစ်ခု ကို ဒုံးကျည်တွေ နဲ့ အတွဲ လိုက်ပစ်ပြီး တိုက်ခိုက် ကာ နှစ်နိုင်ငံ တင်းမာမှုအကြား စစ်ပွဲတစ်ခု ပေါ်ပေါ် ထင်ထင်ဖြစ်စေ ဖို့ အတွက် အစ္စရေးတို့က စတင်လိုက်ပြီလို့ ဆို ရမှာပါ။ အစ္စရေး ရဲ့ တိုက်ခိုက်မှုကြောင့် အီရန်ဘက်က(၅)ဦးကျဆုံးခဲ့ပြီး (၁၁)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

အစ္စရေးဘက်က ပစ်လိုက်တဲ့ ဒုံးကျည်တွေ ဟာ အီရန်က ကျောထောက်နောက်ခံပေး ထားတဲ့ ဒမတ်စကတ်မြို့ အနီးရှိ စစ်စခန်းကို ထိမှန်ခဲ့ပါတယ်။ အထူးသဖြင့် လက်နက်ခဲယမ်းတွေထားရှိတဲ့ ဂိုထောင်ကို ထိမှန်ခဲ့ပြီး ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့ တယ်လို့ သိရ ပါတယ် ။ ဒီတိုက်ခိုက်မှုကြောင့် ဆီးရီးယားစစ်သား ( ၇ ) ဦး လည်း ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲမှာ ပါဝင်ခဲ့တယ်လို့ သိရ ပါတယ်။

သတင်းအရ ပစ်လွှတ် လိုက်တဲ့ ဒုံးကျည်တွေဟာ တိုက်ခိုက်ရေးဖိုက်တာလေယာဉ်တွေဆီကနေ တစ်ဆင့် ပစ်လွှတ်ခဲ့တာပါ။ အနီးအနားက အစ္စရေးဘက်ခြမ်းမှာ Golan Heights တောင်ကုန်း တည် ရှိပြီး၊ အခြားဘက် မှာကတော့ ဆီရီးယားက ပိုင်ဆိုင်ပါတယ်။ အဲဒီတောင်ကုန်းရဲ့ တစိတ်တစ်ဒေသဟာ (၁၉၆၇)ခုနှစ်နောက်ပိုင်းမှာ ဆီရီးယားဆီကနေ အစ္စရေးတို့ (၆)ရက်ကြာ စစ်ပွဲဆင်နွှဲပြီး လုယူထား တဲ့နေရာလည်း ဖြစ် ပါတယ် ။

ဆီးရီးယားစစ်သားတွေထဲမှာ ဒဏ်ရာရှိသူ (၇)ဦး အနက် (၂)ဦး မှာ ဒဏ်ရာပြင်းထန်လို့ အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ သိရပါတယ်။ ဆီရီးယားလေကြောင်းဘက်ကလည်း အခင်းဖြစ်ပြီးနောက် ကင်းလှည့်တဲ့သဘောမျိုး ပျံသန်းခဲ့ပေမယ့် တုန့်ပြန် တိုက်ခိုက် တာမျိုး မရှိပါဘူး။ အစ္စရေးတို့ အဓိကရည်ရွယ်တာကလည်း အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ စစ်အခြေစိုက်စခန်းကို ရည်ရွယ်တာ ပဲဖြစ် ပါတယ် ။

အီရန်နဲ့ အစ္စရေး တို့ဟာ ကမ္ဘာ့ရန် ဘက်တွေ ဖြစ်ကြပြီး ၊ မကြာသေးခင်က အီရန်သမ္မတခါမေနီက အစ္စရေးကို တိုက်ခိုက်ဖို့အတွက် မဟာမိတ်တွေ ရထားပြီးပြီလို့ ကြေညာခဲ့ပါသေးတယ်။ အနောက်အင်အားစုတွေက စေလွှတ်ထား တဲ့ စုံထောက်တွေ ရဲ့အဆိုအရ အီရန် အနေနဲ့ မကြာသေးခင်ကမှ နယူကလီးယားလက်နက် ပိုင်ဆိုင်သွားပြီလို့ သံသယရှိနေပါတယ်။အီရန်ကို ကျောထောက်နောက်ခံပေးထား တဲ့ စစ်အင်အားကြီးနိုင်ငံတွေကတော့ အမေရိကန်ရဲ့ ရန်ဘက် ရုရှားနဲ့ တရုတ်တို့ဖြစ်ပြီး၊ အစ္စရေးကတော့ အရှေ့ အလယ်ပိုင်းနိုင်ငံတွေထဲမှာ အမေရိကန်အပြင် အနောက်အုပ်စုနဲ့ အဆင်ပြေ တဲ့ ရှားရှားပါးပါး နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ အခုတိုက်ခိုက်မှုကြောင့် ဆီးရီးယားမြို့တော်တောင်ပိုင်း ရှိ Kiswah မြို့ဝန်းကျင်မှာ ဆက်တိုက် ပေါက်ကွဲမှုတွေ ရှိခဲ့ပါတယ်။ အဲဒီဒေသဟာ အီရန်စစ်တပ် နဲ့ ဆက်စပ်နေ ပါတယ်။

လင်းသုတ