ခရမ်းရောင် ဂါဝန်လေးကို ဝတ်ဆင်ပြီး ဟန်ဆောင်မှု ကင်းတဲ့ အပြုံးချိုချိုလေးတွေ နဲ့ ချစ်စရာ ကောင်းနေတဲ့ ဖြူဖြူထွေး





unicode

ပရိသတ်ကြီးရေ မင်းသမီးချောလေး ဖြူဖြူထွေး ကတော့ အနုပညာနယ်ပယ်မှာ နေရာ တစ်နေရာကို အခိုင်အမာရပ်တည်ထားနိုင်အောင် ကြိုးစားနေတဲ့သူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ ကြော်ငြာတွေများစွာ ရိုက်ကူးနေရပြီး ဗီဒီယိုဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်လာတာတွေ့ရပါတယ်။ ဒါ့အပြင် ဖြူဖြူထွေး ကသူတစ်ပါးကိုလည်း အမြဲကူညီတတ်တာကြောင့် ပရိသတ်တွေအပြင် အနုပညာရှင် မောင်နှမတွေကပါ ချစ်ခင်နေရတာဖြစ်ပါတယ်။

ဖြူဖြူထွေးကတော့ ဝတ်စားဆင်ယဉ်မှုတွေမှာလည်း မြန်မာဆန်ဆန် ဖက်ရှင်ဝတ်စုံလေးတွေအပြင် ခေတ်ပေါ် ဖက်ရှင်စုံလေးတွေကိုလည်း လိုက်ဖက်ညီညီ ဝတ်ဆင်တတ်တာကို တွေ့ရပါတယ်။ ဒီရက်ပိုင်းအတွင်းမှာလည်း သူမဟာ ပရိသတ်တွေအတွက် ချစ်စရာပုံရိပ်လေးတွေအပြင် ရယ်စရာ ဟာသဗီဒီယိုလေးတွေကိုလည်း ဖော်ပြပေးတာပါတယ်။ ယခုမှာလည်း ပရိသတ်တွေ ချစ်အား ပိုလောက်မယ့် ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

ဒီပုံလေးတွေထဲမှာတော့ ဖြူဖြူထွေးက လွတ်လပ်ပေါ့ပါးတဲ့ ခရမ်းရောင်ဂါဝန်လေးကို ဝတ်ဆင်ထားပြီး အသည်းယားစရာအမူအရာလေးတွေနဲ့ ပို့စ်ပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဂါဝန်ဝတ်စုံလေးကလည်း သူမနဲ့ ပိုပြီး လိုက်ဖက်မှုရှိတာတွေ့ရပါတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ဆွဲဆောင်မှုရှိတဲ့ ခရမ်းရောင်ဂါဝန်လေးနဲ့ ချစ်စရာကောင်းနေတဲ့ ဖြူဖြူထွေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source – Phyu Phyu Htwe’s fb Account