ထိုင်ဝမ်စစ်ေ ရးလေ့ကျင့်မှု ၌ အမေရိကန်ကတ ပ်ဖွဲ့ဝင် များ စေလွှတ် သည့် အပေါ် တရုတ်မေ ကျနပ်






#DB
#MyanmarNews24

uniocode

အမေရိကန်ကြည်းတပ်အနေဖြင့် ထိုင်ဝမ်နိုင်ငံ၏ စစ်ရေးလေ့ကျင့်မှုတွင်၎င်းတို့၏ တပ်ဖွဲ့ဝင်များကို စေလွှတ်ခဲ့သည့်အတွက် တရုတ်တပ်မတော်အနေဖြင့် လုံးဝကျေနပ်ခြင်းမရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အဆိုပါစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေပါဝင်ခဲ့ပြီး၎င်းတပ်ဖွဲ့ဝင်တွေဟာ Excellence ဆိုတဲ့ စိတ်ဓာတ်ခွန်အား တက်ကြွနေတဲ့ စစ်ရေးလေ့ကျင့်မှု ဗီဒီယိုဖိုင်တစ်ခုကို ဖေ့စ်ဘုတ်မှာတင်ခဲ့ပါပါ သေးတယ်။ သို့သော်လည်း အဆိုပါဗီဒီယိုကတော့ ဖေ့စ်ဘုတ်က ဖယ်ရှားပစ်လိုက်ပြီပဲဖြစ်ပါတယ်။

အမေရိကန်ဟာ နိုင်ငံတကာဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေသလို တရုတ်အပေါ်အမေရိကန်ရဲ့ နိုင်ငံရေးအရကတိကဝတ်ပြုမှုတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Senior Colonel Ren Guoqiangက ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ကို လေးစားသော်လည်းအမေရိကန်အနေနဲ့ ထိုင်ဝမ်နဲ့ မည်သည့်အခြေအနေမျိုးနဲ့မဆို ပတ်သက် ဆက်နွယ်နေတာကို ချက်ခြင်းရပ်ပစ်လိုက်ဖို့လိုသလို တရုတ် – အမေရိကန်ပူးတွဲကြေငြာချက် ၃ ချက်ပါစည်းမျဉ်းစည်းကမ်းများကိုအလေးအနက်လိုက်နာဖို့နဲ့ နောက်ထပ် အလားတူဖြစ်ရပ်တွေ ထပ်မပေါ်ပေါက်ဖို့လိုတယ်လို့လည်း ၎င်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ ထိုင်ဝမ်နိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ ပတ်သက်လို့ ပြင်ပကနေ နှောင့်ယှက်ခြင်း၊ ခွဲခြားဆက်ဆံခြင်းတွေ ပြုလုပ်မှာမဟုတ်သလို ထိုင်ဝမ်ရေလက်ကြားကို တည်ငြိမ်းအေးချမ်းစေဖို့အတွက်ဆောင်ရွက်မှာဖြစ်တယ်လို့
ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

#DB
#MyanmarNews24