ရခိုင္ျပည္နယ္ ကိုဗစ္ကာကြယ္ ေရးအတြက္ ေပါင္းစုၿပီး အလႉ ဒါန ျပဳလုပ္ခဲ့တဲ့ ပရိသတ္ အခ်စ္ေတာ္ ငါးေယာက္

လတ္တေလာ ျမန္မာႏိုင္ငံမွာ ကိုဗစ္ ဒုတိယလႈိင္း စတင္ခ်ိန္ ပိုးရွိလူနာေတြအမ်ားဆုံး ေတြ႕ရတဲ့ေနရာကေတာ့ ရခိုင္ျပည္နယ္မွာပါ။ ရခိုင္ျပည္နယ္မွာ ကိုဗစ္ထိန္းခ်ဳပ္ကာကြယ္ေရးအတြက္ က်န္းမာေရးဝန္ထမ္းေတြသာမက တာဝန္ရွိအဖြဲ႕အစည္းေတြကပါ အင္တိုက္အားတိုက္လုပ္ေဆာင္ေနသလို ရခိုင္ျပည္နယ္အတြက္ ဦးစားေပးလႉဒါန္းေနတဲ့အလႉရွင္ေတြ မ်ားစြာေပၚလာတာကလည္း ဝမ္းသာစရာပါ။

ဒီေန႔မွာလည္း ပရိသတ္ ရဲ႕အခ်စ္ေတာ္ အဆိုေတာ္ႀကီးေတြျဖစ္တဲ့ တင္ဇာေမာ္၊ မီမီဝင္းေဖ၊ ေကာ္နီ၊ ေခ်ာစုခင္နဲ႔ ဆုန္သင္းပါရ္ တို႔က ရခိုင္ျပည္နယ္ ကိုဗစ္ကာကြယ္ေရး အတြက္ လိုအပ္တဲ့ေနရာေတြမွာသုံးဖို႔ အလႉေငြငါးသိန္းက်ပ္တိတိကို We Love Yangon လူထုအေျချပဳပရဟိတအဖြဲ႕ႀကီးကို လႉဒါန္းေပးခဲ့ေၾကာင္း မွ်ေဝခဲ့ပါတယ္။ ဒီအလႉေလးလုပ္ျဖစ္ဖို႔ကိုေတာ့ မီမီဝင္းေဖက ေစ့ေဆာ္ေပးခဲ့တာျဖစ္တာျဖစ္ၿပီး မီမီဝင္းေဖကေတာ့ The Five ညီအမေတြနဲ႔အတူ အလႉေငြငါးသိန္း၊ ေဖေဖဒါ႐ိုက္တာဦးဝင္းေဖကလည္း လႉဒါန္းခ်င္တာေၾကာင့္ မိသားစုအလႉေငြ(၁၀)သိန္း လႉဒါန္းေပးခဲ့ေၾကာင္း သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ မွ်ေဝခဲ့ပါတယ္။

ဒီေန႔အလႉေလး ကိုေတာ့ ကိုယ္တိုင္ကိုယ္က်သြားလႉခဲ့ ၾကေပမယ့္ ေကာ္နီကေတာ့ အေၾကာင္းေၾကာင္း ေၾကာင့္ မလိုက္ႏိုင္ပါႏိုင္ ခဲ့ပါဘူးတဲ့ ပရိသတ္ႀကီးေရ။ ဟိုးအရင္အခ်ိန္ ကတည္းက အတူတူေအာင္ျမင္ ခဲ့ၾကသလို အခုခ်ိန္ထိလည္း တတြဲတြဲ The Five ညီအမေတြရဲ႕ ေကာင္းမႈ ကုသိုလ္အလႉေလး ကို ပရိသတ္ႀကီးလည္း သာဓုေခၚေပးခဲ့ပါဦးေနာ္။

Source – Tin Zar Maw
Rainbow- Cele Gabar
Credit:Cele Gabar

unicode

လတ်တလော မြန်မာနိုင်ငံမှာ ကိုဗစ် ဒုတိယလှိုင်း စတင်ချိန် ပိုးရှိလူနာတွေအများဆုံး တွေ့ရတဲ့နေရာကတော့ ရခိုင်ပြည်နယ်မှာပါ။ ရခိုင်ပြည်နယ်မှာ ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ထမ်းတွေသာမက တာဝန်ရှိအဖွဲ့အစည်းတွေကပါ အင်တိုက်အားတိုက်လုပ်ဆောင်နေသလို ရခိုင်ပြည်နယ်အတွက် ဦးစားပေးလှူဒါန်းနေတဲ့အလှူရှင်တွေ များစွာပေါ်လာတာကလည်း ဝမ်းသာစရာပါ။

ဒီနေ့မှာလည်း ပရိသတ် ရဲ့အချစ်တော် အဆိုတော်ကြီးတွေဖြစ်တဲ့ တင်ဇာမော်၊ မီမီဝင်းဖေ၊ ကော်နီ၊ ချောစုခင်နဲ့ ဆုန်သင်းပါရ် တို့က ရခိုင်ပြည်နယ် ကိုဗစ်ကာကွယ်ရေး အတွက် လိုအပ်တဲ့နေရာတွေမှာသုံးဖို့ အလှူငွေငါးသိန်းကျပ်တိတိကို We Love Yangon လူထုအခြေပြုပရဟိတအဖွဲ့ကြီးကို လှူဒါန်းပေးခဲ့ကြောင်း မျှဝေခဲ့ပါတယ်။

ဒီအလှူလေးလုပ်ဖြစ်ဖို့ကိုတော့ မီမီဝင်းဖေက စေ့ဆော်ပေးခဲ့တာဖြစ်တာဖြစ်ပြီး မီမီဝင်းဖေကတော့ The Five ညီအမတွေနဲ့အတူ အလှူငွေငါးသိန်း၊ ဖေဖေဒါရိုက်တာဦးဝင်းဖေကလည်း လှူဒါန်းချင်တာကြောင့် မိသားစုအလှူငွေ(၁၀)သိန်း လှူဒါန်းပေးခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။

ဒီနေ့အလှူလေး ကိုတော့ ကိုယ်တိုင်ကိုယ်ကျသွားလှူခဲ့ ကြပေမယ့် ကော်နီကတော့ အကြောင်းကြောင်း ကြောင့် မလိုက်နိုင်ပါနိုင် ခဲ့ပါဘူးတဲ့ ပရိသတ်ကြီးရေ။ ဟိုးအရင်အချိန် ကတည်းက အတူတူအောင်မြင် ခဲ့ကြသလို အခုချိန်ထိလည်း တတွဲတွဲ The Five ညီအမတွေရဲ့ ကောင်းမှု ကုသိုလ်အလှူလေး ကို ပရိသတ်ကြီးလည်း သာဓုခေါ်ပေးခဲ့ပါဦးနော်။

Source – Tin Zar Maw
Rainbow- Cele Gabar
Credit:Cele Gabar