ခင်လှိုင် ကိုယ်တိုင် ရိုက်ကူး မယ့် ဇာတ်ကားမှာ ဆံရစ်ဝိုင်း နဲ့ တောသူလေး အဖြစ် ပီပြင် စွာ သရုပ်ဆောင် နေတဲ့ ပိုင်ဖြိုးသု
unicode
ပိုင်ဖြိုးသု ကတော့ ဆရာဝန်မလေး တစ်ယောက်ဖြစ်ပေမယ့် သူမဝါသနာပါရာ အနုပညာ အလုပ်တွေကို အားသွန်ခွန်စိုက်လုပ်ကိုင် ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုက အကယ်ဒမီ ဆုကြီးတစ်ဆုကို လက်ဝယ်ပိုင်ဆိုင်ထားပြီး “မီ”၊ “မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်”၊ “ထာဝရနှောင်ကြိုး” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သူမရဲ့ အနုပညာအရည်အသွေးကို ပရိသတ်တွေဆီ ချပြနိုင်ခဲ့တာပဲ
ဖြစ်ပါတယ်။ ပိုင်ဖြိုးသု ကတော့ အိမ်ထောင်ကျပြီး အမျိုးသမီး တစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ခင်ပွန်း ဒါရို်က်တာဏကြီးနဲ့ အတူတူ ပရိသတ်တွေ ကြည့်ရှုရကျိုးနပ် စေမယ့် အနုပညာတွေကို ချပြဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုက လက်ရှိမှာတော့ ဒါရိုက်တာ ခင်လှိုင် ရိုက်ကူးတဲ့ “ဆိုးပေ” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ဇာတ်ကားမပြသခင် ဇာတ်ကောင်ရဲ့
ပုံစံတွေကို သိပ်ပြီး ချပြလေ့မရှိတဲ့ ပိုင်ဖြိုးသုက ဒီကနေ့မှာတော့ “ဆိုးပေ” ဇာတ်လမ်းတွဲမှာ ဆံရစ်ဝိုင်းနဲ့ တောသူလေး အဖြစ် သေချာပြင်ဆင် အားထုတ် ထားတဲ့ သူမရဲ့ ပုံရိပ်လေးကို ပရိသတ်တွေဆီ ချပြလာပါတယ်။ ပိုင်ဖြိုးသုကတော့ လက်ရှိမှာ “ဆိုးပေ” ဇာတ်လမ်းတွဲကို ရိုက်ကူးပေးနေသလို မကြာခင်မှာတော့
သူမရဲ့ ရိုက်ကူး လက်စဖြစ်တဲ့ “ချစ်ခင်စမှော်ရုံ” ရုပ်ရှင် ဇာတ်ကားကြီးမှာ ဆက်လက် သရုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်ဖြိုးသုရဲ့ ဇာတ်ကားလေး တွေ ထွက်ရှိလာရင် အားပေးကြဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။