ခိုးဆိုးလုယက္သူ ေတြေၾကာင့္ အမနဲ႔ ညီငယ္ ဖုန္းအလုခံ ရၿပီး အ႐ိုက္ခံ လိုက္ရတဲ့ အေၾကာင္း ရင္ဖြင့္ ခဲ့တဲ့ ရွင္ေမြလ

ပရိတ္သတ္ႀကီး ေရ မင္းသားေခ်ာ ရွင္ေမြလ ကေတာ့ ဇာတ္လမ္းတြဲ မ်ားနဲ႔ ပရိတ္သတ္ရင္ ထဲကို ေရာက္ရွိလာ သူေလးပဲ ျဖစ္ပါတယ္။ အရည္အခ်င္းရွိၿပီး ေဆးစက္က်ရာ အ႐ုပ္ထင္ႏိုင္တဲ့အထိ ေကာင္းမြန္လွတဲ့ သ႐ုပ္ေဆာင္ခ်က္မ်ားေၾကာင့္ ပရိတ္သတ္အားေပးမႈကို တခဲနက္ ရရွိထားသူေလးပါ။

လတ္တေလာမွာ ကပ္ေရာဂါမ်ား တဖန္ျပန္လည္ ေခါင္းေထာင္ လာတာေၾကာင့္ အားလုံးစိုးရိမ္ ေနၾကသလို လုပ္ငန္းမ်ားလည္း အဆင္မေျပျဖစ္ ေနခဲ့ၾကတာပါ။ မင္းသားေခ်ာ ရွင္ေမြလကလည္း ႐ိုက္လက္စ ဇာတ္လမ္းတြဲမ်ားကို အခုခ်ိန္မွာ ရပ္တန္႔လိုက္ရတာေၾကာင့္ စိတ္မေကာင္းျဖစ္ေနခဲ့တာပဲ ျဖစ္ပါတယ္။ အဆိုပါ ကိစၥရပ္မ်ားနဲ႔ ပက္သက္ၿပီး မင္းသားေခ်ာ ရွင္ေမြလကေတာ့ အခုလိုပဲ ရင္ဖြင့္ေျဖၾကားခဲ့ပါတယ္။

ရွင္ေမြလ ေျပာခဲ့တာ ကေတာ့ ” ေရရွည္သာ အခုလို ျဖစ္ရင္ အဆင္မေျပျဖစ္ၾကမယ္ ထင္ပါတယ္။ အခုဆို လုတာ ယက္တာေတြလည္း မ်ားေနတယ္။ ကြၽန္ေတာ့္ ညီေလးဆိုရင္ ဟိုတေလာက ဖုန္းအလုခံရတယ္။ အမတစ္ဝမ္းကြဲ ဆိုရင္လည္း ဖုန္းလုရင္း ေခါင္းပါ႐ိုက္သြားတာ…အဲ့လို ေထြေထြထူးထူး သတင္း အေနနဲ႔ ဆိုရွယ္မီဒီယာမွာ မေရးျပတာပဲ ရွိတယ္။ ကိုယ့္အထင္ကေတာ့ စီးပြားေရးေတြ ယိုယြင္းလာလို႔ အဲ့လိုျဖစ္ၾကတာလို႔ ထင္တယ္။ အဲ့အတြက္လည္း အရမ္းစိတ္ပူတာ ကိုယ္တိုင္လည္း အရင္ထက္စာရင္ အလုပ္က ေတာ္ေတာ္ရွားတယ္။ တခ်ိဳ႕က် ရင္းႏွီးထားရတာေတြ ပ်က္စီးတာ ဆုံးရႈံးတာေတြ ရွိတယ္။ အဲ့လိုေတြ ျမင္ရတဲ့အခါ တကယ္စိတ္မေကာင္းဘူး။ ကြၽန္ေတာ္ အမွန္အတိုင္းေျပာရရင္ ကိုဗစ္ႀကီးကို ေတာ္ေတာ္မုန္းေနၿပီ။

အဓိကကေတာ့ လမ္းသြားတဲ့ အခါ ေ႐ႊေတြ ဝတ္တာမ်ိဳး မဟုတ္ပဲ ေပါ့ေပ့ါပါးပါးေလး ဝတ္သြား တာမ်ိဳး ဖုန္းဆိုလည္း လက္ထဲမွာ ကိုင္ထားတာ မဟုတ္ပဲ အိတ္ထဲမွာ ထည့္ထားၿပီးမွ သြားတာမ်ိဳး လုပ္ေစခ်င္တယ္။​ အမကိုဆိုရင္ ဖုန္းကို လု႐ုံတင္မကဘူး လူပါ႐ိုက္သြားတာ….ကြၽန္ေတာ့္ညီဆိုရင္ အိမ္မွာ ဖုန္းကို အားသြင္းထားတာ ဒါေပမဲ့ ကြၽန္ေတာ္တို႔က သံပန္းတံခါးပဲ ခတ္ထားၿပီးေတာ့ အျပင္တံခါးမႀကီးကို မခတ္ထားမိဘူး။ ကြၽန္ေတာ့္ အေမက ေနာက္ေဖးခဏသြားတုန္းကို တုတ္ကေလးနဲ႔ လွမ္းယူလိုက္တယ္ ထင္ပါတယ္။ ညီေလး ဖုန္းကို ယူသြားတဲ့ သူကိုေတာ့ မမိလိုက္ဘူး။

အမ ဖုန္းကို လုတဲ့သူ ကက် ဆိုင္ကယ္နဲ႔ ေမာင္းေျပးသြားတာ..အမက သူ႔ဖုန္းကို လုတဲ့ အခ်ိန္ အမဘက္ကေန ျပန္ဆြဲ ေတာ့ ဖုန္းေတာ့ မပါသြားဘူး။ ေခါင္းေတာ့ အ႐ိုက္ခံ လိုက္ရတယ္။ အားလုံး စီးပြားေရး အၾကပ္အတည္းျဖစ္ေနတာဆိုေတာ့ ႐ိုး႐ိုးသားသားနဲ႔ေတာ့ ႀကိဳးစားၿပီး ရွာရင္ ေကာင္းတာေပါ့ေနာ္။ ပစၥည္းယူသြားတာ ကိစၥမရွိေပမဲ့ လူပါ လုပ္တာက် ခံရတဲ့သူလည္း မသက္သာဘူး။ ဒီအခ်ိန္ႀကီး ေဆး႐ုံေဆးခန္းသြားလို႔လည္း မေကာင္းဘူးေလ။ ထမင္းတနပ္ရွာစားဖို႔ အတြက္ကေတာ့ ႐ိုး႐ိုးသားသားနဲ႔ ႀကိဳးစားၿပီး ရွာေစခ်င္ပါတယ္။ ” ဆိုကာ လတ္တေလာ ကိုဗစ္ကာလမွာ ႀကဳံေတြ႕ေနရတဲ့ အေျခအေနကို ရင္ဖြင့္ခဲ့ပါတယ္။

unicode

ပရိတ်သတ်ကြီး ရေ မင်းသားချော ရှင်မွေလ ကတော့ ဇာတ်လမ်းတွဲ များနဲ့ ပရိတ်သတ်ရင် ထဲကို ရောက်ရှိလာ သူလေးပဲ ဖြစ်ပါတယ်။ အရည်အချင်းရှိပြီး ဆေးစက်ကျရာ အရုပ်ထင်နိုင်တဲ့အထိ ကောင်းမွန်လှတဲ့ သရုပ်ဆောင်ချက်များကြောင့် ပရိတ်သတ်အားပေးမှုကို တခဲနက် ရရှိထားသူလေးပါ။

လတ်တလောမှာ ကပ်ရောဂါများ တဖန်ပြန်လည် ခေါင်းထောင် လာတာကြောင့် အားလုံးစိုးရိမ် နေကြသလို လုပ်ငန်းများလည်း အဆင်မပြေဖြစ် နေခဲ့ကြတာပါ။ မင်းသားချော ရှင်မွေလကလည်း ရိုက်လက်စ ဇာတ်လမ်းတွဲများကို အခုချိန်မှာ ရပ်တန့်လိုက်ရတာကြောင့် စိတ်မကောင်းဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ ကိစ္စရပ်များနဲ့ ပက်သက်ပြီး မင်းသားချော ရှင်မွေလကတော့ အခုလိုပဲ ရင်ဖွင့်ဖြေကြားခဲ့ပါတယ်။

ရှင်မွေလ ပြောခဲ့တာ ကတော့ ” ရေရှည်သာ အခုလို ဖြစ်ရင် အဆင်မပြေဖြစ်ကြမယ် ထင်ပါတယ်။ အခုဆို လုတာ ယက်တာတွေလည်း များနေတယ်။ ကျွန်တော့် ညီလေးဆိုရင် ဟိုတလောက ဖုန်းအလုခံရတယ်။ အမတစ်ဝမ်းကွဲ ဆိုရင်လည်း ဖုန်းလုရင်း ခေါင်းပါရိုက်သွားတာ…အဲ့လို ထွေထွေထူးထူး သတင်း အနေနဲ့ ဆိုရှယ်မီဒီယာမှာ မရေးပြတာပဲ ရှိတယ်။ ကိုယ့်အထင်ကတော့ စီးပွားရေးတွေ ယိုယွင်းလာလို့ အဲ့လိုဖြစ်ကြတာလို့ ထင်တယ်။ အဲ့အတွက်လည်း အရမ်းစိတ်ပူတာ ကိုယ်တိုင်လည်း အရင်ထက်စာရင် အလုပ်က တော်တော်ရှားတယ်။ တချို့ကျ ရင်းနှီးထားရတာတွေ ပျက်စီးတာ ဆုံးရှုံးတာတွေ ရှိတယ်။ အဲ့လိုတွေ မြင်ရတဲ့အခါ တကယ်စိတ်မကောင်းဘူး။ ကျွန်တော် အမှန်အတိုင်းပြောရရင် ကိုဗစ်ကြီးကို တော်တော်မုန်းနေပြီ။

အဓိကကတော့ လမ်းသွားတဲ့ အခါ ရွှေတွေ ဝတ်တာမျိုး မဟုတ်ပဲ ပေါ့ပေ့ါပါးပါးလေး ဝတ်သွား တာမျိုး ဖုန်းဆိုလည်း လက်ထဲမှာ ကိုင်ထားတာ မဟုတ်ပဲ အိတ်ထဲမှာ ထည့်ထားပြီးမှ သွားတာမျိုး လုပ်စေချင်တယ်။​ အမကိုဆိုရင် ဖုန်းကို လုရုံတင်မကဘူး လူပါရိုက်သွားတာ….ကျွန်တော့်ညီဆိုရင် အိမ်မှာ ဖုန်းကို အားသွင်းထားတာ ဒါပေမဲ့ ကျွန်တော်တို့က သံပန်းတံခါးပဲ ခတ်ထားပြီးတော့ အပြင်တံခါးမကြီးကို မခတ်ထားမိဘူး။ ကျွန်တော့် အမေက နောက်ဖေးခဏသွားတုန်းကို တုတ်ကလေးနဲ့ လှမ်းယူလိုက်တယ် ထင်ပါတယ်။ ညီလေး ဖုန်းကို ယူသွားတဲ့ သူကိုတော့ မမိလိုက်ဘူး။

အမ ဖုန်းကို လုတဲ့သူ ကကျ ဆိုင်ကယ်နဲ့ မောင်းပြေးသွားတာ..အမက သူ့ဖုန်းကို လုတဲ့ အချိန် အမဘက်ကနေ ပြန်ဆွဲ တော့ ဖုန်းတော့ မပါသွားဘူး။ ခေါင်းတော့ အရိုက်ခံ လိုက်ရတယ်။ အားလုံး စီးပွားရေး အကြပ်အတည်းဖြစ်နေတာဆိုတော့ ရိုးရိုးသားသားနဲ့တော့ ကြိုးစားပြီး ရှာရင် ကောင်းတာပေါ့နော်။ ပစ္စည်းယူသွားတာ ကိစ္စမရှိပေမဲ့ လူပါ လုပ်တာကျ ခံရတဲ့သူလည်း မသက်သာဘူး။ ဒီအချိန်ကြီး ဆေးရုံဆေးခန်းသွားလို့လည်း မကောင်းဘူးလေ။ ထမင်းတနပ်ရှာစားဖို့ အတွက်ကတော့ ရိုးရိုးသားသားနဲ့ ကြိုးစားပြီး ရှာစေချင်ပါတယ်။ ” ဆိုကာ လတ်တလော ကိုဗစ်ကာလမှာ ကြုံတွေ့နေရတဲ့ အခြေအနေကို ရင်ဖွင့်ခဲ့ပါတယ်။