ဗိုလ္ခ်ဳပ္ ႐ုပ္ရွင္အတြက္ လို အပ္ေသာ ဇာတ္ဝင္ခန္း သုံးပစၥည္းမ်ား ကို ပံ့ပိုးေပး မယ့္ နႏၵာလႈိင္တို႔မိသားစုရဲ႕ ေဇကမာၻျပတိုက္

ဒါ႐ိုက္ တာ လူမင္း ဦးစီး႐ိုက္ကူးတဲ့ ေအာင္ဆန္း ႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ႏွစ္ေပါင္းမ်ားစြာ ႀကိဳတင္စီစဥ္ထားခဲ့ၾကၿပီး ၿပီးခဲ့တဲ့ (၂၀၁၉)ခုႏွစ္အတြင္းကပဲ စတင္႐ိုက္ကူးႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ျမန္မာတစ္ႏိုင္ငံလုံးက ေစာင့္ၾကည့္ၾကမယ့္ ႐ုပ္ရွင္ဇာတ္ကားႀကီးျဖစ္တဲ့အတြက္ ပါဝင္သ႐ုပ္ေဆာင္မယ့္ သ႐ုပ္ေဆာင္ေတြကိုလည္း ေသေသခ်ာခ်ာ စိစစ္ေ႐ြးခ်ယ္ခဲ့ရသလို ဇာတ္ဝင္ခန္းအတြက္ လိုအပ္တဲ့ေနရာ၊ အသုံးအေဆာင္ပစၥည္းေတြကိုလည္း ဂ႐ုတစိုက္ ျပဳလုပ္ေနရတာပဲ ျဖစ္ပါတယ္။

(၁၉၂၀)ေနာက္ပိုင္း ေခတ္ကာလကို ျပန္လည္႐ိုက္ကူးရတဲ့အတြက္ ထိုေခတ္က အသုံးျပဳခဲ့တဲ့ အသုံးအေဆာင္ပစၥည္းေတြကိုလည္း ေသေသခ်ာခ်ာေလး ရွာေဖြေနရတာပဲ ျဖစ္ပါတယ္။ နႏၵာလႈိင္ရဲ႕ ခင္ပြန္းပိုင္ဆိုင္တဲ့ ေဇကမာၻျပတိုက္ကလည္း ဗိုလ္ခ်ဳပ္႐ုပ္ရွင္အတြက္ လိုအပ္တဲ့ ဇာတ္ဝင္ခန္းသုံးပစၥည္းမ်ားကိုလည္း ပံ့ပိုးေပးသြားမယ္လို႔ သိရပါတယ္။

ေဇကမာၻျပတိုက္ထဲမွာေတာ့ ေရွးေဟာင္းပစၥည္း အမ်ားအျပား ရွိတာေၾကာင့္ ေအာင္ဆန္း႐ုပ္ရွင္အတြက္ လိုအပ္တဲ့ ပစၥည္းမ်ား ရွိေနပါေစလို႔လည္း အားလုံးက ေမွ်ာ္လင့္ေနၾကတာပဲ ျဖစ္ပါတယ္။

ေအာင္ဆန္း ႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ႀကိဳတင္ျပင္ဆင္မႈအားေကာင္းေကာင္းနဲ႔ ေသေသခ်ာခ်ာေလး စီစဥ္ထားတာေၾကာင့္ ရလဒ္ေကာင္းတစ္ခုကို ရရွိမွာ အေသအခ်ာပါပဲ။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ရက္ေလးတစ္ရက္ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

unicode

ဒါရိုက် တာ လူမင်း ဦးစီးရိုက်ကူးတဲ့ အောင်ဆန်း ရုပ်ရှင်ဇာတ်ကားကြီးကတော့ နှစ်ပေါင်းများစွာ ကြိုတင်စီစဉ်ထားခဲ့ကြပြီး ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ်အတွင်းကပဲ စတင်ရိုက်ကူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးက စောင့်ကြည့်ကြမယ့် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့အတွက် ပါဝင်သရုပ်ဆောင်မယ့် သရုပ်ဆောင်တွေကိုလည်း သေသေချာချာ စိစစ်ရွေးချယ်ခဲ့ရသလို ဇာတ်ဝင်ခန်းအတွက် လိုအပ်တဲ့နေရာ၊ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ဂရုတစိုက် ပြုလုပ်နေရတာပဲ ဖြစ်ပါတယ်။

(၁၉၂၀)နောက်ပိုင်း ခေတ်ကာလကို ပြန်လည်ရိုက်ကူးရတဲ့အတွက် ထိုခေတ်က အသုံးပြုခဲ့တဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း သေသေချာချာလေး ရှာဖွေနေရတာပဲ ဖြစ်ပါတယ်။ နန္ဒာလှိုင်ရဲ့ ခင်ပွန်းပိုင်ဆိုင်တဲ့ ဇေကမ္ဘာပြတိုက်ကလည်း ဗိုလ်ချုပ်ရုပ်ရှင်အတွက် လိုအပ်တဲ့ ဇာတ်ဝင်ခန်းသုံးပစ္စည်းများကိုလည်း ပံ့ပိုးပေးသွားမယ်လို့ သိရပါတယ်။

ဇေကမ္ဘာပြတိုက်ထဲမှာတော့ ရှေးဟောင်းပစ္စည်း အများအပြား ရှိတာကြောင့် အောင်ဆန်းရုပ်ရှင်အတွက် လိုအပ်တဲ့ ပစ္စည်းများ ရှိနေပါစေလို့လည်း အားလုံးက မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။

အောင်ဆန်း ရုပ်ရှင်ဇာတ်ကားကြီးကတော့ ကြိုတင်ပြင်ဆင်မှုအားကောင်းကောင်းနဲ့ သေသေချာချာလေး စီစဉ်ထားတာကြောင့် ရလဒ်ကောင်းတစ်ခုကို ရရှိမှာ အသေအချာပါပဲ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးတစ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။