တ႐ုတ္ တြင္ ႏွာေခါင္း စည္းမ်ား ဝတ္ဆင္ စရာ မလိုဘဲ စာသင္ ေက်ာင္းမ်ား ျပန္ ဖြင့္

တ႐ုတ္ နိုင္ငံရဲ့ၿမိဳ႕ႀကီးေတြမွာ အေျခခံ ပညာ၊ အလယ္တန္း နဲ႔ အထက္တန္းေက်ာင္းေတြ ျပန္ဖြင့္တဲ့ အခ်ိန္မွာ ေက်ာင္းသားေတြဟာ ႏွာေခါင္းစည္း ဝတ္ဆင္စရာ မလိုသလို လူစုလူေဝးေရွာင္ရွားတာမ်ိဳးလည္းလုပ္စရာမလိုတာကို ျမင္ေတြ႕ခဲ့ၾကရတယ္လို႔ သိရပါတယ္။

တခ်ိဳ႕ေက်ာင္းေတြ မွာေတာ့ ႏွာေခါင္းစည္း ဝတ္ဆင္ျခင္းနဲ႔ အပူခ်ိန္တိုင္းတာ မ်ိဳးေတြ ရွိေနဆဲျဖစ္တာကို ျမင္ေတြ႕ရပါတယ္။ ကပ္ေရာဂါစတင္ျဖစ္ပြား ခဲ့ရာဝူဟန္ၿမိဳ႕မွာေတာ့ ေက်ာင္းသား ၁.၄ သန္းေလာက္က ေက်ာင္းျပန္တက္ၾကၿပီျဖစ္ပါတယ္။ လူမႈကြန္ရက္ မီဒီယာေပၚကဓာတ္ပုံေတြမွာ အလံတင္ပြဲ အတြက္ စု႐ုံးေနၾကတဲ့ ေက်ာင္းသားေတြကို ျမင္ေတြ႕နိုင္ပါတယ္။ဝူဟန္ၿမိဳ႕၊ ခ်ဳံကင္းၿမိဳ႕နဲ႔ ေပက်င္းၿမိဳ႕က ေက်ာင္းေတြမွာ အလံတင္ အခမ္းအနားေတြ၊ ျပန္လည္ႀကိဳဆိုပြဲေတြနဲ႔ ခ်ီတက္လမ္းေလၽွာက္ပြဲေတြလုပ္ေဆာင္ခဲ့ၾကပါတယ္။

တခ်ိဳ႕ေက်ာင္းေတြက ဇူလိုင္လ ကတည္းက ျပန္ဖြင့္နိုင္ခဲ့တာျဖစ္ပါတယ္။အလားတူပဲ စေကာ့တလန္၊ အဂၤလန္နဲ႔ ေဝလျပည္နယ္က စာသင္ေက်ာင္းေတြ ကိုလည္း စည္းမ်ဥ္း ကန႔္သတ္ခ်က္ေတြနဲ ႔အတူ ျပန္ဖြင့္ေပးထားၿပီျဖစ္တယ္လို႔ သိရပါတယ္။

source : Asteria

unicode

တရုတ် နိုင်ငံရဲ့မြို့ကြီးတွေမှာ အခြေခံ ပညာ၊ အလယ်တန်း နဲ့ အထက်တန်းကျောင်းတွေ ပြန်ဖွင့်တဲ့ အချိန်မှာ ကျောင်းသားတွေဟာ နှာခေါင်းစည်း ဝတ်ဆင်စရာ မလိုသလို လူစုလူဝေးရှောင်ရှားတာမျိုးလည်းလုပ်စရာမလိုတာကို မြင်တွေ့ခဲ့ကြရတယ်လို့ သိရပါတယ်။

တချို့ကျောင်းတွေ မှာတော့ နှာခေါင်းစည်း ဝတ်ဆင်ခြင်းနဲ့ အပူချိန်တိုင်းတာ မျိုးတွေ ရှိနေဆဲဖြစ်တာကို မြင်တွေ့ရပါတယ်။ ကပ်ရောဂါစတင်ဖြစ်ပွား ခဲ့ရာဝူဟန်မြို့မှာတော့ ကျောင်းသား ၁.၄ သန်းလောက်က ကျောင်းပြန်တက်ကြပြီဖြစ်ပါတယ်။ လူမှုကွန်ရက် မီဒီယာပေါ်ကဓာတ်ပုံတွေမှာ အလံတင်ပွဲ အတွက် စုရုံးနေကြတဲ့ ကျောင်းသားတွေကို မြင်တွေ့နိုင်ပါတယ်။ဝူဟန်မြို့၊ ချုံကင်းမြို့နဲ့ ပေကျင်းမြို့က ကျောင်းတွေမှာ အလံတင် အခမ်းအနားတွေ၊ ပြန်လည်ကြိုဆိုပွဲတွေနဲ့ ချီတက်လမ်းလျှောက်ပွဲတွေလုပ်ဆောင်ခဲ့ကြပါတယ်။

တချို့ကျောင်းတွေက ဇူလိုင်လ ကတည်းက ပြန်ဖွင့်နိုင်ခဲ့တာဖြစ်ပါတယ်။အလားတူပဲ စကော့တလန်၊ အင်္ဂလန်နဲ့ ဝေလပြည်နယ်က စာသင်ကျောင်းတွေ ကိုလည်း စည်းမျဉ်း ကန့်သတ်ချက်တွေနဲ ့အတူ ပြန်ဖွင့်ပေးထားပြီဖြစ်တယ်လို့ သိရပါတယ်။

source : Asteria