သဃၤန္း ကြၽန္းမွ ကိုဗစ္ လူနာ ၅၉၅ ႏွင့္ တစ္အိမ္ တည္း အတူေနသူ ၂၅ ဦး အထိ ေရာဂါပိုး ေတြ႕ရွိ

ရန္ကုန္တိုင္း ေဒသႀကီး သဃၤန္းကြၽန္းၿမိဳ႕နယ္တြင္ ကို႐ိုနာဗိုင္းရပ္ ေရာဂါပိုးေတြ႕ရွိခဲ့ေသာ ကိုဗစ္ အတည္ျပဳလူနာ ၅၉၅ ႏွင့္ တစ္အိမ္တည္း အတူေနသူ ၂၅ ဦးတြင္ ကိုဗစ္ ေရာဂါပိုး ေတြ႕ရွိရေၾကာင္းက်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန၏ ၾသဂုတ္လ ၂ရရက္ ညပိုင္းထုတ္ျပန္ ခ်က္တြင္ သဃၤန္းကြၽန္းၿမိဳ႕နယ္မွ ကိုဗစ္အတည္ျပဳလူနာအမွတ္ ၅၉၅( မ ၄၀ ႏွစ္) တစ္ဦးပါဝင္ လာခဲ့ၿပီး ၄င္းသည္ ရပ္ကြက္အတြင္း ၌ အိမ္သန႔္ရွင္းေရးႏွင့္ အဝတ္ေလွ်ာ္ျခင္းမ်ား လိုက္လုပ္ေနသူျဖစ္ၿပီး ၄င္းႏွင့္တစ္အိမ္တည္း အတူေနထိုင္သူ ၂၈ဦးအထိ ရွိေၾကာင္း ႏွင့္ အတူေန႔သူမ်ားကို ေ႐ႊျပည္သာ ကြာရန္တင္းစင္တာသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေမာင္ေမာင္ဦးက ျပည္ျမန္မာကိုေျပာသည္။ ” သူ႔အိမ္မွာ သူအပါအဝင္ လူ ၂၉ေယာက္ေနတဲ့ အိမ္ျဖစ္ေနတယ္။ သူကအေတာ္ေလးလည္း ဆင္းရဲႏြမ္းပါး တယ္။ သူက ရပ္ကြက္ထဲမွာ အဝတ္ေလွ်ာ္တယ္။ အိမ္သန႔္ရွင္းေလး လုပ္တာတို႔ လုပ္တယ္။ အိမ္မွာလည္း အေႏွးယာဥ္လုပ္သားေတြလည္း ရွိတယ္” ဟု ဦးေမာင္ေမာင္ဦးကေျပာသည္။

ကိုဗစ္အတည္ျပဳ လူနာ ၅၉၅ ႏွင့္ တစ္အိမ္တည္း အတူေနသူ ၂၈ ဦးကို ၾသဂုတ္လ၂၈ရက္က ေ႐ႊျပည္သာ ကြာရန္တင္းစင္တာသို႔ ပို႔ေဆာင္ခဲ့ကာ ၾသဂုတ္လ ၃၁ရက္တြင္ ဓာတ္ခြဲနမူနာမ်ားယူ၍ စစ္ေဆးခဲ့သည္။ ထို႔ေနာက္ ယေန႔ နံနက္ပိုင္း ထုတ္ျပန္ခဲ့ရာ တြင္ သသဃၤကြၽန္းၿမိဳ႕နယ္မွ ကိုဗစ္ အတည္းျပဳလူနာ ၅၉၅ ႏွင့္ ထိေတြ႕ဆက္စပ္မႈရွိၿပီး ေ႐ႊျပည္သာၿမိဳ႕နယ္၌ အသြားအလာကန႔္သတ္ ထားသူ ကိုဗစ္အတည္ျပဳ လူနာ ၂၅ဦး ပါဝင္လာခဲ့သည္။ သဃၤန္းကြၽန္းၿမိဳ႕နယ္တြင္ ကိုဗစ္လူနာ ၅၉၅ ႏွင့္ အဆက္ ကိုဗစ္အတည္ျပဳလူနာသစ္ ၂၅ ဦးအျပင္ စံျပေဆး႐ုံ၌ ေစာင့္ၾကည့္လူနာအျဖစ္ထားရွိသူ သုံးဦးမွာလည္း ကိုဗစ္အတည္ျပဳလူနာ မ်ားအျဖစ္ ပါဝင္လာခဲ့သည္။

ျပည္ျမန္မာ

unicode

ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ် ရောဂါပိုးတွေ့ရှိခဲ့သော ကိုဗစ် အတည်ပြုလူနာ ၅၉၅ နှင့် တစ်အိမ်တည်း အတူနေသူ ၂၅ ဦးတွင် ကိုဗစ် ရောဂါပိုး တွေ့ရှိရကြောင်းကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သြဂုတ်လ ၂ရရက် ညပိုင်းထုတ်ပြန် ချက်တွင် သင်္ဃန်းကျွန်းမြို့နယ်မှ ကိုဗစ်အတည်ပြုလူနာအမှတ် ၅၉၅( မ ၄၀ နှစ်) တစ်ဦးပါဝင် လာခဲ့ပြီး ၄င်းသည် ရပ်ကွက်အတွင်း ၌ အိမ်သန့်ရှင်းရေးနှင့် အဝတ်လျှော်ခြင်းများ လိုက်လုပ်နေသူဖြစ်ပြီး ၄င်းနှင့်တစ်အိမ်တည်း အတူနေထိုင်သူ ၂၈ဦးအထိ ရှိကြောင်း နှင့် အတူနေ့သူများကို ရွှေပြည်သာ ကွာရန်တင်းစင်တာသို့ ပို့ဆောင်ပေးခဲ့ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြည်မြန်မာကိုပြောသည်။ ” သူ့အိမ်မှာ သူအပါအဝင် လူ ၂၉ယောက်နေတဲ့ အိမ်ဖြစ်နေတယ်။ သူကအတော်လေးလည်း ဆင်းရဲနွမ်းပါး တယ်။ သူက ရပ်ကွက်ထဲမှာ အဝတ်လျှော်တယ်။ အိမ်သန့်ရှင်းလေး လုပ်တာတို့ လုပ်တယ်။ အိမ်မှာလည်း အနှေးယာဉ်လုပ်သားတွေလည်း ရှိတယ်” ဟု ဦးမောင်မောင်ဦးကပြောသည်။

ကိုဗစ်အတည်ပြု လူနာ ၅၉၅ နှင့် တစ်အိမ်တည်း အတူနေသူ ၂၈ ဦးကို သြဂုတ်လ၂၈ရက်က ရွှေပြည်သာ ကွာရန်တင်းစင်တာသို့ ပို့ဆောင်ခဲ့ကာ သြဂုတ်လ ၃၁ရက်တွင် ဓာတ်ခွဲနမူနာများယူ၍ စစ်ဆေးခဲ့သည်။ ထို့နောက် ယနေ့ နံနက်ပိုင်း ထုတ်ပြန်ခဲ့ရာ တွင် သသင်္ဃကျွန်းမြို့နယ်မှ ကိုဗစ် အတည်းပြုလူနာ ၅၉၅ နှင့် ထိတွေ့ဆက်စပ်မှုရှိပြီး ရွှေပြည်သာမြို့နယ်၌ အသွားအလာကန့်သတ် ထားသူ ကိုဗစ်အတည်ပြု လူနာ ၂၅ဦး ပါဝင်လာခဲ့သည်။ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်လူနာ ၅၉၅ နှင့် အဆက် ကိုဗစ်အတည်ပြုလူနာသစ် ၂၅ ဦးအပြင် စံပြဆေးရုံ၌ စောင့်ကြည့်လူနာအဖြစ်ထားရှိသူ သုံးဦးမှာလည်း ကိုဗစ်အတည်ပြုလူနာ များအဖြစ် ပါဝင်လာခဲ့သည်။

ပြည်မြန်မာ