တ႐ုတ္ နိုင္ငံ သည္ န်ဴကလီးယား ဒုံးက်ည္ ၂၀၀ ေက်ာ္ ပိုင္ဆိုင္ ထားဟု အေမရိ ကန္ ထုတ္ေဖာ္

တ႐ုတ္နိုင္ငံ သည္ ယခုလက္ရွိအခ်ိန္တြင္ န်ဴကလီးယား ဒုံးက်ည္ ၂၀၀ ေက်ာ္ ပိုင္ဆိုင္ထားၿပီး လာမည့္ ဆယ့္စုႏွစ္ အတြင္း ႏွစ္ဆအထိရွိလာမည္ဟု ခန္႔မွန္းထားေၾကာင္း အေမရိကန္နိုင္ငံ ကာကြယ္ေရး ဝန္ႀကီးဌာနက ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

စက္တင္ဘာလ ၁ ရက္ေန႔က ပင္တဂြန္ ထုတ္ျပန္သည့္ တ႐ုတ္ တပ္မေတာ္၏ အလားအလာမ်ား ဆိုင္ရာ ႏွစ္စဥ္ အစီရင္ခံစာတြင္ တ႐ုတ္ န်ဴကလီးယား တပ္ဖြဲ႕၏အင္အားကို ပထမဆုံးအႀကိမ္ ခန္႔မွန္းလိုက္ျခင္း ျဖစ္သည္။

အေမရိကန္၏ ဂ်ပန္ အေျခစိုက္စခန္းမ်ားမွ စုံစမ္းရရွိသည့္ ကိန္းဂဏန္းမ်ားအရ န်ဴကလီးယား ထိပ္ဖူးမ်ား သယ္ေဆာင္နိုင္ေသာ တာလတ္ဒုံးက်ည္မ်ား ႏွင့္ ခ႐ုဇ္ဒုံးက်ည္ မ်ားကို တ႐ုတ္နိုင္ငံက ပိုင္ဆိုင္ထားရွိေၾကာင္း အဆိုပါ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

အေမရိကန္ ျပည္ေထာင္စုႏွင့္ ႐ုရွားနိုင္ငံတို႔၏ စစ္ေရးအရ လက္နက္ ေလ်ာ့ခ်မည့္ သေဘာတူညီခ်က္သည္ လာမည့္ႏွစ္ေဖေဖာ္ဝါရီလ တြင္ ကုန္ဆုံးမည္ျဖစ္ၿပီး အသစ္ခ်ဳပ္ ဆိုမည့္ စာခ်ဳပ္တြင္ ပူးေပါင္းပါဝင္ရန္ အေမရိကန္ျပည္ေထာင္စုမွ တ႐ုတ္နိုင္ငံအား ေတာင္းဆိုထားသည္။ န်ဴကလီးယားစြမ္းရည္ကို ကန္႔သတ္မည့္ အဆိုပါစာခ်ဳပ္တြင္ ပူးေပါင္းပါဝင္မည္မဟုတ္ဟု တ႐ုတ္နိုင္ငံက ရိုးတိုး ရိပ္တိပ္ေျပာၾကားခဲ့သည္။

တ႐ုတ္နိုင္ငံ၏ န်ဴကလီးယား ဒုံးက်ည္အေရအတြက္ ကို ခန္႔မွန္းျခင္းသာျဖစ္ၿပီး အေရ အတြက္ အတိအက်သိရန္ ခက္ခဲမည္ဟု တ႐ုတ္နိုင္ငံဆိုင္ရာ အေမရိကန္ လက္ေထာက္နိုင္ငံျခားေရးဝန္ႀကီး ခ်ဒ္ဆာရာဂီရာက ေျပာၾကားခဲ့သည္။

တ႐ုတ္နိုင္ငံသည္ေရငုပ္ သေဘၤာမ်ားႏွင့္ ေလေၾကာင္းမွ ပစ္လႊတ္သည့္ န်ဴကလီးယား ဒုံးက်ည္မ်ား ထုတ္လုပ္ခဲ့ၿပီး တိုက္ခ်င္းပစ္ဒုံးက်ည္မ်ားကို ျဖည့္တင္း ခဲ့ေၾကာင္း ၎က ေျပာၾကားခဲ့သည္။အေမရိကန္ျပည္ေထာင္စု သည္ တ႐ုတ္နိုင္ငံ၏ စစ္ေရး အင္အားတိုးခ်ဲ႕မႈကို ဆက္လက္ေစာင့္ၾကည့္သြားမည္ဟု ၎က ေျပာၾကားခဲ့သည္။

unicode

တရုတ်နိုင်ငံ သည် ယခုလက်ရှိအချိန်တွင် နျူကလီးယား ဒုံးကျည် ၂၀၀ ကျော် ပိုင်ဆိုင်ထားပြီး လာမည့် ဆယ့်စုနှစ် အတွင်း နှစ်ဆအထိရှိလာမည်ဟု ခန့်မှန်းထားကြောင်း အမေရိကန်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။

စက်တင်ဘာလ ၁ ရက်နေ့က ပင်တဂွန် ထုတ်ပြန်သည့် တရုတ် တပ်မတော်၏ အလားအလာများ ဆိုင်ရာ နှစ်စဉ် အစီရင်ခံစာတွင် တရုတ် နျူကလီးယား တပ်ဖွဲ့၏အင်အားကို ပထမဆုံးအကြိမ် ခန့်မှန်းလိုက်ခြင်း ဖြစ်သည်။

အမေရိကန်၏ ဂျပန် အခြေစိုက်စခန်းများမှ စုံစမ်းရရှိသည့် ကိန်းဂဏန်းများအရ နျူကလီးယား ထိပ်ဖူးများ သယ်ဆောင်နိုင်သော တာလတ်ဒုံးကျည်များ နှင့် ခရုဇ်ဒုံးကျည် များကို တရုတ်နိုင်ငံက ပိုင်ဆိုင်ထားရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်များအရ သိရသည်။

အမေရိကန် ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့၏ စစ်ရေးအရ လက်နက် လျော့ချမည့် သဘောတူညီချက်သည် လာမည့်နှစ်ဖေဖော်ဝါရီလ တွင် ကုန်ဆုံးမည်ဖြစ်ပြီး အသစ်ချုပ် ဆိုမည့် စာချုပ်တွင် ပူးပေါင်းပါဝင်ရန် အမေရိကန်ပြည်ထောင်စုမှ တရုတ်နိုင်ငံအား တောင်းဆိုထားသည်။ နျူကလီးယားစွမ်းရည်ကို ကန့်သတ်မည့် အဆိုပါစာချုပ်တွင် ပူးပေါင်းပါဝင်မည်မဟုတ်ဟု တရုတ်နိုင်ငံက ရိုးတိုး ရိပ်တိပ်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ နျူကလီးယား ဒုံးကျည်အရေအတွက် ကို ခန့်မှန်းခြင်းသာဖြစ်ပြီး အရေ အတွက် အတိအကျသိရန် ခက်ခဲမည်ဟု တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ချဒ်ဆာရာဂီရာက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည်ရေငုပ် သင်္ဘောများနှင့် လေကြောင်းမှ ပစ်လွှတ်သည့် နျူကလီးယား ဒုံးကျည်များ ထုတ်လုပ်ခဲ့ပြီး တိုက်ချင်းပစ်ဒုံးကျည်များကို ဖြည့်တင်း ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စု သည် တရုတ်နိုင်ငံ၏ စစ်ရေး အင်အားတိုးချဲ့မှုကို ဆက်လက်စောင့်ကြည့်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။