ကိုဗစ္လူနာမ်ား တင္ေဆာင္ လာသည့္ ယာဥ္မီးေလာင္ ခဲ့ၿပီး ကား ႏွင့္ က်န္မာေရး အေထာက္အကူျပဳ ပစၥည္းမ်ား ပ်က္ဆီးဆုံးရႈံး

ရခိုင္ျပည္နယ္တြင္ ကိုဗစ္လူနာမ်ားကို တင္ေဆာင္လာေသာ အေရးေပၚလူနာတင္ ယာဥ္တစ္စီး အပူလြန္ကဲရာမွ မီးေလာင္ခဲ့ၿပီး ယာဥ္ေပၚပါ လူမ်ားထိခိုက္ ဒဏ္ရာမရရွိခဲ့ေသာ္လည္း ကား ႏွင့္ အလႉရွင္ မ်ားလႉဒါန္းထားေသာ က်န္းမာေရးအေထာက္အကူျပဳ ပစၥည္းမ်ား မီးေလာင္ ဆုံးရႈံးခဲ့ရေၾကာင္း သိရသည္။

ယေန႔( စက္တင္ဘာလ ၂ရက္) ေန႔လယ္ ၁၂နာရီအခ်ိန္တြင္ ရခိုင္ျပည္နယ္၊ ပုဏၰားကၽြန္း ၿမိဳ႕နယ္၊ ပိုရႊီျပင္ေက်းရြာရွိ ကိုဗစ္လူနာ၃ဦးအားကြန္းေတာင္ေက်းရြာဆိပ္ကမ္းမွ ပုဏၰားကၽြန္း ေဆး႐ုံသို႔ PDYO( Pen Development Youth Organization) အသင္းပိုင္ အေရးေပၚ လူနာတင္ယာဥ္ျဖင့္ ပို႔ေဆာင္ရန္ ေခၚေဆာင္လာစဥ္ မီးေလာင္မႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ ယင္းျဖစ္စဥ္တြင္ ယာဥ္ေမာင္းမွာ PPE ဝတ္စုံအျပည့္ဝတ္ထားၿပီး Aircon အသုံျပဳရာမွ အပူခ်ိန္ကြန္ကဲ၍ မီးေလာင္ကၽြမ္းခဲ့ျခင္းျဖစ္ေၾကာင္း PDYO အသင္းက ထုတ္ျပန္ထားသည္။

ထိုမီးေလာင္မႈ၌ ယာဥ္ပါ လူမ်ားမွာ အခ်ိန္မီေရွာင္တိမ္းနိုင္ခဲ့၍ ထိခိုက္ ဒဏ္ရာရရွိမႈ တစ္စုံတရာမရွိခဲ့ေသာ္လည္း ပုဏၰားကၽြန္းၿမိဳ႕နယ္၏ က်န္းေရးက႑တြင္ အလြန္အေရးပါေသာ အေရးေပၚလူနာတင္ယာဥ္မွာ တစ္စီလုံးပ်က္ဆီးခဲ့ရေၾကာင္း ႏွင့္ ပိုးရႊီျပင္ေက်းရြာ သို႔လႉ ဒါန္းထားသည့္ PDYO အသင္းမွ Mask အထုတ္၂၀ ၊ HYC မွ Face Shield အခု ၁၀၀ ၊ ၉၇-၉၈ ပုဏၰားကၽြန္းေက်ာင္းသားေဟာင္းမ်ားလႉ ဒါန္းထားေသာ ေအာင္ဆီဂ်င္ စက္၁လုံး၊ PPE ၃စုံ၊ Mask ၅ထုတ္၊ သာမိုမီတာအပူတိုင္း ၁ခု ႏွင့္ Face Shield ၈ခုတို႔လည္း ပ်က္ဆီးဆုံးရႈံး ခဲ့ရေၾကာင္း သိရသည္။

Credit Pyi Myanmar

unicode

ရခိုင်ပြည်နယ်တွင် ကိုဗစ်လူနာများကို တင်ဆောင်လာသော အရေးပေါ်လူနာတင် ယာဉ်တစ်စီး အပူလွန်ကဲရာမှ မီးလောင်ခဲ့ပြီး ယာဉ်ပေါ်ပါ လူများထိခိုက် ဒဏ်ရာမရရှိခဲ့သော်လည်း ကား နှင့် အလှူရှင် များလှူဒါန်းထားသော ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ မီးလောင် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ယနေ့( စက်တင်ဘာလ ၂ရက်) နေ့လယ် ၁၂နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်၊ ပိုရွှီပြင်ကျေးရွာရှိ ကိုဗစ်လူနာ၃ဦးအားကွန်းတောင်ကျေးရွာဆိပ်ကမ်းမှ ပုဏ္ဏားကျွန်း ဆေးရုံသို့ PDYO( Pen Development Youth Organization) အသင်းပိုင် အရေးပေါ် လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ရန် ခေါ်ဆောင်လာစဉ် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်တွင် ယာဉ်မောင်းမှာ PPE ဝတ်စုံအပြည့်ဝတ်ထားပြီး Aircon အသုံပြုရာမှ အပူချိန်ကွန်ကဲ၍ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း PDYO အသင်းက ထုတ်ပြန်ထားသည်။

ထိုမီးလောင်မှု၌ ယာဉ်ပါ လူများမှာ အချိန်မီရှောင်တိမ်းနိုင်ခဲ့၍ ထိခိုက် ဒဏ်ရာရရှိမှု တစ်စုံတရာမရှိခဲ့သော်လည်း ပုဏ္ဏားကျွန်းမြို့နယ်၏ ကျန်းရေးကဏ္ဍတွင် အလွန်အရေးပါသော အရေးပေါ်လူနာတင်ယာဉ်မှာ တစ်စီလုံးပျက်ဆီးခဲ့ရကြောင်း နှင့် ပိုးရွှီပြင်ကျေးရွာ သို့လှူ ဒါန်းထားသည့် PDYO အသင်းမှ Mask အထုတ်၂၀ ၊ HYC မှ Face Shield အခု ၁၀၀ ၊ ၉၇-၉၈ ပုဏ္ဏားကျွန်းကျောင်းသားဟောင်းများလှူ ဒါန်းထားသော အောင်ဆီဂျင် စက်၁လုံး၊ PPE ၃စုံ၊ Mask ၅ထုတ်၊ သာမိုမီတာအပူတိုင်း ၁ခု နှင့် Face Shield ၈ခုတို့လည်း ပျက်ဆီးဆုံးရှုံး ခဲ့ရကြောင်း သိရသည်။

Credit Pyi Myanmar