unicode
“ကျောက်ကပ်ရောဂါ၏ ရှေ့ပြေးလက္ခဏာနှင့် ဆောင်ရန်ရှောင်ရန် ကြိုတင် ကာကွယ်မှုများပြုလုပ်ထားရန်”
(1) (ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်မှာ သွေးလွှတ်ကြော။သွေးပြန်ကြောဆိုပီး နှစ်ပိုင်းရှိတယ်) သွေးလွှတ်ကြောက မကောင်းတာမှန်သမျှ ကျောက်ကပ်ထဲကိုပို့တယ်။ ကျောက်ကပ်ထဲကမှ စကာနဲ့ စစ်ထုတ်ပီး သွေးပြန်ကြောအစိမ်းလေးက ကောင်းတာတွေနဲ့ သွားပီး မကောင်းတဲ့အညစ်အကြေးအဆိပ်တောက်တွေကို ဆီးအဖြစ်နဲ့စွန့်ထုတ်ပါတယ်။
(2)(ကျောက်ကပ်၏ အဓိကလုပ်ဆောင် ချက်များ) ခန္ဓာကိုယ် ရေဓါတ်နဲ့ ဓါတ်ဆားပမာနကိုထိန်းညှိပေးပါတယ်။ သွေးပေါင်ချိန် ပုံမှန်ဖြစ်အောင်ထိန်းညှိပေးတယ်။ ကျောက်ကပ်က မကောင်းတဲ့အညစ်ကြေးစွန့်ထုတ်ပေးခြင်း၊ ကျောက်ကပ်ကောင်းနေတဲ့သူက ရိုးတွင်းချဉ်ဆီကို လုပ်ဆောင်ပေးပီး သွေးနီ ဥထုတ်ပေးနိုင်အောင် လှုံ့ဆော်ပေးပါတယ်။ ခန္ဓာကိုယ်ရဲ့ A c i d. base.Balance. ထိန်းညှိပေးတယ်။
(3) (ကျောက်ကပ်အားနည်းခြင်းရဲ့ အချက်ပြလက္ခဏာများ) မကြာခဏနေမကောင်းဖြစ်ခြင်း။နုံးချိနေခြင်း။အားအင်ကုန်ခမ်းခြင်း။အစားမစားချင် ပျို့အန်ခြင်း။ဖြူ ဖတ် ဖြူ ရော်ဖြစ်ခြင်း ဒီအခြေနေကသတိထားရမဲ့အခြေနေပဲဖြစ်ပါတယ်။
(4) (ဆီးအခြေနေအချက်ပြလက္ခဏာများ) ဆီးခဏခဏသွားခြင်း ဆီးပူခြင်း ဆီးသွားရခက်ခဲခြင်း ဆီးအရောင်ပြောင်းလာခြင်း ခါးနာခြင်း ခန္ဓာကိုယ်တစ်ခုလုံးဖောရောင်ခြင်း ဒါတွေကိုသိခြင်းအားဖြင့်ကျောက်ကပ်အားနည်းနေပီဆိုတာကိုဂရုစိုက်ရပါမယ်။
(5) (ကျောက်ကပ်ပျက်စီးစေတဲ့အကြောင်းရင်း)သွေးချို ဆီးချို ကြောင့်ကျောက်ကပ်ရောဂါဖြစ်ခြင်း သွေးတိုးကြောင့်လည်းကျောက်ကပ်ရောဂါဖြစ်ခြင်း ကျောက်ကပ်ဟာ 50%ကျန်တဲ့အထိ လုပ်ဆောင်ပေးနိုင်ပါသေးတယ်။ 20%လောက်ကျန်တာဆိုရင်တော့ဂရုစိုက်ပီးကုသရပါမယ်။15% မှ10% ပဲဆိုရင် ကျောက်ကပ်ဆေးရမယ်။ကျောက်ကပ်လဲရတဲ့အဆင့်ကိုရောက်သွားပါမယ်။ အသက် 60ကျော်ဆိုရင် ပိုသတိထားရပါမယ်။
မျိုးရိုးကြောင့် /မွေးရာပါကျောက်ကပ်မှာစကာပေါက်လေးတွေပါတာမျိုး ဆေးလိပ်သောက်ခြင်း ဆေးဝါးသုံးစွဲသူ/သွေးတိုးကျဆေးသုံးစွဲတဲ့သူ >အကိုက်ခဲပျောက်ဆေးများသုံးခြင်း CT.Scan ရိုက်တဲ့သူ အငန်စားများတဲ့သူတွေဆီသွတ်ဗူးနှင့် Ready make အစားအစာများ စားသုံးခြင်း ရေသောက်နည်းတဲ့သူတွေ မှာကျောက်ကပ်ကို ထိခိုက်စေပါတယ်။
(6) (ကျောက်ကပ်ကထွက်လာတဲ့ ပြွန်နဲ့ ဆီးအိမ်ပြွန်လမ်းကြောင်းမှာ ဖြစ်တတ်ရောဂါလက္ခဏာများ)ကျောက်ကပ်ကျောက်တည်ခြင်း/ပိုးမွှားများဝင်ခြင်း သွေးချို /ဆီးချို ကြောင့် ဆီးလမ်းကြောင်းပြဿနာဖြစ်ခြင်း ခုခံအားစနစ် ကျဆင်းခြင်း ဆီးပိုက် ခဏခဏထည့်ရတဲ့သူ ဆီးကျိတ်ကြီးတဲ့သူ တွေမှာ လည်းသတိထားပြီးကုသမှုခံယူရပါမယ်။
(7) (ဆီးလမ်းကြောင်း ပိုးဝင်ရင် အချက်ပြ လက္ခဏာများ)ဆီးခဏခဏသွားခြင်း ဆီးသွားရင်ကျင်မယ် ဆီးသွားရင် နည်းနည်းပဲသွားပါတယ်။ ဖျားနာပီး /ချမ်းတုန်တတ်ပါတယ်။ ခြေကုန်လက်ပန်းကျမယ်။ ဆီးနို့နှစ်ရောင်ဖြစ်ခြင်းတစ်ခါတစ်လေ အနီရောင်ဖြစ်ပီး/သွေးပါတတ်ပါတယ်။ ခါးနာမယ် ပျို့မယ်/အန်မယ် ဒီလိုလက္ခဏာတွေပြနေပီဆိုရင်ဆီးလမ်းကြောင်းကိုသတိထားရပါမယ်။အမျိုးသမီးတွေမှာအဖြစ်များတတ်ပါတယ် အမျိုးသမီးတွေက ဆီးအိမ်နဲ့ဆီးပြွန်လမ်းကြောင်းကအလွန်နီးကပ်နေတဲ့အတွက် ဆီးလမ်းကြောင်းပိုးဝင်လွယ်ပီး ဆီးသွားရင်သွေးပါတတ်ပါတယ်။
(8) (ကျောက်ကပ်ကျောက်တည်ခြင်း လက္ခဏာ) အမျိုးသားတွေမှာ အဖြစ်များပါတယ်။ အသက် 20/40 နှစ်တွေမှာ အဖြစ်များပါတယ်။ မျိုးရိုးကြောင့်လည်းဖြစ်တတ်ပါတယ်။ ဆီးလမ်းကြောင်းခဏခဏပိုးဝင်ရင်လည်း ကျောက်ကပ် ကျောက်တည်ခြင်းတွေဖြစ်တတ်ပါတယ်။
(9) (ကျောက်ကပ်ကျောက်တည်ပီးပိတ်သွားတဲ့အချိန်မှာဖြစ်တဲ့လက္ခဏာများ)ခါးအရမ်းနာခြင်း ချမ်းမယ်/တုန်မယ်/ဖျားမယ် ပျို့မယ်/အန်မယ် ဆီး အရမ်းနံမယ် ဆီးသွားရင် တစ်ခါတစ်ရံသွေးပါတတ်တယ်။ ဆီးသွားရင်ပူမယ် ဆီးခဏခဏသွားချင်မယ်/သွားတော့လည်းနည်းနည်းပဲထွက်ပါတယ်။ဆီးသွားချင်တယ်/ဆီးမထွက်ဘူး ကျောက်ကပ် ဟာ ကျောက်တည်ရုံအဆင့်ပဲဆိုရင် ဘာလက္ခဏာမှ အချက်မပြပါ။ ကျောက်တည်ပီးပိတ်သွားတဲ့အချိန်မှဒီလိုလက္ခဏာတွေဖြစ်ပါတယ်။
(10) (ဆီးအရမ်းအသွားများတဲ့လက္ခဏာများ)
အရက်သောက်များခြင်း ကော်ဖီသောက် များခြင်း သွေးချို /ဆီးချိုဖြစ်တဲ့သူ ကျောက်ကပ်မကောင်းတဲ့သူ အသဲမကောင်းတဲ့သူ ဆီးဆေးသောက်တဲ့သူ နာတာရှည်/ဝမ်းပျက် ဝမ်းလျှောဖြစ်နေတဲ့သူ၊ ကိုယ်ဝန်ဆောင်ထားသူများ ရေသောက်များတဲ့သူ ဆီးအသွားများတဲ့ အချက်များဖြစ်ပါတယ်။
(11) (ကျောက်ကပ်အလုပ်မလုပ်တော့ရင်ဖြစ်တဲ့လက္ခဏာများ)မအီမသာဖြစ်ခြင်း နုံးချိ နေမယ် အသက်ရှု မဝခြင်း အစားအသောက်ပျက်ခြင်း ပျို့မယ်/အန်မယ် ခေါင်းကိုက်ပါမယ်။ အသားအေရ ယားမယ်။ သွေးနီဥ မထုတ်တော့၍ ဖြူဖတ်ဖြူ ရော်ဖြဈမယ်။ ကြောက်ကပ်အရမ်းဆိုးလာပီဆိုရင် ကေယာင်ရွောက်ရွားဖြဈမယ်/တက်မယ် စိုးရိမ်ရတဲ့အနေထားပဲဖြဈပါတယ်။
(12) (ကျောက်ကပ်ရုတ်တရက်အလုပ် မလုပ်တော့ခြင်း)ရုတ်တရက် Accident ကြောင့်ထိခိုက်ခြင်း ခွဲစိတ်တဲ့လူနာတွေ မီးလောင်ခံရခြင်း ဆေးဝါးသုံးစွဲခြင်း ဆီးလမ်းကြောင်းပိုးဝင်ခြင်း ကျောက်ကပ်ကျောက်တည်ခြင်း ဆီးလမ်းကြောင်းပိတ်ဆို့သွားခြင်း ကျောက်ကပ်ကင်ဆာဖြစ်ခြင်းတို့ဖြစ်ပါတယ်။
(13) (ကျောက်ကပ် ကင်ဆာဖြစ်ခြင်း)ကင်ဆာဆဲလ် ဟာ အဆင့်(1) ပဲဆိုရင်လက္ခဏာစပြပါမယ် သိပ်တော့ မသိသာသေးပါဘူး။ အဆင့်(2)ဆိုရင်ကြီးလာပြီး အဆင့်(3)ဆိုပြန့်လာပါပီ အဆင့်(4)ဆိုရင် သွေးကြောထဲထိပါပြန့်သွားပီးတော့အသက်ပါဆုံးရှုံးရတဲ့အခြေနေမျိုးရောက်သွားပါမယ်။ဆေးလိပ်သောက်ခြင်း ဝတဲ့သူတွေ- ကျောက်ကပ်ကင်ဆာဖြစ်တတ်ပါတယ်။ သွေးတိုးရှိတဲ့သူ ခဲတွေနဲ့အထိတွေများပီးအလုပ် လုပ်ရတဲ့သူ/ခဲဆိပ်သင့်တဲ့သူ အကိုက်ခဲပျောက်ဆေး ရေရှည်သောက်တဲ့သူ
သားအိမ်ထုတ်ထားတဲ့သူ မျိုးရိုးကြောင့်ဖြစ်ခြင်း ဆီးသွေးပါခြင်း/ခါးနာမယ်/မအီမသာဖြစ်ခြင်း/ကိုယ်အလေးချိန်ကျမယ်/အစားအသောက်ပျက်ပီး/ဖြူ ဖတ်ဖြူ ရော်ဖြစ်နေခြင်းအမျိုးသားတွေမှာ/ကပ်ပယ်အိပ်သွေးကြောထုံးခြင်း သွေးပေါင်ချိန်တက်ခြင်း/သွေးတိုးခြင်း သွေးစစ်ရင်ကင်ဆာဆဲလ်များနေမယ် ညဘက်အိပ်မပျော်ခြင်း/အိပ်နေရင် ချွေးအလွန်ထွက်ခြင်း ခဏခဏ ဖျားနာခြင်း ခြေကုန်လက်ပန်းကျခြင်းတို့ ဖြစ်ပါတယ်။
မေတ္တာဖြင့် စိုင်း မင်း သန့်