COVID-19ကြောင့် က.ည.န ရုံးများရဲ့ဝန်ဆောင်မှုလုပ်ငန်းများ စက်တင်ဘာ(၃)ရက်နေ့မှ စတင်ရပ်နား





CRD: MYANMA PLATFORM

unicode

“တစ်နိုင်ငံလုံးမှာရှိတဲ့ ယာဉ်မောင်းလိုင်စင်နဲ့ပတ်သက်တဲ့ သင်တန်းတွေ၊ ယာဉ်မောင်းလိုင်စင်ဖြေဆိုတာတွေ၊ လက်တွေ့မောင်းဖြေဆို တာတွေ အားလုံးကို စက်တင်ဘာ ၃ရက်နေ့ကနေစပြီး ရပ်ဆိုင်းလိုက်ပါတယ်”လို့ ကညနမှ တိုင်းဦးစီးမှူး ဦးသိန်းထွဋ်က ပြောဆိုလိုက် ပါတယ်။ဒါ့ပြင် ရန်ကုန်တိုင်းအနေနဲ့ တက္ကစီမောင်းသည့် “ဃ”ယာဉ်မောင်းလိုင်စင်နဲ့ ကားကြီးတွေမောင်းသည့် အနီဟုခေါ် သည့်။

“င” လိုင်စင်များကိုလည်း စက်တင်ဘာလ ၃ရက်နေ့မှစတင်ကာ ရပ်ဆိုင်းလိုက်သော်လည်း လိုင်စင်နဲ့ သက်တမ်းတိုးခြင်းများကို အွန်လိုင်း မှတစ်ဆင့် ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ထို့နောက် ယာဉ်မောင်းလိုင်စင်ရေးဖြေနဲ့ လက်တွေ့မောင်းဖြေဆိုခြင်းများကို ပြန် လည်ခွင့်ပြုမည့်အချိန်ကို ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး ယခုအချိန်မှာတော့ ကျန်လုပ်ငန်းများကို ရုံးချိန်အတွင်း။

အွန်လိုင်းမှ ဆောင်ရွက်ပေးလျက်ရှိတာလည်းဖြစ်ပါတယ်။ရန်ကုန်မြို့နဲ့ မန္တလေးမြို့များရှိ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနရဲ့ ယာဉ်မောင်းလိုင်စင်ပြုလုပ်ခြင်းနဲ့ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို စက်တင်ဘာလ ၃ရက်နေ့မှစတင် ကာ ရပ်နားထားတယ်လို့ သိရပါတယ်။ယခုကဲ့သို့ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်နှံ့မှုများ ပြန်လည်ဖြစ်ပွားလာသည့်အတွက်။

က.ည.နရုံး (မြင်သာ)နဲ့ မန္တလေးမြို့များမှာ ယာဉ်မောင်းလိုင်စင်ပြုလုပ်ခြင်းနဲ့ ယာဉ်လိုင်စင်သက်တမ်းတိုးခြင်းတို့ကို စက်တင် ဘာလ (၃) ရက်နေ့ကစပြီး ရပ်နားလိုက်တာဖြစ်ပါတယ်။က.ည.နရုံးများအနေနဲ့ ဇွန်လမှစတင်ကာ ရုံးဖွင့်ရက်များအပြင် အစိုးရရုံးပိတ်ရက် စနေနေ့ များမှာပါ ဝန်ဆောင်မှု ဆောင်ရွက်ခဲ့ရာက ကိုဗစ်-၁၉ဒုတိယလှိုင်းကြောင့် ယာယီရပ်နားလိုက်ခြင်းဖြစ်တယ်လို့ ပြောပါတယ်။

CRD: MYANMA PLATFORM