အတိုင္ပင္ခံရဲ႕ လက္ေရးမူကဗ်ာကို ေလလံတင္ရာမွာ သိန္းရာခ်ီရေနၿပီျဖစ္တာေၾကာင့္ ၾကည္ႏူးပီတိျဖစ္ေနတဲ့ ေမာင္ေမာင္ေအး

ႏိုင္ငံေတာ္အတိုင္ပင္ခံ ကိုယ္တိုင္ေရးခဲ့တဲ့ ကဗ်ာကို ေလလံတင္ရာမွာ ၾကမ္းခင္းေဈး(၅၄) သိန္းက စတင္ဖြင့္ခဲ့ကာ ၾသဂုတ္လ(၃၁) ရက္ ေန႔မွ စက္တင္ဘာ(၅) ရက္ေန႔အထိ ေလလံဆြဲခြင့္ရွိၿပီး ဒီေန႔စက္တင္ဘာ(၃) ရက္ ေန႔လည္(၂.၂၅) မိနစ္အခ်ိန္ထိ ေလလံေဈး သိန္း(၂၂၀) အထိ ရရွိေနၿပီျဖစ္ပါတယ္။ ေမာင္ေမာင္ေအးကေတာ့ မၾကာခဏဆိုသလို အခုလိုရန္ပုံေငြပြဲေတြအတြက္ ေလလံဆြဲေပးဖို႔ အကူအညီလာ ေတာင္းတိုင္းလည္း ေငြေၾကးတစ္ျပားတစ္ခ်ပ္မွ မယူဘဲ ကူညီေပးကာ ၾကည္ႏူးပီတိျဖစ္ေလ့ရွိသူျဖစ္ပါတယ္။

အခုတစ္ေခါက္မွာလည္း စေနေန႔ ည (၉) နာရီ ေလလံပိတ္ခ်ိန္မွာ ဘယ္ေလာက္ပမာဏေလာက္ထိ ရရွိမလဲဆိုတာ ရင္ခုန္ရင္းေစာင့္ေမွ်ာ္ ေနပါၿပီတဲ့ ပရိသတ္ႀကီးေရ။ပရိသတ္ရဲ႕အခ်စ္ေတာ္ေမာင္ေမာင္ေအးကေတာ့ လတ္တေလာ ၾကည္ႏူးစရာကိစၥေလးတစ္ခုကို သူ႔ရဲ႕လူမႈကြန္ ရက္မွာ မွ်ေဝခဲ့ပါတယ္။ အဲ့ဒါကေတာ့ လြန္ခဲ့တဲ့ရက္ပိုင္းက ဒါ႐ိုက္တာ၊ ကဗ်ာဆရာမင္းထင္ကိုကိုႀကီးရဲ႕ ဆက္သြယ္လာမႈနဲ႔အတူ ႏိုင္ငံ ေတာ္အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လက္ေရးမူကဗ်ာေလးကို ေလလံဆြဲေပးခဲ့တာ ျဖစ္ပါတယ္။

အခုဆိုရင္ တရိပ္ရိပ္တက္လာတဲ့ ေလလံေဈးေၾကာင့္ ဝမ္းသာပီတိျဖစ္ေနရေၾကာင္း ေရးသားမွ်ေဝခဲ့တာပါ။ဒီကဗ်ာေလးကေတာ့ ဒါ႐ိုက္ တာမင္းထင္ကိုကိုႀကီး (၂၀၁၁)ခုႏွစ္က ကဗ်ာပြဲေတာ္ယူသြားဖို႔ ကဗ်ာဆရာတစ္ဦးအေနနဲ႔ အေမစုကို ေတာင္းခံခဲ့တာျဖစ္ၿပီး အေမစုကိုယ္ တိုင္ လက္ေရးနဲ႔ ေရးသားေပးခဲ့တဲ့ တစ္ခုတည္းေသာ ကဗ်ာေလးျဖစ္ပါတယ္။ ဒါ႐ိုက္တာမင္းထင္ကိုကိုႀကီးကေတာ့ ဒီကဗ်ာေလးကို ေလလံတင္ေရာင္းခ်ၿပီး ရရွိလာတဲ့ ေငြေတြကို NLD ေအာင္ႏိုင္ေရးမွာ သုံးစြဲဖို႔ ရန္ပုံေငြအျဖစ္ လႉဒါန္းေပးသြားမယ္လို႔ သိရပါတယ္။

Source – Mg Mg Aye, Ko Ko Gyi

Rainbow- Cele Gabar

unicode

နိုင်ငံတော်အတိုင်ပင်ခံ ကိုယ်တိုင်ရေးခဲ့တဲ့ ကဗျာကို လေလံတင်ရာမှာ ကြမ်းခင်းဈေး(၅၄) သိန်းက စတင်ဖွင့်ခဲ့ကာ သြဂုတ်လ(၃၁) ရက် နေ့မှ စက်တင်ဘာ(၅) ရက်နေ့အထိ လေလံဆွဲခွင့်ရှိပြီး ဒီနေ့စက်တင်ဘာ(၃) ရက် နေ့လည်(၂.၂၅) မိနစ်အချိန်ထိ လေလံဈေး သိန်း(၂၂၀) အထိ ရရှိနေပြီဖြစ်ပါတယ်။ မောင်မောင်အေးကတော့ မကြာခဏဆိုသလို အခုလိုရန်ပုံငွေပွဲတွေအတွက် လေလံဆွဲပေးဖို့ အကူအညီလာ တောင်းတိုင်းလည်း ငွေကြေးတစ်ပြားတစ်ချပ်မှ မယူဘဲ ကူညီပေးကာ ကြည်နူးပီတိဖြစ်လေ့ရှိသူဖြစ်ပါတယ်။

အခုတစ်ခေါက်မှာလည်း စနေနေ့ ည (၉) နာရီ လေလံပိတ်ချိန်မှာ ဘယ်လောက်ပမာဏလောက်ထိ ရရှိမလဲဆိုတာ ရင်ခုန်ရင်းစောင့်မျှော် နေပါပြီတဲ့ ပရိသတ်ကြီးရေ။ပရိသတ်ရဲ့အချစ်တော်မောင်မောင်အေးကတော့ လတ်တလော ကြည်နူးစရာကိစ္စလေးတစ်ခုကို သူ့ရဲ့လူမှုကွန် ရက်မှာ မျှဝေခဲ့ပါတယ်။ အဲ့ဒါကတော့ လွန်ခဲ့တဲ့ရက်ပိုင်းက ဒါရိုက်တာ၊ ကဗျာဆရာမင်းထင်ကိုကိုကြီးရဲ့ ဆက်သွယ်လာမှုနဲ့အတူ နိုင်ငံ တော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရေးမူကဗျာလေးကို လေလံဆွဲပေးခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် တရိပ်ရိပ်တက်လာတဲ့ လေလံဈေးကြောင့် ဝမ်းသာပီတိဖြစ်နေရကြောင်း ရေးသားမျှဝေခဲ့တာပါ။ဒီကဗျာလေးကတော့ ဒါရိုက် တာမင်းထင်ကိုကိုကြီး (၂၀၁၁)ခုနှစ်က ကဗျာပွဲတော်ယူသွားဖို့ ကဗျာဆရာတစ်ဦးအနေနဲ့ အမေစုကို တောင်းခံခဲ့တာဖြစ်ပြီး အမေစုကိုယ် တိုင် လက်ရေးနဲ့ ရေးသားပေးခဲ့တဲ့ တစ်ခုတည်းသော ကဗျာလေးဖြစ်ပါတယ်။ ဒါရိုက်တာမင်းထင်ကိုကိုကြီးကတော့ ဒီကဗျာလေးကို လေလံတင်ရောင်းချပြီး ရရှိလာတဲ့ ငွေတွေကို NLD အောင်နိုင်ရေးမှာ သုံးစွဲဖို့ ရန်ပုံငွေအဖြစ် လှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။

Source – Mg Mg Aye, Ko Ko Gyi

Rainbow- Cele Gabar