ဓာတ္ခြဲအတည္ျပဳလူနာေတြရဲ႕ ေနထိုင္ရာ ေနရာနဲ႔ ကူးစက္ခံရတဲ့ ရာဇဝင္ ကို ၾကည့္ႏိုင္မယ့္ အရာေလး ကို လမ္းၫႊန္ လိုက္တဲ့ ဆုအိမ့္စံ

လတ္တေလာ ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါ ဒုတိယလႈိင္း စတင္ခ်ိန္မွာေတာ့ ေရာဂါပိုးေတြ႕ရွိလူနာေတြ တရိပ္ရိပ္တက္လာ ခဲ့တာ အခုဆိုရင္ (၁၀၅၈) ေယာက္ အထိ ရွိလာၿပီျဖစ္ပါတယ္။ ယေန႔အခ်ိန္ ထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါပိုးေၾကာင့္ ေသဆုံးသူ(၆) ေယာက္သာရွိေသးေပမယ့္ အခုလိုကူးစက္မႈျပန္လည္ျမင့္တက္လာတာကေတာ့ စိုးရိမ္စရာပါပဲ ပရိသတ္ႀကီးေရ…

ေရာဂါပိုးေတြ႕ရွိတဲ့ ေနရာေတြကိုေတာ့ Lock Down ေတြလုပ္ထားသလို ေရာဂါပိုးရွိသူ ေနထိုင္ရာေနရာေတြ ကို သြားလာခဲ့သူေတြလည္း ကိုယ့္ကိုယ္ကိုယ္ ေစာင့္ၾကည့္ႏိုင္ဖို႔ အခ်ိန္နဲ႔ တေျပးညီသတင္းေတြကို မွ်ေဝလ်က္ ရွိပါတယ္။ ဒါ့အျပင္ ကိုယ္ဘယ္ပဲ သြားသြား ကိုယ့္ပတ္ဝန္းက်င္ အနီးနားမွာ ပိုးေတြ႕လူနာေတြ ရွိမရွိသိႏိုင္႐ုံသာမက လူနာရဲ႕ကူးစက္ခံခဲ့ ရတဲ့ History ကိုပါ ၾကည့္ရႈလို႔ရမယ့္ Link ေလးကိုေတာ့ ဆုအိမ့္စံက သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ မွ်ေဝေဖာ္ျပခဲ့ပါတယ္။

ဒီ Link ေလးထဲဝင္ လိုက္တာနဲ႔ ျမန္မာ တစ္ျပည္လုံးမွာရွိတဲ့ ေရာဂါပိုးေတြ႕ရွိလူနာ ေတြရဲ႕ ေနထိုင္ရာကို အနီစက္ေလး နဲ႔ျပထားမွာျဖစ္ၿပီး အနီစက္ေလးကို ေထာက္လိုက္ရင္ေတာ့ သူ႔တို႔ရဲ႕ကူးစက္ခံရမႈရာဇဝင္ကိုပါ သိႏိုင္မွာပါ ပရိသတ္ႀကီးေရ… ကိုဗစ္လူနာေတြေ နထိုင္ရာတည္ေနရာကို အလြယ္တကူ ၾကည့္ခ်င္တဲ့ပရိသတ္ႀကီး အတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Android:
https://www.mmcovid19.glitch.me/

IOS:
https://mmcovid.glitch.me/

Source – Hsu Eaint San
Rainbow- Cele Gabar
Credit:Cele Gabar

unicode

လတ်တလော မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ဒုတိယလှိုင်း စတင်ချိန်မှာတော့ ရောဂါပိုးတွေ့ရှိလူနာတွေ တရိပ်ရိပ်တက်လာ ခဲ့တာ အခုဆိုရင် (၁၀၅၈) ယောက် အထိ ရှိလာပြီဖြစ်ပါတယ်။ ယနေ့အချိန် ထိ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုးကြောင့် သေဆုံးသူ(၆) ယောက်သာရှိသေးပေမယ့် အခုလိုကူးစက်မှုပြန်လည်မြင့်တက်လာတာကတော့ စိုးရိမ်စရာပါပဲ ပရိသတ်ကြီးရေ…

ရောဂါပိုးတွေ့ရှိတဲ့ နေရာတွေကိုတော့ Lock Down တွေလုပ်ထားသလို ရောဂါပိုးရှိသူ နေထိုင်ရာနေရာတွေ ကို သွားလာခဲ့သူတွေလည်း ကိုယ့်ကိုယ်ကိုယ် စောင့်ကြည့်နိုင်ဖို့ အချိန်နဲ့ တပြေးညီသတင်းတွေကို မျှဝေလျက် ရှိပါတယ်။ ဒါ့အပြင် ကိုယ်ဘယ်ပဲ သွားသွား ကိုယ့်ပတ်ဝန်းကျင် အနီးနားမှာ ပိုးတွေ့လူနာတွေ ရှိမရှိသိနိုင်ရုံသာမက လူနာရဲ့ကူးစက်ခံခဲ့ ရတဲ့ History ကိုပါ ကြည့်ရှုလို့ရမယ့် Link လေးကိုတော့ ဆုအိမ့်စံက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေဖော်ပြခဲ့ပါတယ်။

ဒီ Link လေးထဲဝင် လိုက်တာနဲ့ မြန်မာ တစ်ပြည်လုံးမှာရှိတဲ့ ရောဂါပိုးတွေ့ရှိလူနာ တွေရဲ့ နေထိုင်ရာကို အနီစက်လေး နဲ့ပြထားမှာဖြစ်ပြီး အနီစက်လေးကို ထောက်လိုက်ရင်တော့ သူ့တို့ရဲ့ကူးစက်ခံရမှုရာဇဝင်ကိုပါ သိနိုင်မှာပါ ပရိသတ်ကြီးရေ… ကိုဗစ်လူနာတွေေ နထိုင်ရာတည်နေရာကို အလွယ်တကူ ကြည့်ချင်တဲ့ပရိသတ်ကြီး အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Android:
https://www.mmcovid19.glitch.me/

IOS:
https://mmcovid.glitch.me/

Source – Hsu Eaint San
Rainbow- Cele Gabar
Credit:Cele Gabar