လှူဒါန်းခဲ့ တဲ့ ထီလက်မှတ်တွေထဲကနေ သိန်းဆု ဆွတ်ခူးနိုင်ခဲ့လို့ ဝမ်းသာနေတဲ့ ယုန်လေး


ယုန်လေး ဟာ ဒီလအစောပိုင်းမှာထွက်ရှိခဲ့တဲ့ Video ကြောင့် အပြင်းအထန်ဝေဖန်မှုတွေခံခဲ့ရအပြီး မွေးနေ့အကြိုအလှူအဖြစ် ထီလက်မှတ်နဲ့ ဆန် များမျှဝေခဲ့တာပါယနေ့ မှာတော့ လူရွှင်တော် ဦးဧရာဆီကဝယ်ယူအားပေးထားတဲ့ ထီလက်မှတ်တွေထဲက သိန်းဆုများပေါက်တဲ့အကြောင်း သူ့ရဲ့လူမှုကွန်ယက်မှာမျှဝေလာခဲ့တာဖြစ်ပါတယ်



Yin Khat Pan

unicode

ပ ရိသတ်ကြီးရေ.. အဆိုတော်သရုပ်ဆောင်ဖြစ်သလို ဒါရိုက်တာအဖြစ်လည်း လုပ်ဆောင်နေတဲ့ အဆိုတော်ယုန်လေးကတော့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို လိုအပ်နေသူတွေအတွက် အမြဲသင့်ရှိကာ ကူညီပေးတတ်တဲ့ မွန်မြတ်ကောင်းမွန်တဲ့ စိတ်နှလုံးလေးကိုလည်း ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်နော်..။

ယုန်လေး ဟာ ဒီလအစောပိုင်းမှာထွက်ရှိခဲ့တဲ့ Video ကြောင့် အပြင်းအထန်ဝေဖန်မှုတွေခံခဲ့ရအပြီး မွေးနေ့အကြိုအလှူအဖြစ် ထီလက်မှတ်နဲ့ ဆန် များမျှဝေခဲ့တာပါယနေ့ မှာတော့ လူရွှင်တော် ဦးဧရာဆီကဝယ်ယူအားပေးထားတဲ့ ထီလက်မှတ်တွေထဲက သိန်းဆုများပေါက်တဲ့အကြောင်း သူ့ရဲ့လူမှုကွန်ယက်မှာမျှဝေလာခဲ့တာဖြစ်ပါတယိ

ယုန်လေးက “ဆုကြီး မပါပေမယ့် ပီတိဖြစ်ပါတယ်.အစောကြီးထဲကလည်း ဆုကြီးတွေ မမှန်းထားပါဘူး .လိုက်လှူတဲ့ ထဲက အခု ၅ သောင်းဆု ၁၅ ဆုကျော်ပါနေပါပြီ ။ ၁သိန်းဆု တစ်ဆု ပါနေပါပြီ .၃ စောင်တွဲလုံးမှာ ၃ စောင်လုံးပေါက်တာ ၃ ယောက်ရှိပြီ .နောက် အစောင် ၇၀၀ ကျော်ကျန်သေးလို့ထပ်တိုက်နေပါတယ် . ပေါက်တဲ့ နံပတ်တွေ အားလုံးတိုက်ပြီးရင် တင်ပေးပါမယ် .ဘာပဲဖြစ်ဖြစ် ထီ လက်မှတ်လိုက် ဝေထားတာ တကယ်လိုအပ်တဲ့ သူတွေကြီးပဲ ဖြစ်လို့ ၅သောင်း ၁သိန်းလည်း သူတို့ပျော်ကျမှာပါ .ထပ်ပြီး တော့ ၅သိန်း ၁၀ သိန်း လောက်လေး တစ်ယောယောက် ထပ်ပါရင်ပိုကောင်းမယ်ဗျာ .ကျန်တဲ့ အစောင် ၇၀၀ ကျော်ကို ရင်ခုန်စွာစောင့်ဆိုင်း . ” ဆိုပြီး လူမှုကွန်ယက်မှာမျှဝေလာခဲ့တာပါ ပရိသတ်ကြီးရေ

ယုန်လေးကတော့ သူလှူဒါန်းခဲ့တဲ့ ထီလက်မှတ်တွေ သိန်းဆု ဆွတ်ခူးခဲ့တာကြောင့် ဝမ်းသာနေခဲ့တာပါနော် ပရိသတ်ကြီးလည်း ယုန်လေးရဲ့ အလှူဒါနကို သာဓုခေါ်နိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်နော်

Yin Khat Pan