ဝေဖန်မှုတွေရှိပေ မယ့် သူမ ရဲ့ ယုံကြည်ချက် ကို သာ ရှေ့ဆက်ပြီး အကောင်းဆုံးပြုလုပ်နေ တဲ့ ဖြူဖြူထွေး




unicode

ပရိသတ်တွေချစ်ကြ တဲ့ ဖြူဖြူထွေးကတော့ အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေများစွာ ဆွတ်ခူးရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အောင်မြင်မှုတွေ ရရှိနေသူပီပီ ဝေဖန်မှုတွေများစွာ ခံရတဲ့ ဖြူဖြူထွေးက ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဝေဖန်တိုက်ခိုက်မှုတွေ ခံခဲ့ရတာ ဖြစ်ပါတယ်။ဒါပေမယ့် ဖြူဖြူထွေးကတော့ သူမရဲ့အလုပ်ကိုသာ ရှေ့ဆက်ပြီး အကောင်းဆုံးသာ ပြုလုပ်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ကြော်ငြာတွေကို လက်မလည်အောင် ရိုက်ကူးနေရတဲ့ ဖြူဖြူထွေးက လတ်တလောမှာလည်း အလုပ်တွေကို နေ့ရောညပါကြိုးစားလုပ်ကိုင်နေလျက်ရှိပါတယ်။ဒီကနေ့မှာလည်း ဖြူဖြူထွေးက သူမရဲ့ ညသန်းခေါင်အထိ ရိုက်ကူးနေတဲ့ ကြော်ငြာရိုက်ကွင်းပေါ်က အမှတ်တရ ဗီဒီယိုလေးကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေပြီး မျှဝေထားတာပဲ ဖြစ်ပါတယ်။

ဖူဖြူထွေးကတော့ သူမကို မနာလိုက် တိုက်ခိုက်သူတွေရှိနေပေမယ့်လည်း အပြုံးမပျက်ပဲ အလုပ်တွေကို ကြိုးစားလုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ချစ်စရာကောင်းပြီး စိတ်ထားကောင်းတဲ့ ဖြူဖြူထွေးရဲ့ နောက်ထပ် အနုပညာလှုပ်ရှားမှုတွေကို စောင့်ကြည့်အားပေးပေးကြပါဦးနော်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။