ေဒၚေအာင္ဆန္းစုၾကည္ ၏ ကဗ်ာ (၃) ႀကိမ္ အတြင္း (၇၂) သိန္း အထိ ေလလံ ေဈးရေန

နိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ေရးသားထားတဲ့ ကဗ်ာဟာ လက္ရွိအခ်ိန္မွာ ေလလံေဈးက်ပ္ (၇၂) သိန္းအထိ ရရွိေနတယ္လို႔ ေလလံပြဲစီစဥ္သူ ဦးေမာင္ေမာင္ေအး က ေျပာပါတယ္၊၊

ဒီကဗ်ာဟာ ေလလံပိတ္မယ့္ စေနေန႔မွာ သိန္းရာေက်ာ္မယ္လို႔ ခံစားရေၾကာင္းလည္း ဦးေမာင္ေမာင္ေအးက အခုလိုေျပာပါတယ္၊၊

“ ပထမဦးဆုံး (၅၄) သိန္းစေပးတယ္။ တစ္ေန႔ညက ၊ မေန႔ကတစ္ေယာက္ ကေတာ့ (၆၃) သိန္း ၊ ၿပီးေတာ့ခုတစ္ေယာက္က (၇၂) သိန္း၊ ေလလံကေတာ့ (၃) ႀကိမ္ထိုးၿပီးပါၿပီ ။ စေနေန႔ည အထိမွာေတာ့ ဘယ္ေလာက္ထိျဖစ္မယ္ဆိုတာ ကၽြန္ေတာ္မသိရွိပါဘူး။ ဒါေပမဲ့ ေလလံလုပ္ခဲ့တဲ့သက္တမ္းမွာေတာ့ သိန္းရာေက်ာ္မယ္လို႔ ခံစားရပါတယ္၊၊ ကဗ်ာဆိုတာ အႏုပညာပါ နိုင္ငံေခါင္းေဆာင္ ၊ ကမၻာကလည္းေလးစားရတဲ့ နိုင္ငံေခါင္းေဆာင္တစ္ေယာက္ရဲ့ ကဗ်ာစာရြက္ကို သူတို႔အေနနဲ႔ သူတို႔ရဲ့ပိုင္ဆိုင္မႈကို ဒီထက္ပိုတန္ဖိုးထားတာဟာ သူတို႔တစ္ဘဝလုံးတင္မဟုတ္ဘူး သူတို႔သားစဥ္ ေျမးဆက္ဂုဏ္ယူစရာႀကီးေပါ့ေနာ္။ အဲ့လိုမ်ိဳးအႏုပညာပစၥည္းတစ္ခုအေနနဲ႔က်န္ေနမွာပါ” လို႔ ေမာင္ေမာင္ေအးကေျပာပါတယ္၊၊

ဒီကဗ်ာစာရြက္ ကေတာ့ ဒါရိုက္တာ မင္းထင္ကိုကိုႀကီး အတြက္ ၂၀၁၁ ခုႏွစ္တုန္းက ကဗ်ာပြဲေတာ္ကို ယူသြားဖို႔ ကဗ်ာဆရာေယာက္အေနနဲ႔ ေတာင္းခံခဲ့တာကို ေဒၚေအာင္ ဆန္းစုၾကည္ ကိုယ္တိုင္ လက္ေရးနဲ႔ ေရးသားေပးခဲ့တဲ့ကဗ်ာျဖစ္တယ္လို႔ ဆိုပါတယ္။

“30th June 2011 ေန႔ ညေနပိုင္း ၄ နာရီေလာက္က အမွတ္ ၅၄ အိမ္ထဲမွာ အ ေမစုကိုယ္တိုင္ ေပးခဲ့တာပါ။ ထမင္းစားခန္းထဲမွာ ေတြ႕ရတာပါ။ ကန္ေတာ့ခဲ့ပါေသးတယ္။ အျပင္မွာ ဦးဝင္းထိန္ရွိတယ္” ဟုဆိုသည္။

ဒါရိုက္တာ မင္းထင္ကိုကိုႀကီးက အန္နယ္လ္ဒီ အဖြဲ႕ခ်ဳပ္ဗဟိုေအာင္နိုင္ေရးအတြက္ စိတ္ႀကိဳက္သုံးစြဲနိုင္ဖို႔ရံပုံေငြအေနနဲ႔ ေလလံတင္ေရာင္းခ်ကာ လႉဒါန္းေပးသြားဖို႔ဆက္သြယ္လာတာပါ။ ေလလံပိတ္ခ်ိန္ကိုေတာ့ စက္တင္ဘာ (၅) ရက္ေန႔ ည (၉) နာရီအထိ သတ္မွတ္ထားတယ္လို႔ဆိုပါတယ္၊၊ဒီကဗ်ာစာရြက္ကိုေလလံေဈးက်ပ္ (၅၄) သိန္း ၾကမ္းခင္းေဈး အေနနဲ႔ သတ္မွတ္ရတာ ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ ရဲ့ ၿခံအမွတ္ (၅၄) ကို အမွတ္တရျဖစ္ ေအာင္ သတ္မွတ္တာျဖစ္တယ္လို႔ဆိုပါတယ္။

unicode

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးသားထားတဲ့ ကဗျာဟာ လက်ရှိအချိန်မှာ လေလံဈေးကျပ် (၇၂) သိန်းအထိ ရရှိနေတယ်လို့ လေလံပွဲစီစဉ်သူ ဦးမောင်မောင်အေး က ပြောပါတယ်၊၊

ဒီကဗျာဟာ လေလံပိတ်မယ့် စနေနေ့မှာ သိန်းရာကျော်မယ်လို့ ခံစားရကြောင်းလည်း ဦးမောင်မောင်အေးက အခုလိုပြောပါတယ်၊၊

“ ပထမဦးဆုံး (၅၄) သိန်းစပေးတယ်။ တစ်နေ့ညက ၊ မနေ့ကတစ်ယောက် ကတော့ (၆၃) သိန်း ၊ ပြီးတော့ခုတစ်ယောက်က (၇၂) သိန်း၊ လေလံကတော့ (၃) ကြိမ်ထိုးပြီးပါပြီ ။ စနေနေ့ည အထိမှာတော့ ဘယ်လောက်ထိဖြစ်မယ်ဆိုတာ ကျွန်တော်မသိရှိပါဘူး။ ဒါပေမဲ့ လေလံလုပ်ခဲ့တဲ့သက်တမ်းမှာတော့ သိန်းရာကျော်မယ်လို့ ခံစားရပါတယ်၊၊ ကဗျာဆိုတာ အနုပညာပါ နိုင်ငံခေါင်းဆောင် ၊ ကမ္ဘာကလည်းလေးစားရတဲ့ နိုင်ငံခေါင်းဆောင်တစ်ယောက်ရဲ့ ကဗျာစာရွက်ကို သူတို့အနေနဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုကို ဒီထက်ပိုတန်ဖိုးထားတာဟာ သူတို့တစ်ဘဝလုံးတင်မဟုတ်ဘူး သူတို့သားစဉ် မြေးဆက်ဂုဏ်ယူစရာကြီးပေါ့နော်။ အဲ့လိုမျိုးအနုပညာပစ္စည်းတစ်ခုအနေနဲ့ကျန်နေမှာပါ” လို့ မောင်မောင်အေးကပြောပါတယ်၊၊

ဒီကဗျာစာရွက် ကတော့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး အတွက် ၂၀၁၁ ခုနှစ်တုန်းက ကဗျာပွဲတော်ကို ယူသွားဖို့ ကဗျာဆရာယောက်အနေနဲ့ တောင်းခံခဲ့တာကို ဒေါ်အောင် ဆန်းစုကြည် ကိုယ်တိုင် လက်ရေးနဲ့ ရေးသားပေးခဲ့တဲ့ကဗျာဖြစ်တယ်လို့ ဆိုပါတယ်။

“30th June 2011 နေ့ ညနေပိုင်း ၄ နာရီလောက်က အမှတ် ၅၄ အိမ်ထဲမှာ အ မေစုကိုယ်တိုင် ပေးခဲ့တာပါ။ ထမင်းစားခန်းထဲမှာ တွေ့ရတာပါ။ ကန်တော့ခဲ့ပါသေးတယ်။ အပြင်မှာ ဦးဝင်းထိန်ရှိတယ်” ဟုဆိုသည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးက အန်နယ်လ်ဒီ အဖွဲ့ချုပ်ဗဟိုအောင်နိုင်ရေးအတွက် စိတ်ကြိုက်သုံးစွဲနိုင်ဖို့ရံပုံငွေအနေနဲ့ လေလံတင်ရောင်းချကာ လှူဒါန်းပေးသွားဖို့ဆက်သွယ်လာတာပါ။ လေလံပိတ်ချိန်ကိုတော့ စက်တင်ဘာ (၅) ရက်နေ့ ည (၉) နာရီအထိ သတ်မှတ်ထားတယ်လို့ဆိုပါတယ်၊၊

ဒီကဗျာစာရွက်ကိုလေလံဈေးကျပ် (၅၄) သိန်း ကြမ်းခင်းဈေး အနေနဲ့ သတ်မှတ်ရတာ ကတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခြံအမှတ် (၅၄) ကို အမှတ်တရဖြစ် အောင် သတ်မှတ်တာဖြစ်တယ်လို့ဆိုပါတယ်။