ကံဆိုးမိုးေမွာင္က်မွာ ေၾကာက္လို႔ ႏွစ္ေပါင္း 80ခန္႔ ဆံပင္လံုးဝ မညႇပ္ဘဲ ေနထိုင္ ခဲ့တဲ့ 92ႏွစ္ အရြယ္ အဘိုးအို (႐ုပ္သံ)

ဗီယက္ နမ္ႏိုင္ငံ ၊ Mekong Delta ေဒသရဲ႕ေတာင္ ဖက္ပိုင္းမွာေနထိုင္တဲ့အသက္ 92 ႏွစ္အရြယ္ အဘိုးအိုဟာ ယံုၾကည္ကိုးကြယ္မႈေၾကာင့္ ႏွစ္ေပါင္း 80 ဝန္းက်င္ခန္႔ လံုးဝကို ဆံပင္မညႇပ္ခဲ့ပါဘူး ။ Nguyen Van Chein အမည္႐ွိတဲ့ အဘိုးအို ဟာ ဆံပင္ကို လံုးဝမညႇပ္ ၊ မၿဖီး ၊ မေလ်ွာ္ဘဲ ႏွစ္ေပါင္း 80 ခန္႔ေနထို င္ခဲ့တာပါ ။ ” ဆံပင္ညႇပ္လိုက္ရင္ ငါေသရ မွာလို႔ ယံုၾကည္ထားတယ္ ၊ ဘားတစ္ခုမွကို မေျပာင္းလဲရဲပါဘူး ၊ ဆံပင္ကိုေတာင္ မၿဖီးပါဘူး ၊ ေခါင္းစည္းပုဝါေလးနဲ႔အုပ္ထားၿပီး ဆံပင္ေတြကိုေျခာက္ၿပီး သန္႔႐ွင္းေအာင္ေတာ့ ဂ႐ုစိုက္ပါတယ္ ” ဆိုၿပီး အဘိုးအိုကေျပာျပခဲ့ပါတယ္ ။

‘ ကြၽန္ေတာ္ဆံပင္ မဲနက္ေနတဲ့ အခ်ိန္ကို သတိရေသးတယ္ ၊ ထူၿပီး ဆံပင္တအား သန္တယ္ ၊ ဆံပင္ကိုၿဖီး ခဲ့တယ္ ၊ မ႐ႈပ္ေအာင္လည္း အျမဲ႐ွင္းေနခဲ့တာ ၊ ဒါေပမဲ့ ဘုရားက ေခၚေနတာကိုအာရံုခံမိၿပီး ၾကားလိုက္မိတဲ့ ေနာက္မွာေတာ့ ငါအေရြးခံလိုက္ရၿပီးဆိုတာကို ခ်က္ခ်င္းသိခဲ့တယ္ ၊ ကြၽန္ေတာ္ ဆံပင္ကိုထိၾကည့္လိုက္တယ္ ၿပီးေတာ့ တစ္ညတည္း မွာပဲ ဆံပင္ကလံုးဝကိုမာေက်ာသြားတာ ၊ ဒီအတိုင္း သူ႔ဟာသူျဖစ္သြားတာပါ ‘ ဆိုၿပီး အဘိုးအိုက သူ႔ရဲ႕ဘဝဇာတ္ေၾကာင္းကို ႐ွင္းျပခဲ့ပါတယ္ ။

အဘိုးအို ဟာ Coconet Religion ဘာသာကိုယံုၾကည္ကိုးကြယ္ သူျဖစ္ၿပီး ၊ အဆိုပါဘာသာကို Nguyen Thanh Nam အမည္႐ွိတဲ့ ဗီယက္နမ္ရဲ႕ပညာသင္ ဆုရ႐ွိခဲ့တဲ့ ေက်ာင္းသားက 1963 ခုႏွစ္က စတင္တည္ေထာင္ခဲ့တာျဖစ္ပါတယ္ ။ ယံုၾကည္ကိုးကြယ္သူေပါင္း 3,500 ေက်ာ္ထိ႐ွိခဲ့ၿပီး 1975 ခုႏွစ္မွာေတာ့ အဆိုပါအဖြဲ႔ဟာ ျပန္လည္ၿပိဳကြဲသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

unicode

ဗီယက် နမ်နိုင်ငံ ၊ Mekong Delta ဒေသရဲ့တောင် ဖက်ပိုင်းမှာနေထိုင်တဲ့အသက် 92 နှစ်အရွယ် အဘိုးအိုဟာ ယုံကြည်ကိုးကွယ်မှုကြောင့် နှစ်ပေါင်း 80 ဝန်းကျင်ခန့် လုံးဝကို ဆံပင်မညှပ်ခဲ့ပါဘူး ။ Nguyen Van Chein အမည်ရှိတဲ့ အဘိုးအို ဟာ ဆံပင်ကို လုံးဝမညှပ် ၊ မဖြီး ၊ မလျှော်ဘဲ နှစ်ပေါင်း 80 ခန့်နေထို င်ခဲ့တာပါ ။ ” ဆံပင်ညှပ်လိုက်ရင် ငါသေရ မှာလို့ ယုံကြည်ထားတယ် ၊ ဘားတစ်ခုမှကို မပြောင်းလဲရဲပါဘူး ၊ ဆံပင်ကိုတောင် မဖြီးပါဘူး ၊ ခေါင်းစည်းပုဝါလေးနဲ့အုပ်ထားပြီး ဆံပင်တွေကိုခြောက်ပြီး သန့်ရှင်းအောင်တော့ ဂရုစိုက်ပါတယ် ” ဆိုပြီး အဘိုးအိုကပြောပြခဲ့ပါတယ် ။

‘ ကျွန်တော်ဆံပင် မဲနက်နေတဲ့ အချိန်ကို သတိရသေးတယ် ၊ ထူပြီး ဆံပင်တအား သန်တယ် ၊ ဆံပင်ကိုဖြီး ခဲ့တယ် ၊ မရှုပ်အောင်လည်း အမြဲရှင်းနေခဲ့တာ ၊ ဒါပေမဲ့ ဘုရားက ခေါ်နေတာကိုအာရုံခံမိပြီး ကြားလိုက်မိတဲ့ နောက်မှာတော့ ငါအရွေးခံလိုက်ရပြီးဆိုတာကို ချက်ချင်းသိခဲ့တယ် ၊ ကျွန်တော် ဆံပင်ကိုထိကြည့်လိုက်တယ် ပြီးတော့ တစ်ညတည်း မှာပဲ ဆံပင်ကလုံးဝကိုမာကျောသွားတာ ၊ ဒီအတိုင်း သူ့ဟာသူဖြစ်သွားတာပါ ‘ ဆိုပြီး အဘိုးအိုက သူ့ရဲ့ဘဝဇာတ်ကြောင်းကို ရှင်းပြခဲ့ပါတယ် ။

အဘိုးအို ဟာ Coconet Religion ဘာသာကိုယုံကြည်ကိုးကွယ် သူဖြစ်ပြီး ၊ အဆိုပါဘာသာကို Nguyen Thanh Nam အမည်ရှိတဲ့ ဗီယက်နမ်ရဲ့ပညာသင် ဆုရရှိခဲ့တဲ့ ကျောင်းသားက 1963 ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ် ။ ယုံကြည်ကိုးကွယ်သူပေါင်း 3,500 ကျော်ထိရှိခဲ့ပြီး 1975 ခုနှစ်မှာတော့ အဆိုပါအဖွဲ့ဟာ ပြန်လည်ပြိုကွဲသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)