မျက်စိတစ်ဖက် အလင်းမရတဲ့ ဆယ်တန်း ကျောင်းသူလေး ကို မျက်လုံး အတု လှူဒါန်းပေး ခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ် နဲ့ ကိုဘင်း တို့ ဇနီးမောင်နှံ

ကျရာ ဇာတ်ရုပ်ကို အနုပညာလောက မှာ သရုပ်ဆောင် ကောင်းတဲ့ အပြင် ပွင့်လင်းတဲ့ စကားပြောဟန်တွေကြောင့်လည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေနဲ့ အချစ်တွေ ကို ရရှိထားသူကတော့ နှိုင်းယှဉ်မြင့်မိုရ်ပဲ ဖြစ်ပါတယ်နော်..။ ဇာတ်ပို့သရုပ်ဆောင်အဖြစ် အနုပညာပိုင်းမှာ အောင်မြင်မှုတွေ အတော်အသင့်ရရှိထားကြတဲ့ ကိုဘင်းနဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ ဇနီးမောင်နှံလေးကတော့ လတ်တလောမှာလည်း

အပြင်စီးပွားရေး အလုပ်တွေအဖြစ် အွန်လိုင်းမှာ Live လွှင့်ကာ ဈေးရောင်း နေကြပြီး ပွင့်လင်းတဲ့ ချစ်စရာကောင်းမှု တွေကြောင့်လည်း ပရိသတ်တွေက အချစ်ပိုတိုးလို့ ချစ်လာကြပါ တယ်နော်..။ အခုလို စီးပွားရေးပြေလည်နေတဲ့အချိန်လေးမှာတော့ နှိုင်းယှဉ်တို့ ဇနီးမောင်နှံလေးဟာ ဆယ်တန်ကျောင်းသူလေး တစ်ယောက် ကို မျက်လုံးအတု လှူဒါန်းခဲ့ပြီး ကျောင်းသူလေးရဲ့ လိုအပ်နေတဲ့ ကွက်လပ်လေးကို

ဖြည်းဆည်းပေး ခဲ့ကြပါတယ်နော်..။ “ကျောင်းသား ကျောင်းသူကို လှူဖို့ ရွေးလိုက်တာပါ ကျောင်းသားကျောင်းသူဆိုတော့ သူအတွက် လိုအပ်တဲ့ ကွက်လပ်လေးကို ဖြည့်တာပေါ့နော် ဒါလေးပြည့်စုံသွားပြီဆိုရင်တော့ သူလည်းလှသွားမယ် ဆယ်တန်းကျောင်းသူဆိုတော့ အပျိုအရွယ်လေး သူလည်းလှချင်မှာပဲဆိုပြီးတော့ ကျောင်းသားကျောင်းသူကို လှူဖို့ ရွေးလိုက်တာပါ သူ့မျက်လုံး တစ်ဖက်က စိုစိုတောက်တောက်လေးဆိုတော့

တစ်ဖက်က တော်တော် လှနေတာပဲ အဲ့ဒါလေးတပ်လိုက်ရင်တော့ သူတော်တော် လှသွားမှာပဲဆိုပြီး သဘောကျနေတာ ..” ဆိုပြီး သူမတို့ရဲ့ အလှူလေးနဲ့ ပတ်သက်ပြီး နှိုင်းယှဉ်က ပြောပြထားပါတယ်နော်..။ အလှူလေးကိုတော့ လှူဖို့ပြောထားတာကြပြီ ဖြစ်သလို အရင်ကလည်း အခြားလူတွေလှူရင် ဝိုင်းကူညီပေး နေကျဖြစ်ပြီး အခုလိုတတ်နိုင်တဲ့အချိန်လေးမှာ ကိုယ်တိုင်လှူဖြစ်တဲ့ အကြောင်းလေးတွေကို

ကိုဘင်းကလည်း ပြောပြထား ပါသေးတယ်နော်..။ အလှူခံမယ့် လိုအပ်နေတဲ့ လူကို တတ်နိုင်တဲ့အချိန်လေး ကြုံကြိုက်လို့ ရက်ချိန်းယူပြီ လှူဖြစ်တဲ့ အကြောင်းလေး နဲ့ အဆင်ပြေရင် မျက်စိအတုထပ်လှူဖို့ရှိပြီး ကလေးအရွယ်လေးတွေ သံဃာတော်တွေကိုလည်း လှူဖို့စိတ်ကူးထားတဲ့အကြောင်းလေးတွေကို ပြောပြထားတဲ့ သူတို့ဇနီးမောင်နှံရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..။