






unicode

ရစရာရှိသော “ပိုက် ဆံ အကြွေးများ အမြန်ပြန် ရစေ ရန် ယတြာ အစီ ရင်” ကောင်း တစ်ခုကို စာဖတ်ပရိသတ်ကြီးအတွက် ဖော်ပြလိုက်ပါ တယ်။ယခုပေးလိုက်သော အထူးယတြာကို(၂၁)ရက် တိတိ လုပ်ဆောင်ရပါမည်။(၇)ရက်သားသမီးများ အကြွေးပူ မိနေခြင်း ဒုက္ခများမှ ကင်းဝေးကြပါစေ ခင်ဗျ။

အကြွေးပြန် မရ ဖြစ်နေလျှင်၊ ပေးနိုင် ရက်နဲ့ မပေးဘူး ဖြစ်နေ လျှင်၊ အာမခံချေးပေး ထားမိပြီး ထိုသူ ပြန်မဆပ်ဖြစ်နေလျှင်”ပိုက်ဆံ အကြွေး များ အမြန်ပြန် ရစေ ရန် အစီ ရင်က အောက်ပါအတိုင်း ဖြစ်ပါတယ်။မိတ်ဆွေများ အားလုံး မင်္ဂလာ ပါ။ မိမိရစရာရှိ အကြွေး များ ပြန်မရ၍ စိတ်ညစ်နေရခြင်း။မိမိကို ပေးနိုင် ရက်နှင့် ရှောင်ဖယ် ရှောင်ဖယ် လုပ်နေခြင်း။

မိမိ အာမခံလုပ်၍ ယူပေး ခဲ့သော အကြွေးများ ပြန်မပေးခြင်း အကြွေးဆပ် မရနိုင်ပဲ ကြွေးပူမိနေခြင်းများ အတွက်….။ပန်းကန်ပြား တစ်ချပ် တွင် ညောင်ရွက်(၃)ရွက် ခင်းပေးပါ။ လက်ဖက်ခါးနှင့် နနွင်းမှုန့်ကို သမအောင် နယ်ပြီးလျှင် ညောင် ရွက် (၃) ရွက် ၏ အလယ်တွင် (၃) ပုံ တင်ပေးပါ။

ထိုပန်းကန်ပြားကို မိမိအိမ် ဘုရားစင် ထောင့် တစ်နေရာ တွင် ထား၍ ကပ်လှူပေးပါ။ (နေရာပြောင်းရွှေ့ခြင်း မပြုလုပ်ရပါ။) ဤယတြာကို တနင်္လာနေ့ (သို့) ကြာသပတေးနေ့ နံနက်(၇)နာရီ မှ (၉) နာရီ အတွင်း လုပ်ဆောင်ပေးရမည်။ဘုရားစင်တွင် တင်လှူစဉ် မိမိရစရာ ရှိသော အကြွေးများ အမြန်ဆုံး ရယူလိုပါ၏ ဟူ၍ ဆုတောင်းပါ။

ဗေဒင်နှင့် လက္ခဏာ ပညာရှင်

ဆရာကျော် M.Sc(bot) 09764251903