တိုင္းျပည္တစ္ခုတည္ေဆာက္တဲ့ေနရာမွာ တစ္ဦးေကာင္းနဲ႔ သြားေနလို႔မရဘူးဆိုတာ

အေနာ္ရထာမင္းတရား ပထမျမန္မာနိုင္ငံေတာ္ႀကီးကို တည္ေထာင္တဲ့အခါက်ေတာ့ အဓိကေထာက္တိုင္ေတြအျဖစ္ အသုံးျပဳခဲ့သူေလးေယာက္ရွိတယ္။
သူတို႔က က်န္စစ္သား၊ ငေထြးရူး၊ ငလုံးလဖယ္၊ ေညာင္ဦးဖီး။

ဒီလိုပါဘဲ ဟံသာဝတီအင္ပါယာႀကီးရဲ့ အရွင္သခင္ ဘုရင့္ေနာင္ကလည္း ညီေတာ္ေတာင္ငူမင္းေခါင္၊ ညီေတာ္သတိုးမင္းေစာ၊ ညီေတာ္ေနာ္ရထာေစာ၊ သားေတာ္နႏၵမင္းသားဆိုတဲ့ လက္႐ုံးႀကီးေလးေယာက္ကို အားကိုးခဲ့တယ္။

အေနာက္ဘက္လြန္မင္းလက္ထက္ အင္းဝေနျပည္ေတာ္ႀကီး ႀကီးက်ယ္ခန္းနားမႈေတြကို တည္ေဆာက္တဲ့အခါမွာ ညီေတာ္မင္းရဲသိခၤသူ(သာလြန္မင္း) ညီေတာ္မင္းရဲေက်ာ္စြာ၊ ညီႏွစ္ဝမ္းကြဲ မင္းရဲသီဟသူ၊ ေနာက္ထပ္ညီႏွစ္ဝမ္းကြဲ မင္းရဲေက်ာ္ထင္တို႔နဲ႔ လက္တြဲၿပီး တည္ေဆာက္ခဲ့ရတာ ျငင္းလို႔မရဘူး။

ေသခ်ာတာက တိုင္းျပည္တစ္ခုတည္ေဆာက္တဲ့ေနရာမွာ တစ္ဦးေကာင္းနဲ႔ သြားေနလို႔မရဘူးဆိုတာ ျမန္မာနိုင္ငံရဲ့ ေရႊေရာင္အတိတ္ေန႔ရက္ေတြက သက္ေသျပေနသလိုပါဘဲ။

ေမာင္ဉာဏ္မင္း (ဆားလင္းႀကီး)
Lat Khat Than

အနော်ရထာမင်းတရား ပထမမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်တဲ့အခါကျတော့ အဓိကထောက်တိုင်တွေအဖြစ် အသုံးပြုခဲ့သူလေးယောက်ရှိတယ်။
သူတို့က ကျန်စစ်သား၊ င ထွေ ရူး၊ ငလုံးလဖယ်၊ ညောင်ဦးဖီး။

ဒီလိုပါဘဲ ဟံသာဝတီအင်ပါယာကြီးရဲ့ အရှင်သခင် ဘုရင့်နောင်ကလည်း ညီတော်တောင်ငူမင်းခေါင်၊ ညီတော်သတိုးမင်းစော၊ ညီတော်နော်ရထာစော၊ သားတော်နန္ဒမင်းသားဆိုတဲ့ လက်ရုံးကြီးလေးယောက်ကို အားကိုးခဲ့တယ်။

အနောက်ဘက်လွန်မင်းလက်ထက် အင်းဝနေပြည်တော်ကြီး ကြီးကျယ်ခန်းနားမှုတွေကို တည်ဆောက်တဲ့အခါမှာ ညီတော်မင်းရဲသိင်္ခသူ(သာလွန်မင်း) ညီတော်မင်းရဲကျော်စွာ၊ ညီနှစ်ဝမ်းကွဲ မင်းရဲသီဟသူ၊ နောက်ထပ်ညီနှစ်ဝမ်းကွဲ မင်းရဲကျော်ထင်တို့နဲ့ လက်တွဲပြီး တည်ဆောက်ခဲ့ရတာ ငြင်းလို့မရဘူး။
သေချာတာက တိုင်းပြည်တစ်ခုတည်ဆောက်တဲ့နေရာမှာ တစ်ဦးကောင်းနဲ့ သွားနေလို့မရဘူးဆိုတာ မြန်မာနိုင်ငံရဲ့ ရွှေရောင်အတိတ်နေ့ရက်တွေက သက်သေပြနေသလိုပါဘဲ။

မောင်ဉာဏ်မင်း (ဆားလင်းကြီး)
Lat Khat Than