ဒေါ်အောင်ဆန်းစုကြည်၏ ကဗျာကို (၄)ရက်အတွင်း ကျပ်သိန်း (၄၀၀) ကျော်ထိ ဈေးပေးသူတွေ ရှိနေပြီး စနေနေ့တွင် ပိုင်ရှင်ပေါ်မည်

နိုင်ငံတော်အတိုင်ပင်ခံ၏ ကဗျာစာရွက် လေလံဈေး ကို ကျပ် ၅၄ သိန်း ကြမ်းခင်းဈေးအနေနဲ့ သတ်မှတ်တာက တော့ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ လက်ရေးကဗျာဖြစ်တဲ့အတွက် အမှတ်တရဖြစ်အောင် သတ်မှတ်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဝယ်ယူလိုသူတွေကိုတော့ မောင် မောင်အေးက သူ့ရဲ့ ပို့စ်အောက်မှာ ဖိတ်ခေါ်ထားတာ ဖြစ်ကာ စည်းကမ်းအနေနဲ့ ဈေးတကြိမ်တိုးတိုင်း ၁ သိန်းနဲ့အထက် သိန်းဂဏန်းအ တိသာ တိုးခွင့်ပြုသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ REDs Vote NLD အမည်နဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတခု ဖွင့်လှစ် ထားခဲ့ပြီဖြစ်ကာ လေလံကို အခုလာမယ့် စက်တင်ဘာ လ ၅ ရက်နေ့ည ၉ နာရီအတိမှာ Live ဈေးပြိုင်စနစ်နဲ့ ပိတ်သိမ်းမှာဖြစ်တယ်လို့ ဆိုပါတယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကိုယ်တိုင်ရေးကဗျာစာ ရွက်တရွက်ကို ကျပ် ၅၄ သိန်းနဲ့ လေလံဈေးဖွင့်ထားခဲ့ရာမှာ ၄ ရက်အတွင်း သိန်း ၄၀၀ ကျော်အထိ ဈေး ပေးသူတွေ ရှိနေပါတယ်။

ဒီအကြောင်းကိုတော့ လေလံပွဲ ဦးဆောင်သူတယောက်ဖြစ်တဲ့ အစီအစဉ်တင်ဆက်သူ ကိုမောင်မောင်အေးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန် ရက်ပေါ်မှာ ခုလိုဖော်ပြထားပါတယ်။“အမေစု လက်ရေးကဗျာစာရွက်ကို ၄ ရက်နေ့ မနက် ၀၉:၄၇ မိနစ်တွင် မိတ်ဆွေတဦးမှ ၄၀၅ သိန်း နဲ့ လေလံဈေးတိုးမြှင့်ပေးပါပြီ… နောက်ထပ် လေလံတိုးမြှင့်ပေးလိုသူ များအနေဖြင့် မူရင်းပို့စ် https://www.facebook.com/100002495768008/posts/3321845417908618/ သို့ သွားရောက်လေ့လာပြီး ကျွန်တော့် CB တွင်လာရောက်၍။ထပ်မံတိုးမြှင့်ပေးနိုင်ပါတယ်။

”ဒီလေလံပွဲကရရှိတဲ့ အကျိုးအမြတ်တွေအားလုံးကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးရန်ပုံငွေအနေနဲ့ လှူဒါန်းသွားမယ်လို့ သိရပါတယ်။ဒီကဗျာစာရွက်ကတော့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး အ တွက် ၂၀၁၁ ခုနှစ်တုန်းက ကဗျာပွဲတော်ကို ယူသွားဖို့ ကဗျာဆရာယောက်အနေနဲ့ တောင်းခံခဲ့တာကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်ရေးနဲ့ ရေးသားပေးခဲ့တဲ့ ကဗျာဖြစ်တယ်လို့ ဆိုပါတယ်။

“30th June 2011 နေ့ ညနေပိုင်း ၄ နာရီလောက်က အမှတ် ၅၄ အိမ်ထဲမှာ အမေစု ကိုယ်တိုင်ပေးခဲ့တာပါ။ ထမင်းစားခန်းထဲမှာ တွေ့ရ တာပါ။ ကန်တော့ခဲ့ပါသေးတယ်။ အပြင်မှာ ဦးဝင်းထိန်ရှိတယ်။”ဒီစာရွက်လေလံအစီအစဉ်နဲ့ ပတ်သက်ပြီး ကိုမောင်မောင်အေးက ဩဂုတ် ၃၁ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားပါတယ်။ “ကဗျာရေးထားတဲ့စာရွက်က ခြံအမှတ် ၅၄ Letterhead နဲ့… ဒီကဗျာလေးကို ကဗျာဆရာ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကနေပြီး NLD အဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးမှာ။စိတ်ကြိုက်သုံးစွဲဖို့ရံပုံငွေအဖြစ် လေလံတင်ရောင်းချပြီး တပြားမကျန် လှူဒါန်းပေးသွားဖို့ ဆက်သွယ်လာပါတယ်ခင်ဗျာ… ဒါကြောင့်မို့လို့ အခုချိန်ကနေစတင်ပြီး လာမယ့်စနေနေ့ (၅ ရက်နေ့) ညနေ ၉ နာရီအထိ လေလံကာလသတ်မှတ်ထားပြီး ဈေးအမြင့်ဆုံး ပေးနိုင်တဲ့သူကို ရောင်းချပေးသွားမှာဖြစ်ပါတယ်။”

CRD: THE LIFESTYLE MYANMAR