ၿမိတ္ ၿမိဳ႕မွာ ေရႊအတု ေတြ လိုက္လံ ေပါင္ႏွံ ေနတဲ့ ရန္ကုန္သား အဖြဲ႕ကို မိၿပီ

ၿမိတ္ၿမိဳ႕ရွိ ရတနာ ေရာင္းဝယ္ေရးဆိုင္ အခ်ိဳ႕မွာ ေရႊလက္ေကာက္အတုမ်ား လိုက္လံေပါင္ႏွံ ထားတဲ့အဖြဲ႕ကို ၾသဂုတ္လ ၃၀ ရက္ေန႔က ဖမ္းဆီးရ မိေၾကာင္းသိရပါတယ္။

ၿမိတ္ေတာင္ နယ္ေျမ၊ ေအာင္ဆန္းလမ္းမႀကီးမွာ ဖြင့္ထားတဲ့ “ေရႊဒီပါ” ရတနာေရႊဆိုင္မွာ အမ်ိဳးသား ၂ ဦးက ေရႊလက္ေကာက္ ၃ ကြင္း (၄ က်ပ္ခြဲသားခန႔္) ကို ၃၈ သိန္းျဖင့္လာေရာက္ေပါင္ႏွံခဲ့တာပါ။အဆိုပါ လက္ေကာက္ အား အရည္ေဖ် ာ္(အထည္ဖ်က္)ရန္ ညႇပ္ျဖတ္ရာ လက္ေကာက္ အတြင္းဘက္၌ ေရႊမဟုတ္ပဲ အျဖဴေရာင္ျဖစ္ေနေၾကာင္း သိရပါတယ္။

ျဖစ္စဥ္ႏွင္ ပတ္သက္ၿပီး ေရႊဆိုင္ပိုင္ရွင္မွ CCTV မွတ္တမ္းျဖင့္ ၿမိတ္ၿမိဳ႕မရဲစခန္း တြင္ တိုင္ၾကားရာ ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပ မွ ေအာင္ျမတ္သူ (ခ)နိုင္လင္းဦး (၃၀)ႏွစ္ အား ဖမ္းဆီးရမိၿပီး တစ္ဦးကထြက္ေျပးလြတ္ေျမာက္သြားေပမယ့္ ထားဝယ္ခရိုင္ သရက္ေခ်ာင္းၿမိဳ႕နယ္မွာ သက္ေသခံ ပစၥည္းမ်ားႏွင့္ အတူဖမ္းဆီးရမိေၾကာင္းသိရပါတယ္။

အလားတူ ျဖစ္စဥ္မ်ိဳး ၿမိတ္ေတာင္နယ္ေၿမ ၊ ၿမိဳ႕သစ္ေဈးမွ “ဟန္နီေအာင္ “ေရႊဆိုင္မွာ အေလးခ်ိန္ (၂ က်ပ္၊ ၇ ပဲ) ခန႔္ရွိတဲ့ လက္ေကာက္ကို ၂၅ သိန္းျဖင့္ လာေရာက္ေပါင္ႏွံသူ ရန္ကုန္တိုင္း၊ သကၤန္းကၽြန္း ၿမိဳ႕နယ္က ေအာင္ေဌး (၄၇) ႏွစ္ ဆိုသူကို ရဲတပ္ဖြဲမွ ဖမ္းဆီးရမိၿပီး ထပ္မံ စစ္ေဆးရာ ေနာက္ထပ္ ၂ ဦးကိုဖမ္းဆီးရ မိေၾကာင္းသိရပါတယ္။

ေရႊလက္ေကာက္ အတုမ်ား လိုက္လံေပါင္ႏွံသူေတြျဖစ္တဲ့ ခ်ိဳလင္း (၃၈) ႏွစ္၊ေက်ာ္စြာ (၂၅)ႏွစ္ ၊ေအာင္ေဌး (၄၇)ႏွစ္ ၊ ေအာင္ျမတ္သူ (ခ)နိုင္လင္းဦး(၃၀)ႏွစ္ ႏွင့္ ေအာင္ကိုလတ္ (၃၀)ႏွစ္ တို႔ကို ၿမိတ္ၿမိဳ႕မရဲစခန္းမွ ရာဇသတ္ႀကီးပုဒ္မ ၄၂၀/၄၆၈/ ၁၁၄ ျဖင့္ အေရးယူထားေၾကာင္းသိရပါတယ္။

ျမတ္ထြဋ္(ၿမိတ္)

unicode

မြိတ်မြို့ရှိ ရတနာ ရောင်းဝယ်ရေးဆိုင် အချို့မှာ ရွှေလက်ကောက်အတုများ လိုက်လံပေါင်နှံ ထားတဲ့အဖွဲ့ကို သြဂုတ်လ ၃၀ ရက်နေ့က ဖမ်းဆီးရ မိကြောင်းသိရပါတယ်။

မြိတ်တောင် နယ်မြေ၊ အောင်ဆန်းလမ်းမကြီးမှာ ဖွင့်ထားတဲ့ “ရွှေဒီပါ” ရတနာရွှေဆိုင်မှာ အမျိုးသား ၂ ဦးက ရွှေလက်ကောက် ၃ ကွင်း (၄ ကျပ်ခွဲသားခန့်) ကို ၃၈ သိန်းဖြင့်လာရောက်ပေါင်နှံခဲ့တာပါ။
အဆိုပါ လက်ကောက်အား အရည်ဖျေ ာ်(အထည်ဖျက်)ရန် ညှပ်ဖြတ်ရာ လက်ကောက် အတွင်းဘက်၌ ရွှေမဟုတ်ပဲ အဖြူရောင်ဖြစ်နေကြောင်း သိရပါတယ်။

ဖြစ်စဉ်နှင် ပတ်သက်ပြီး ရွှေဆိုင်ပိုင်ရှင်မှ CCTV မှတ်တမ်းဖြင့် မြိတ်မြို့မရဲစခန်း တွင် တိုင်ကြားရာ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ မှ အောင်မြတ်သူ (ခ)နိုင်လင်းဦး (၃၀)နှစ် အား ဖမ်းဆီးရမိပြီး တစ်ဦးကထွက်ပြေးလွတ်မြောက်သွားပေမယ့် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်မှာ သက်သေခံ ပစ္စည်းများနှင့် အတူဖမ်းဆီးရမိကြောင်းသိရပါတယ်။

အလားတူ ဖြစ်စဉ်မျိုး မြိတ်တောင်နယ်မြေ ၊ မြို့သစ်ဈေးမှ “ဟန်နီအောင် “ရွှေဆိုင်မှာ အလေးချိန် (၂ ကျပ်၊ ၇ ပဲ) ခန့်ရှိတဲ့ လက်ကောက်ကို ၂၅ သိန်းဖြင့် လာရောက်ပေါင်နှံသူ ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်း မြို့နယ်က အောင်ဌေး (၄၇) နှစ် ဆိုသူကို ရဲတပ်ဖွဲမှ ဖမ်းဆီးရမိပြီး ထပ်မံ စစ်ဆေးရာ နောက်ထပ် ၂ ဦးကိုဖမ်းဆီးရ မိကြောင်းသိရပါတယ်။

ရွှေလက်ကောက် အတုများ လိုက်လံပေါင်နှံသူတွေဖြစ်တဲ့ ချိုလင်း (၃၈) နှစ်၊ကျော်စွာ (၂၅)နှစ် ၊အောင်ဌေး (၄၇)နှစ် ၊ အောင်မြတ်သူ (ခ)နိုင်လင်းဦး(၃၀)နှစ် နှင့် အောင်ကိုလတ် (၃၀)နှစ် တို့ကို မြိတ်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈/ ၁၁၄ ဖြင့် အရေးယူထားကြောင်းသိရပါတယ်။

မြတ်ထွဋ်(မြိတ်)