ယုန်လေးရဲ့ MV ကို အကြောင်း ပြပြီး ဝေဖန်တိုက်ခိုက် လာသူကို ချက်ကျ လက်ကျ ပြန်လည် တုံ့ပြန်ခဲ့တဲ့ အဆိုတော် မိုးမိုး





Yin Khat Pan

unicode

အဆိုတော် မိုးမိုး ကတော့ သူ့ရဲ့ဂီတသက်တမ်း တစ်လျှောက်မှာ ပရိသတ်တွေ အားပေးရကျိုးနပ် စေတဲ့ သီချင်းကောင်းလေးတွေကိုသာ သီဆိုတတ်သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ လတ်တလော Covid ကာလတွေမှာ အနုပညာလုပ်ငန်းတွေရပ်နားထားတာကြောင့် မိုးမိုးတို့ ဇနီးမောင်နှံနှစ်ယောက် ဟော့ပေါ့ချက် ရောင်းရင်း အားလုံးရဲ့အားပေးမှုကိုရရှိနေခဲ့တာပါ။

မိုးမိုးဟာ ဝေဖန်မှု တွေပြင်းထန်စွာခံခဲ့ ရတဲ့ ယုန်လေးရဲ့ Music Video မှာပါဝင်သီ ဆိုခဲ့တာကြောင့် သူ့ရဲ့ငယ် ဘဝဓာတ်ပုံမှာ ပလိန်းကြီး လာရောက်တိုက်ခိုက်ပြောဆို လာမှုကို ချက်ကျလက်ကျ ပြန်လည်တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။

ထိုသူက မိုးမိုးနဲ့ ယုန်လေး တို့ရဲ့ ငယ်ဘဝဓာတ်ပုံအောက်မှာ “ခင်ဗျားတို့အဖွဲ့က ရူးကြောင်ကြောင် တွေ ဘာတွေထပ်ပြီး ပေါ်ပင် လုပ်ဦးမှာလဲ။ တော်ပါပြီဗျာ ထပ်မလုပ် ပါနဲ့တော့။ အလကားနေရင်း လူတွေကို အာရုံ မနောက်ပါနဲ့ ယုန်လေး သူငယ်ချင်းရယ်” ဆိုပြီး ပြောလာပါတယ်။ ထိုအကြောင်းနဲ့ ပက်သတ်ပြီး မိုးမိုးက “တစ်သက်လုံး ငါလုပ်တဲ့အလုပ်တွေ နှစ် (၂၀) နီးပါးရှိတယ်။ အေး ဟိုတစ်ခါ ယုန်လေးသီချင်းဖယ်လိုက်။ Political နဲ့ ပက်သတ်လို့ ဘယ်နှခါ ရူးကြောင်ကြောင်ရှိလဲ။ အမှား တစ်ခုလုပ်မိရင် တစ်သက်လုံး သုံးစားမရအောင် ဖိချင်နှိပ်ချင်တဲ့ မင်းတို့ စိတ်ဓာတ်က ူးနေသလား ငါတို့ကရူးနေသလား စဉ်းစားကွာ” ဆိုပြီး အချက်ကျကျ ပြန်ပြောခဲ့တာပဲ ဖြစ်ပါတယ်။

မိုးမိုးကတော့ သူ့အနုပညာ ကို စော်ကားလာတဲ့သူကို အချက်ကျကျ တုံ့ပြန်သွားခဲ့တာပါ ပရိသတ်ကြီးရေ…..လူမှုကွန်ယက်မှာ ရေပန်းစားနေ တာကြောင့် တင်ဆက်ပေးလိုက်ပါတယ်နော်။

Yin Khat Pan