မုံ႐ြာၿမိဳ႕တြင္ ကိုဗစ္စည္း ကမ္း မလိုက္ နာသည့္ ဆိုင္ ၄၅ ဆိုင္ ကို ဒဏ္႐ိုက္အေရး ယူ

စစ္ကိုင္း တိုင္း၊ မုံ႐ြာၿမိဳ႕မွာ ဩဂုတ္လအတြင္း ကိုဗစ္-၁၉ ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရးနဲ႔ပတ္သက္ၿပီး ထုတ္ျပန္ထားတဲ့ စည္းကမ္းခ်က္ေတြ မလိုက္နာတဲ့ ဆိုင္ ၄၅ ဆိုင္ကို ဒဏ္ေငြ႐ိုက္ၿပီး အေရးယူထားပါတယ္။ မုံ႐ြာၿမိဳ႕မွာ ဖြင့္လွစ္ေရာင္းခ်ေနတဲ့ လက္ဖက္ရည္ဆိုင္ေတြနဲ႔စားေသာက္ဆိုင္ေတြကို ကိုဗစ္ထိန္းခ်ဳပ္ေရးကာလ ထုတ္ျပန္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းခ်က္‌ေတြနဲ႔ ညီ၊ မညီ ဩဂုတ္လအတြင္း ေရွာင္တခင္ ဝင္ေရာက္စစ္ေဆးရာမွာ ဆိုင္ေပါင္း ၄၅ ဆိုင္ကို စည္းကမ္းခ်က္နဲ႔မညီတဲ့အတြက္ အေရးယူတာလို႔ မုံ႐ြာၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕ ဒုဦးစီမႉး ဦးမင္းမင္းသန႔္က ေျပာပါတယ္။

“စီမံခန႔္ခြဲေရးဥပေဒအရအေရးယူတာပါ။ စည္းကမ္းမလိုက္နာတဲ့ဆိုင္ကို ဒဏ္ေငြ ၅၀၀၀ ႐ိုက္ပါတယ္။ အရင္ကေတာ့ ထုတ္ျပန္ထားတဲ့ စည္းကမ္းခ်က္ေတြနဲ႔အညီ ေရာင္းခ်ဖို႔ ခံဝန္ထိုးခိုင္းတယ္။ အခုေနာက္ပိုင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ ဒဏ္ေငြ႐ိုက္တာပါ။” ဒဏ္႐ိုက္အေရးယူခံရတဲ့ ဆိုင္ ၄၅ ဆိုင္ထဲမွာ လက္ဖက္ရည္ဆိုင္ေတြ အမ်ားဆုံးျဖစ္တယ္လို႔ သိရၿပီး ဒုတိယအႀကိမ္စစ္ေဆးလို႔ စည္းကမ္းမလိုက္နာတာ ေတြ႕ရွိရရင္ေတာ့ ဆိုင္ ၃ ရက္ ပိတ္နားရမယ္လို႔ သိရပါတယ္။

အခုလို ေရွာင္တခင္စစ္ေဆးမႈေတြကို ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနနဲ႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာနတို႔က ပူးေပါင္းေဆာင္႐ြက္တာပါ။ မုံ႐ြာၿမိဳ႕မွာ လက္ဖက္ရည္ဆိုင္ေတြနဲ႔ စားေသာက္ဆိုင္ေတြကို ၿပီးခဲ့တဲ့ဇြန္လကစၿပီး က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက စည္းကမ္းသတ္မွတ္ခ်က္ေတြနဲ႔အညီ ဆိုင္ထိုင္ စားေသာက္တာကို ေရာင္းခ်ခြင့္ျပဳခဲ့တာလည္း ျဖစ္ပါတယ္။

ဒီဗြီဘီ

unicode

စစ်ကိုင်း တိုင်း၊ မုံရွာမြို့မှာ ဩဂုတ်လအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ မလိုက်နာတဲ့ ဆိုင် ၄၅ ဆိုင်ကို ဒဏ်ငွေရိုက်ပြီး အရေးယူထားပါတယ်။ မုံရွာမြို့မှာ ဖွင့်လှစ်ရောင်းချနေတဲ့ လက်ဖက်ရည်ဆိုင်တွေနဲ့စားသောက်ဆိုင်တွေကို ကိုဗစ်ထိန်းချုပ်ရေးကာလ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းချက်‌တွေနဲ့ ညီ၊ မညီ ဩဂုတ်လအတွင်း ရှောင်တခင် ဝင်ရောက်စစ်ဆေးရာမှာ ဆိုင်ပေါင်း ၄၅ ဆိုင်ကို စည်းကမ်းချက်နဲ့မညီတဲ့အတွက် အရေးယူတာလို့ မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီမှူး ဦးမင်းမင်းသန့်က ပြောပါတယ်။

“စီမံခန့်ခွဲရေးဥပဒေအရအရေးယူတာပါ။ စည်းကမ်းမလိုက်နာတဲ့ဆိုင်ကို ဒဏ်ငွေ ၅၀၀၀ ရိုက်ပါတယ်။ အရင်ကတော့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ရောင်းချဖို့ ခံဝန်ထိုးခိုင်းတယ်။ အခုနောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဒဏ်ငွေရိုက်တာပါ။” ဒဏ်ရိုက်အရေးယူခံရတဲ့ ဆိုင် ၄၅ ဆိုင်ထဲမှာ လက်ဖက်ရည်ဆိုင်တွေ အများဆုံးဖြစ်တယ်လို့ သိရပြီး ဒုတိယအကြိမ်စစ်ဆေးလို့ စည်းကမ်းမလိုက်နာတာ တွေ့ရှိရရင်တော့ ဆိုင် ၃ ရက် ပိတ်နားရမယ်လို့ သိရပါတယ်။

အခုလို ရှောင်တခင်စစ်ဆေးမှုတွေကို မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်တာပါ။ မုံရွာမြို့မှာ လက်ဖက်ရည်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ပြီးခဲ့တဲ့ဇွန်လကစပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ဆိုင်ထိုင် စားသောက်တာကို ရောင်းချခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဗွီဘီ