ပြင်သစ် ရဲ့ Rafale တိုက်လေယာဉ်ေ တွ ရပြီးနောက် အိန္ဒိယ က ကျူးကျော်သူတွေ ကို သတိပေးလာ

အမေ ရိကန်ဒေါ်လာ ဘီလီယံများစွာ တန်ဖိုးရှိတဲ့ သဘောတူညီမှုအတွက် ပြင်သစ်ထံကနေ ဝယ်ယူထားတဲ့ Rafale တိုက်လေယာဉ် ငါးစင်း ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယနိုင်ငံဆီ ဆင်းသက်ရောက်ရှိပါတယ်။ ခုလို ပြင်သစ်တိုက်လေယာဉ်တွေ ရောက်ရှိလာပြီးနောက်မှာ နယ်မြေပိုင်နက် အငြင်းပွားနေတဲ့ အိမ်နီးချင်း တရုတ်ကို ကာကွယ်ရေးဝန်ကြီးက ရိပ်ဖမ်းသံဖမ်း သတိပေးလိုက်ပါတယ်။

ဟာ ယာနာပြည်နယ်က အမ်ဘာလာလေတပ်စခန်ီး ဆင်းသက်လာတဲ့ ဒီ တိုက်လေယာဉ် ငါးစင်းကို ရေအမြောက်အစောင့်တပ်က ဆီးကြိုပါတယ်။ တရုတ်နဲ့ လူသေဆုံးမှု များတဲ့ နယ်စပ်ထိပ်တိုက်တွေ့မှုအပြီး ခုလို တိုက်လေယာဉ်တွေ ရောက်ရှိလာတာကို နိုင်ငံတစ်ဝန်းမှာ အလေးထား ပြောဆိုကြပါတယ်။

ခန့်မှန်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံ တန်ဖိုးရှိ သဘောတူညီမှုတစ်ရပ်မှာ အိန္ဒိယဟာ ပြင်သစ်ဆီကနေ Rafale တိုက်လေယာဉ် ၃၆ စင်းကို ဝယ်ယူထားတာ ဖြစ်ပါတယ်။ ဒီ ဝယ်ယူထားတဲ့ တိုက်လေယာဉ်အားလုံးဟာ ၂၀၂၁ မကုန်ဆီ အိန္ဒိယဆီ ပေးပို့ရမှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ စစ်သမိုင်းမှာ ခေတ်သစ်အစပြုပါပဲ။”လို့ ကာကွယ်ရေးဝန်ကြီး ရက်ခ်ျနက်ဆင်းခ်ျက တိုက်လေယာဉ်တွေ ရောက်ရှိခြင်းအတွက် အထိမ်းအမှတ် ပြောပါတယ်။

“ဒီ တိုက်လေယာဉ်တွေဟာ ကျွန်တော်တို့ နိုင်ငံအပေါ် ကျရောက်လာနိုင်တဲ့ ဘယ်လို ခြိမ်းခြောက်မှုကိုမဆို ခွန်အားပြည့် ဟန့်တားသွားနိုင်မှာ ဖြစ်ပါတယ်။”လို့ ၎င်းက တွစ်တာမှာ ရေးသားပါတယ်။

သူ့အနေနဲ့ တရုတ်ကို နာမည်တပ်မပြောပေမယ့် မီဒီယာတွေနဲ့ စောင့်ကြည့်သူတွေဟာ သူ့မှတ်ချက်စကားက အိမ်နီးချင်း တရုတ်ကို ရှင်းရှင်းလင်းလင်း ညွှန်းဆိုတယ်လို့ ပြောကြပါတယ်။

“ကျွန်တော်တို့ရဲ့ ပိုင်နက်တည်တံ့ခိုင်မြဲမှုကို ခြိမ်းခြောက်လိုသူတွေအနေနဲ့ အိန္ဒိယလေတပ်ရဲ့ စွမ်းအားသစ်အကြောင်း စိုးရိမ်စိတ် ဒါမှမဟုတ် ပိုင်းခြားစိတ် ထားသင့်ပြီ ဖြစ်တယ်။”လို့ ၎င်းက ဆိုပါတယ်။

အိန္ဒိယစစ်သား ၂၀ သေဆုံးခဲ့ရတဲ့ လက်ချည်းသက်သက် တရုတ်တပ်တွေနဲ့ ခိုက်ရန်ဖြစ်ပွားအပြီးမှာ ဟိမဝန္တာနယ်စပ်မှာ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ဟာ ထိပ်တိုက်ဆိုင်နေကြတာဟာ သီတင်းခြောက်ပတ်ကျော်မက ရှိနေပြီ ဖြစ်ပါတယ်။

YGN Times