တည်တည်ငြိမ်ငြိမ်နဲ့ ဘယ်လို အခြေအနေ တွေဖြစ်ဖြစ် ရင်ဆိုင် တတ်တဲ့ ဖြူဖြူထွေး ရဲ့ စိတ်ဓာတ် ကို ချီးကျူး ခဲ့တဲ့ မင်းညီ






unicode

မင်းညီ (သရုပ်ဆောင်၊ဒါရိုက်တာ) ကတော့ ဇာတ်ကားတွေ အများအပြား မှာလည်း ဇာတ်ပို့သရုပ်ဆောင် အဖြစ် ပါဝင်သရုပ်ဆောင်တဲ့သူဖြစ်လို့ ပရိသတ်တွေနဲ ့မစိမ်းတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။မင်းညီက လက်ရှိအချိန်မှာလည်း အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်

လုပ်ဆောင်နေ သလို မိသားစုလေး ကိုလည်း ဂရုစိုက်စောင့်ရှောက်ပေးနေတာပါနော်။မင်းညီကိုလည်း ပရိသတ်တွေက ယနေ့ထိတိုင် အားပေးချစ်ခင် နေကြဆဲဖြစ်လို့ သူ့ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်အားပေးကြပါတယ်။ မင်းညီကတော့ အနုပညာရှင်အများအပြားနဲ့လည်း

ခင်မင် ရင်းနှီးပြီး ရှုတင်တွေမှာ ဆုံလေ့ရှိ ပါတယ်နော်။မင်းသမီးချောလေး ဖြူဖြူထွေးနဲ့လည်း ဇာတ်ကားတွေအတူတူ မရိုက်ဖူးသေးပေမယ့် သီချင်းဆို၊ဘောလုံးကန် ချိန်တွေမှာတော့ဆုံဖူးတာကြောင့် ခင်မင်ရင်းနှီးနေတာဖြစ်ပါတယ်။ဖြူဖြူထွေး ကလည်း အနုပညာလောကမှာ အောင်မြင်မှုတွေရရှိနေတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပြီးသူမကိုအားပေးကြတဲ့ ပရိသတ် အများအပြားကို ပိုင်ဆိုင်ထား ပါတယ်နော်။ အခုဆိုရင် တော့ ဒါရိုက်တာ၊သရုပ်ဆောင် မင်းညီက”သူတင်ထားတဲ့ post ကို ဘယ်လို အခြေအနေနဲ့ပဲရင်ဆိုင်ရ ရင်ဆိုင်ရ.. ပြန်မဖျက်ဘဲ.. ခုချိန်ထိ… တည်တည်ငြိမ်ငြိမ် ဆက်လျှောက်နေတာက…

သူမရဲ့ခိုင်မာတဲ့ စိတ်ပဲ..သူမရဲ့ယုံကြည်ချက်ပဲ… အသက်ငယ် လို့….ရုတ်တရက် လုပ်လိုက်တာတွေက မှားခဲ့ရင် တောင် စေတနာအမှားမို့… သေးသေးလေးပါ….ငါ့နှမ… ဆက်လျှောက်ပါ…. လျှောက်သော လမ်းတိုင်း မအေးချမ်းပေမယ့် ဆင်ခြင်တုံတရားနဲ့ ကျော်လွှားနိုင်ပါစေ….”ဆိုပြီး ဖြူဖြူထွေးကို ချီးကျူးထားတာဖြစ်ပါတယ်နော်။