COVID-19 နှင့် ပါတ် သက်ပြီးထိခိုက်ဆုံးရှုံးမှုများအတွက် တရုတ်အစိုးရအပေါ် တရားစွဲဆိုခွင့်ပြုမည့် ဥပဒေကို အမေရိကန် အထက်လွှတ်တော် တရားစီရင်ရေးကော်မီတီမှ အတည်ပြုလိုက်ပြီ






#နီနီရဲ(လက်မလေး)

Via ThetZin 🏳‍🌈

unicode

တရုတ် သည် ဗိုင်းရပ်စ်၏ မူရင်းအစနှင့်ပတ်သက်ပြီး ပေါ့ဆစွာကိုင်တွယ်ဖြေရှင်းခဲ့သည်။ ဗိုင်းရပ်စ်၏သဘောသဘာ ဝနှင့် ပတ်သက်ပြီလည်း ကမ္ဘာကိုလှည့်စားခဲ့ပါသည်။အမေရိကန်တွေဟာတရားရုံးမှာ တရားစွဲ ရင်ဆိုင်ဖို့ ထိုက်တန် ပါတယ်”ဟုအထက်လွှတ်တော်အမတ် Graham ကပြောကြားလိုက်ပါသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ဖြစ်ပေါ်လာသောပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ တရုတ်ပြည်အားဖက်ဒရယ် တရားရုံးတွင်တရားစွဲဆိုမှုများပြုလုပ်နိုင်ရန် လူအများအားခွင့်ပြုမည့်ဥပဒေတစ်ရပ်ကို အထက်လွှတ်တော်တရားစီရင်ရေးကော်မတီက ကြာသပတေးနေ့တွင်အတည်ပြုခဲ့သည်။

“တရုတ်ကွန်မြူနစ်ပါတီသည်ကမ္ဘာကို လှည့်ဖြားခဲ့ပြီး coronavirus နှင့်ပတ်သက်သောသတင်းအချက်အလက်များကို ကြိုးကိုင်ခြယ်လှယ်ခဲ့တာ ထင်ရှားပါတယ်။

တရုတ်သည် တရုတ်ပြည်အတွင်း ခရီးသွားလာခြင်းများကိုကန့်သတ်လိုက်သော်လည်း တရုတ်ပြည်မှလူများသည် ကမ္ဘာအနှံ့ခရီးသွားစေခြင်းကြောင့် ရောဂါပြန့်နှံ့မှု ပို၍ များပြားလာခြင်း ဖြစ်တယ်” ဟု ကော်မီတီဥက္က Lindsey Graham ကပြောကြားသည်။ကျန်းမာရေးအကျပ်အတည်းနှင့်ဆက်စပ်သောအစိုးရ၏ကန့်သတ်ချက်များသည် U.S. စီးပွားရေးအပေါ် ထိခိုက်ဆိုးကျိုးများသက်ရောက်စေပါတယ်။

31 July, 2020 (Thein Lwin) MFS

#နီနီရဲ(လက်မလေး)

Via ThetZin 🏳‍🌈