ယေန႔တနိုင္ငံ လုံး ပ်ံ႕ႏွံ့ေန တဲ့ ကိုဗစ္ ကို ထိန္းနိုင္ ဖို႔ အေကာင္းဆုံး နည္း လမ္း

ေန႔စဥ္ ၁၀၀-၂၀၀ ၾကား ထိန္းနိုင္ရင္ အေျခအေန အရမ္းေကာင္းပါတယ္။ အားလုံးမပိတ္ဘဲ အဲ့ေလာက္မွာ ထိန္းနိုင္တယ္ဆို အရမ္းေအာင္ျမင္တယ္လို႔ေျပာလို႔ရပါတယ္။ ၃၀၀-၄၀၀ ၾကားဆိုတာ ေသြးလန္႔ရမယ့္ အေျခအေနမဟုတ္ပါဘူး။ ဘာမွ ႀကီးႀကီးက်ယ္က်ယ္မပိတ္ဘဲ အဲ့ေလာက္မွာ ေနနိုင္ရင္ ေအာင္ျမင္ပါတယ္။

ေၾကာက္တဲ့သူမ်ား ကိုယ့္ဟာကိုယ္ဆင္ျခင္ပါ။ မထြက္မျဖစ္ မလုပ္မျဖစ္လုပ္ေနရတဲ့သူေတြကို အျပစ္မတင္ပါနဲ႔။ သင္တို႔ ေန႔စဥ္စားေနတဲ့ အစားအစာေတြ သင္တို႔ဆီေရာက္ေအာင္ လုပ္ေပးေနသူမရွိဘဲ ပိုက္ဆံရွိရင္ေတာင္ ေန႔စဥ္ ဘယ္သူမွ စားနိုင္မွာမဟုတ္ပါဘူး။ေၾကာက္ရင္ ဆင္ျခင္ရမယ့္ နည္းလမ္းေတြထဲ အေရးအႀကီးဆုံးက ဘာလဲ? Social Distancing ပါပဲ။ ျဖစ္နိုင္ရင္ ဘယ္သူ႔နားမွ မကပ္ပါနဲ႔ ေဝးေဝးကသာ စကားေျပာပါ။ လူထူရင္မသြားပါနဲ႔။ ျဖစ္နိုင္ရင္ အိမ္က လုပ္ပါ၊ ဖုန္းနဲ႔လုပ္ပါ၊ အင္တာနက္ေပၚကလုပ္ပါ။

ဒုတိယက ႏွာေခါင္းကို မပြတ္ဖို႔ သတိထားဖို႔ပါ။ တုတ္ေကြးအမ်ားစုဟာ ႏွာေခါင္းကို ပြတ္ရာက စတာခ်ည္းပါပဲ။ ယားမယ္ ပြတ္မယ္ အဲ့ကေန ႏွာေတြပူ မ်က္လုံးေတြ ပူလာမယ္။ ဒီေတာ့ ယားရင္ တစ္သၽွဴးအသစ္နဲ႔ အသာအယာသုတ္ပါ လက္ဗလာနဲ႔ မႏွိုက္ မပြတ္ပါနဲ႔။ လူႀကီးေတြမွာ ႏွာေခါင္းယားတတ္ရင္ ႏွာေခါင္းထဲက အေမႊး အရမ္းရွည္ၿပီး နံရံေထာက္တာ အျပင္ထြက္ေနတာေၾကာင့္ျဖစ္တတ္ပါတယ္၊ နည္းနည္းညႇပ္ေပးပါ။

လူအမ်ားအတင္းလုပ္ခိုင္းေနတဲ့ Mask ဟာ အေရးအႀကီးဆုံးမဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ အေၾကာင္းအမ်ားႀကီးပါ

၁၊ Mask တပ္ပုံ ခၽြတ္ပုံ မွန္ဖို႔လိုတာပါ၊ တပ္တဲ့အခါမွာ ႏွာေခါင္းျပားကို စိေနေအာင္ဖိဖို႔လိုၿပီး သူ႔ကေန ေလမဝင္ဖို႔လိုပါတယ္။ အဲ့လိုျဖစ္ဖို႔က ႏွာေခါင္းျပားေကာင္းဖို႔ လိုသလို နားသိုင္းႀကိဳး အရမ္းေခ်ာင္ေနလို႔မရပါဘူး။ Mask ရဲ့သေဘာတရားက အျမဲတပ္ၿပီး ခၽြတ္တာနဲ႔ ပစ္ရတာမ်ိဳးပါ။ ေလၽွာ္သုံးလို႔ရတဲ့ Mask ဆို ခၽြတ္တာနဲ႔ ဆပ္ျပာရည္ထဲ တန္းထည့္ရမွာပါ။

တပ္ထားတုန္းမွာ ေမးေစ့ဆြဲခ်ထားလို႔မရသလို Mask ရဲ့ နားသိုင္းႀကိဳးက မကိုင္ဘဲ အေရွ႕ကကိုင္ၿပီး ဆြဲခ်လိုက္ ျပန္တင္လိုက္ လုပ္လို႔လဲ မရပါဘူး။ ဘယ္လိုျဖဳတ္မလဲဆို နားသိုင္းႀကိဳးကိုပဲ ကိုင္ျဖဳတ္ရပါမယ္။ တျခားေနရာေတြကို လုံးဝမထိရပါ။ ဒီေတာ့ လုံးဝမေနနိုင္လို႔ ခဏျဖဳတ္ခ်င္ရင္ ေမးေစ့ဆြဲမခ်ပါနဲ႔ နားသိုင္းႀကိဳးကျဖဳတ္ၿပီး အသာ ကိုင္ထားပါ။ Mask အတြင္းပိုင္းကို သူမ်ားရဲ့ ေလေတြ တတ္နိုင္သေလာက္မထိေအာင္ထားပါ။

၂၊ Mask ရဲ့ ကြာလတီပါ။ဘယ္လိုကြာလတီသုံးလဲေပၚမူတည္ၿပီး ဘယ္ေလာက္နီးရင္ ကာနိုင္မလဲဆိုတာ မတူပါဘူး။ N95 ကို ေသခ်ာတပ္ထားရင္ ကပ္ၿပီး ေခ်ာင္းဆိုးတာေတာင္ ကာနိုင္ေပမယ့္ ထြင္းေဖါက္ျမင္တဲ့ တစ္လႊာ ႏွစ္လႊာေတြဆို ၃ ေပ ေတာင္ ကာနိုင္ပါ့မလား မေသခ်ာပါ။

၃၊ Mask ၾကာၾကာတပ္နိုင္ခ်ိန္ပါ၊ လူတစ္ေယာက္နဲ႔ တစ္ေယာက္မတူသလို ရာသီဥတုပူရင္လဲ အျမဲတပ္ထားဖို႔ ျဖစ္နိုင္ပါ့မလား စဥ္းစားဖို႔လိုပါတယ္။ တပ္ဖူးသူတိုင္းသိတဲ့ ကိစၥပါ။ မခံနိုင္ရင္ ခၽြတ္လိုက္ တပ္လိုက္ လုပ္ေနတာနဲ႔ အျပည့္အဝမလုံတဲ့အျပင္ ပိုဆိုးသြားနိုင္ပါတယ္။

၄၊ Mask ကုန္က်စရိတ္ပါ။ တစ္ရက္ႏွစ္ရက္မသိသာေပမယ့္ ကြာလတီေကာင္းသုံးမယ္ဆို တစ္ေန႔ တစ္ခုေတာင္ ေရရွည္မလြယ္ပါဘူး။ဒီအခ်က္ေတြေၾကာင့္ မကူးခ်င္ရင္ Mask ထက္ပိုလုပ္လို႔လြယ္တာ အေပၚက ၂ ခ်က္ပါ။ အဲ့ ၂ ခ်က္ကို မေရွာင္နိုင္ပဲ လုပ္ရေတာ့မယ္ဆိုရင္ Mask ကိုသုံးပါ။ေနာက္ဆုံးအခ်က္ကေတာ့ လက္ေဆးတာပါ။ လက္ေဆးတာထက္ တတ္နိုင္သေလာက္ လူအမ်ားသုံးပစၥည္းေတြ မကိုင္တာ ပိုေကာင္းပါတယ္။ အထူးသျဖင့္ ေနေရာင္ရတဲ့ေနရာထက္ ေနေရာင္မထိတဲ့ေနရာေတြ အဲကြန္းခန္းထဲက ပစၥည္းေတြကို သတိထားပါ။

အေပၚမွာေျပာခဲ့သလိုပါပဲ။ စားဝတ္ေနေရးအတြက္ လူေတြ အလုပ္လုပ္ေနဖို႔လိုပါတယ္။ သင္ဝယ္နိုင္ရင္ေတာင္ ဝယ္စရာပစၥည္း သင့္ပတ္ဝန္းက်င္မွာမရွိေတာ့ရင္၊ ထြက္တဲ့ေနရာက သင့္ဆီပို႔ေပးမယ့္သူ မရွိေတာ့ရင္ ဒုကၡမ်ားမွာပါ။ဒီသေဘာေလးကို နားလည္ရင္ လူေတြ ကိုဗစ္နဲ႔ မၽွတစြါ ယွဥ္တြဲေနထိုင္နိုင္မွာပါ။ ဒီမိုကေရစီစံႏႈန္းအရ ေၾကာက္တတ္သူေရာ မေၾကာက္တတ္သူေရာ အားလုံး အဆင္ေျပၾကပါေစ

ေဒါက္တာေက်ာ္ေက်ာ္စိုင္း (M.B.,B.S. IM1)

unicode

နေ့စဉ် ၁၀၀-၂၀၀ ကြား ထိန်းနိုင်ရင် အခြေအနေ အရမ်းကောင်းပါတယ်။ အားလုံးမပိတ်ဘဲ အဲ့လောက်မှာ ထိန်းနိုင်တယ်ဆို အရမ်းအောင်မြင်တယ်လို့ပြောလို့ရပါတယ်။ ၃၀၀-၄၀၀ ကြားဆိုတာ သွေးလန့်ရမယ့် အခြေအနေမဟုတ်ပါဘူး။ ဘာမှ ကြီးကြီးကျယ်ကျယ်မပိတ်ဘဲ အဲ့လောက်မှာ နေနိုင်ရင် အောင်မြင်ပါတယ်။

ကြောက်တဲ့သူများ ကိုယ့်ဟာကိုယ်ဆင်ခြင်ပါ။ မထွက်မဖြစ် မလုပ်မဖြစ်လုပ်နေရတဲ့သူတွေကို အပြစ်မတင်ပါနဲ့။ သင်တို့ နေ့စဉ်စားနေတဲ့ အစားအစာတွေ သင်တို့ဆီရောက်အောင် လုပ်ပေးနေသူမရှိဘဲ ပိုက်ဆံရှိရင်တောင် နေ့စဉ် ဘယ်သူမှ စားနိုင်မှာမဟုတ်ပါဘူး။ကြောက်ရင် ဆင်ခြင်ရမယ့် နည်းလမ်းတွေထဲ အရေးအကြီးဆုံးက ဘာလဲ? Social Distancing ပါပဲ။ ဖြစ်နိုင်ရင် ဘယ်သူ့နားမှ မကပ်ပါနဲ့ ဝေးဝေးကသာ စကားပြောပါ။ လူထူရင်မသွားပါနဲ့။ ဖြစ်နိုင်ရင် အိမ်က လုပ်ပါ၊ ဖုန်းနဲ့လုပ်ပါ၊ အင်တာနက်ပေါ်ကလုပ်ပါ။

ဒုတိယက နှာခေါင်းကို မပွတ်ဖို့ သတိထားဖို့ပါ။ တုတ်ကွေးအများစုဟာ နှာခေါင်းကို ပွတ်ရာက စတာချည်းပါပဲ။ ယားမယ် ပွတ်မယ် အဲ့ကနေ နှာတွေပူ မျက်လုံးတွေ ပူလာမယ်။ ဒီတော့ ယားရင် တစ်သျှူးအသစ်နဲ့ အသာအယာသုတ်ပါ လက်ဗလာနဲ့ မနှိုက် မပွတ်ပါနဲ့။ လူကြီးတွေမှာ နှာခေါင်းယားတတ်ရင် နှာခေါင်းထဲက အမွှေး အရမ်းရှည်ပြီး နံရံထောက်တာ အပြင်ထွက်နေတာကြောင့်ဖြစ်တတ်ပါတယ်၊ နည်းနည်းညှပ်ပေးပါ။

လူအများအတင်းလုပ်ခိုင်းနေတဲ့ Mask ဟာ အရေးအကြီးဆုံးမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အကြောင်းအများကြီးပါ

၁၊ Mask တပ်ပုံ ချွတ်ပုံ မှန်ဖို့လိုတာပါ၊ တပ်တဲ့အခါမှာ နှာခေါင်းပြားကို စိနေအောင်ဖိဖို့လိုပြီး သူ့ကနေ လေမဝင်ဖို့လိုပါတယ်။ အဲ့လိုဖြစ်ဖို့က နှာခေါင်းပြားကောင်းဖို့ လိုသလို နားသိုင်းကြိုး အရမ်းချောင်နေလို့မရပါဘူး။ Mask ရဲ့သဘောတရားက အမြဲတပ်ပြီး ချွတ်တာနဲ့ ပစ်ရတာမျိုးပါ။ လျှော်သုံးလို့ရတဲ့ Mask ဆို ချွတ်တာနဲ့ ဆပ်ပြာရည်ထဲ တန်းထည့်ရမှာပါ။

တပ်ထားတုန်းမှာ မေးစေ့ဆွဲချထားလို့မရသလို Mask ရဲ့ နားသိုင်းကြိုးက မကိုင်ဘဲ အရှေ့ကကိုင်ပြီး ဆွဲချလိုက် ပြန်တင်လိုက် လုပ်လို့လဲ မရပါဘူး။ ဘယ်လိုဖြုတ်မလဲဆို နားသိုင်းကြိုးကိုပဲ ကိုင်ဖြုတ်ရပါမယ်။ တခြားနေရာတွေကို လုံးဝမထိရပါ။ ဒီတော့ လုံးဝမနေနိုင်လို့ ခဏဖြုတ်ချင်ရင် မေးစေ့ဆွဲမချပါနဲ့ နားသိုင်းကြိုးကဖြုတ်ပြီး အသာ ကိုင်ထားပါ။ Mask အတွင်းပိုင်းကို သူများရဲ့ လေတွေ တတ်နိုင်သလောက်မထိအောင်ထားပါ။

၂၊ Mask ရဲ့ ကွာလတီပါ။ဘယ်လိုကွာလတီသုံးလဲပေါ်မူတည်ပြီး ဘယ်လောက်နီးရင် ကာနိုင်မလဲဆိုတာ မတူပါဘူး။ N95 ကို သေချာတပ်ထားရင် ကပ်ပြီး ချောင်းဆိုးတာတောင် ကာနိုင်ပေမယ့် ထွင်းဖေါက်မြင်တဲ့ တစ်လွှာ နှစ်လွှာတွေဆို ၃ ပေ တောင် ကာနိုင်ပါ့မလား မသေချာပါ။

၃၊ Mask ကြာကြာတပ်နိုင်ချိန်ပါ၊ လူတစ်ယောက်နဲ့ တစ်ယောက်မတူသလို ရာသီဥတုပူရင်လဲ အမြဲတပ်ထားဖို့ ဖြစ်နိုင်ပါ့မလား စဉ်းစားဖို့လိုပါတယ်။ တပ်ဖူးသူတိုင်းသိတဲ့ ကိစ္စပါ။ မခံနိုင်ရင် ချွတ်လိုက် တပ်လိုက် လုပ်နေတာနဲ့ အပြည့်အဝမလုံတဲ့အပြင် ပိုဆိုးသွားနိုင်ပါတယ်။

၄၊ Mask ကုန်ကျစရိတ်ပါ။ တစ်ရက်နှစ်ရက်မသိသာပေမယ့် ကွာလတီကောင်းသုံးမယ်ဆို တစ်နေ့ တစ်ခုတောင် ရေရှည်မလွယ်ပါဘူး။ဒီအချက်တွေကြောင့် မကူးချင်ရင် Mask ထက်ပိုလုပ်လို့လွယ်တာ အပေါ်က ၂ ချက်ပါ။ အဲ့ ၂ ချက်ကို မရှောင်နိုင်ပဲ လုပ်ရတော့မယ်ဆိုရင် Mask ကိုသုံးပါ။နောက်ဆုံးအချက်ကတော့ လက်ဆေးတာပါ။ လက်ဆေးတာထက် တတ်နိုင်သလောက် လူအများသုံးပစ္စည်းတွေ မကိုင်တာ ပိုကောင်းပါတယ်။ အထူးသဖြင့် နေရောင်ရတဲ့နေရာထက် နေရောင်မထိတဲ့နေရာတွေ အဲကွန်းခန်းထဲက ပစ္စည်းတွေကို သတိထားပါ။

အပေါ်မှာပြောခဲ့သလိုပါပဲ။ စားဝတ်နေရေးအတွက် လူတွေ အလုပ်လုပ်နေဖို့လိုပါတယ်။ သင်ဝယ်နိုင်ရင်တောင် ဝယ်စရာပစ္စည်း သင့်ပတ်ဝန်းကျင်မှာမရှိတော့ရင်၊ ထွက်တဲ့နေရာက သင့်ဆီပို့ပေးမယ့်သူ မရှိတော့ရင် ဒုက္ခများမှာပါ။ဒီသဘောလေးကို နားလည်ရင် လူတွေ ကိုဗစ်နဲ့ မျှတစွါ ယှဉ်တွဲနေထိုင်နိုင်မှာပါ။ ဒီမိုကရေစီစံနှုန်းအရ ကြောက်တတ်သူရော မကြောက်တတ်သူရော အားလုံး အဆင်ပြေကြပါစေ

ဒေါက်တာကျော်ကျော်စိုင်း (M.B.,B.S. IM1)