အေမရိကန္သံ႐ုံးမွ ေထာက္ပံ့ေငြ ေဒၚလာ(၄၆)သန္း ကူညီပံ့ပိုးထားသည္ဟု ထုတ္ျပန္ထားေသာ္လည္း တစ္ေဒၚလာမွ်မရဟု ေ႐ြးေကာ္ပြဲေကာ္မရွင္ျငင္းဆို

ျမန္မာႏိုင္ငံဆိုင္ရာ အေမရိ ကန္သံ႐ုံး၏ ဩဂုတ္ ၃၀ ရက္ ထုတ္ျပန္ခ်က္ အရ ျပည္ေထာင္ စုေ႐ြးေကာက္ပြဲေကာ္မရွင္တာ ဝန္ရွိသူမ်ားႏွင့္ သံ႐ုံးယာယီတာ ဝန္ခံ ေဂ်ာ့ခ်္ဆစ္ဘလီတို႔သည္ ပြင့္လင္းျမင္သာ၍ အားလုံးပါဝင္ ေသာ ေ႐ြးေကာက္ပြဲက အေရး ႀကီးသည့္အေၾကာင္းႏွင့္ အမ်ား လက္ခံယုံၾကည္ရေသာ ေ႐ြး ေကာက္ပြဲ ေစာင့္ၾကည့္မႈသည္ အေရးႀကီးသည့္အေၾကာင္းေဆြး ေႏြးခဲ့သည္ဟု ထုတ္ျပန္ထား သည္။ ယင္းထုတ္ျပန္ခ်က္တြင္ ျမန္ မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံး မွ သုံးဦး၊ ျပည္ေထာင္စုေ႐ြး ေကာက္ပြဲ ေကာ္မရွင္ဥကၠ႒အ ပါအဝင္ေကာ္မ ရွင္အဖြဲ႕ဝင္ (၄) ဦးပါဝင္သည့္စုေပါင္းဓာတ္ပုံျဖင့္ အဂၤလိပ္၊ ျမန္မာႏွစ္ဘာသာျဖင့္ သတင္းထုတ္ျပန္ထားျခင္းျဖစ္ သည္။

ထုတ္ျပန္ခ်က္တြင္ ေ႐ြး ေကာက္ပြဲေကာ္မရွင္၊ အရပ္ ဘက္အဖြဲ႕အစည္းမ်ားႏွင့္ ႏိုင္ငံ ေရးပါတီမ်ား ၂၀၂၀ ေ႐ြးေကာက္ ပြဲကို စီမံခန႔္ခြဲရန္ႏွင့္ ပါဝင္ႏိုင္ရန္ အေမရိကန္အစိုးရက ေဒၚလာ ၄၆ သန္းေက်ာ္ ကူညီပံ့ပိုးထားပါ သည္ဟု ေဖာ္ျပပါရွိသည္။ေ႐ြးေကာက္ပြဲ ေကာ္မရွင္၊ အရပ္ ဘက္အဖြဲ႕အ စည္းမ်ားႏွင့္ ႏိုင္ငံေရးပါတီမ်ား အတြက္ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံးက ကန္ေဒၚလာ ၄၆ သန္းကူညီပံ့ပိုးထားသည္ ဟု ထုတ္ျပန္ထားေသာ္လည္း တစ္ ေဒၚလာမွ်ရရွိျခင္းမရွိဟု ျပည္ ေထာင္စုေ႐ြးေကာက္ပြဲေကာ္မ ရွင္က စက္တင္ဘာ ၂ ရက္တြင္ ျငင္းဆို ခဲ့သည္။

ျပည္ေထာင္စုေ႐ြးေကာက္ ပြဲေကာ္မရွင္တြင္ ျပဳလုပ္သည့္သ တင္းစာရွင္းလင္းပြဲ၌ ျမန္မာ ႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံးက ေ႐ြးေကာက္ ပြဲ ေကာ္မရွင္၊ အရပ္ ဘက္အဖြဲ႕အစည္းမ်ားႏွင့္ ႏိုင္ငံ ေရးပါတီမ်ားအတြက္ အေမရိ ကန္ေဒၚလာ ၄၆ သန္းေထာက္ပံ့ ထားသည္ဟု ထုတ္ျပန္ ေရးသား ထားခ်က္အေပၚ ေကာ္မရွင္က မည္သို႔ေဆာင္႐ြက္ထားသလဲဟု မီဒီယာမ်ား၏ ေမးျမန္းမႈအေပၚ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ဝင္ ဦးျမင့္ႏိုင္က တစ္ေဒၚလာမွ် ရယူထားျခင္းမရွိ ဟု ျငင္းဆိုခဲ့သည္။‘‘အဲဒါေတြကို ေျပာရရင္ ေတာ့ UEC က တစ္ေဒၚလာ မွမရ ဘူး။ ဆိုေတာ့ဒါရွင္းသြားၿပီေပါ့။ သတင္းေတြက တက္လာတဲ့အ ေပၚမွာ ေျပာေျပာေနၾကတာကိုး။

UEC က တစ္ေဒၚလာမွ မရဘူး။ အဲဒါဆိုရင္ေတာ့ ရွင္းသြားပါၿပီ ေနာ္’’ဟု ေျပာသည္။ထိုကဲ့သို႔ သတင္းမ်ိဳးကို လည္း ၎တို႔အေနျဖင့္ သတိ ထားရမည္ဟု ျဖည့္စြက္ေျပာၾကား သည္။တစ္ေဒၚလာမွ် မယူဘူးဆို သည့္အေပၚ အေမရိကန္သံ႐ုံးက တရားဝင္ထုတ္ျပန္ေၾကညာထား ျခင္းျဖစ္သျဖင့္ UEC က မည္သို႔ တုံ႔ျပန္ဖို႔ရွိသလဲဟု ထပ္ဆင့္ေမး ျမန္းရာ ‘‘ကြၽန္ေတာ္တို႔ဘာမွေျပာ စရာမရွိဘူး။ တစ္ေဒၚလာမွမရ ဘူး။ သူတို႔ေျပာျပခ်က္က ဘာလဲ ဆိုတာသိသြားတာေပါ့။ တစ္ေဒၚ လာမွမရဘူးဆိုေတာ့ ယုံသင့္၊ မယုံသင့္ လုပ္ေတာ့ေပါ့ဗ်ာ’’ ဟု ဦးျမင့္ႏိုင္က မွတ္ခ်က္ျပဳသည္။

CRD: 7DAY DAILY

unicode

မြန်မာနိုင်ငံဆိုင်ရာ အမေရိ ကန်သံရုံး၏ ဩဂုတ် ၃၀ ရက် ထုတ်ပြန်ချက် အရ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်တာ ဝန်ရှိသူများနှင့် သံရုံးယာယီတာ ဝန်ခံ ဂျော့ချ်ဆစ်ဘလီတို့သည် ပွင့်လင်းမြင်သာ၍ အားလုံးပါဝင် သော ရွေးကောက်ပွဲက အရေး ကြီးသည့်အကြောင်းနှင့် အများ လက်ခံယုံကြည်ရသော ရွေး ကောက်ပွဲ စောင့်ကြည့်မှုသည် အရေးကြီးသည့်အကြောင်းဆွေး နွေးခဲ့သည်ဟု ထုတ်ပြန်ထား သည်။ ယင်းထုတ်ပြန်ချက်တွင် မြန် မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး မှ သုံးဦး၊ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအ ပါအဝင်ကော်မ ရှင်အဖွဲ့ဝင် (၄) ဦးပါဝင်သည့်စုပေါင်းဓာတ်ပုံဖြင့် အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် သတင်းထုတ်ပြန်ထားခြင်းဖြစ် သည်။

ထုတ်ပြန်ချက်တွင် ရွေး ကောက်ပွဲကော်မရှင်၊ အရပ် ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံ ရေးပါတီများ ၂၀၂၀ ရွေးကောက် ပွဲကို စီမံခန့်ခွဲရန်နှင့် ပါဝင်နိုင်ရန် အမေရိကန်အစိုးရက ဒေါ်လာ ၄၆ သန်းကျော် ကူညီပံ့ပိုးထားပါ သည်ဟု ဖော်ပြပါရှိသည်။ရွေးကောက်ပွဲ ကော်မရှင်၊ အရပ် ဘက်အဖွဲ့အ စည်းများနှင့် နိုင်ငံရေးပါတီများ အတွက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကန်ဒေါ်လာ ၄၆ သန်းကူညီပံ့ပိုးထားသည် ဟု ထုတ်ပြန်ထားသော်လည်း တစ် ဒေါ်လာမျှရရှိခြင်းမရှိဟု ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်က စက်တင်ဘာ ၂ ရက်တွင် ငြင်းဆို ခဲ့သည်။

ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်တွင် ပြုလုပ်သည့်သ တင်းစာရှင်းလင်းပွဲ၌ မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ရွေးကောက် ပွဲ ကော်မရှင်၊ အရပ် ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံ ရေးပါတီများအတွက် အမေရိ ကန်ဒေါ်လာ ၄၆ သန်းထောက်ပံ့ ထားသည်ဟု ထုတ်ပြန် ရေးသား ထားချက်အပေါ် ကော်မရှင်က မည်သို့ဆောင်ရွက်ထားသလဲဟု မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က တစ်ဒေါ်လာမျှ ရယူထားခြင်းမရှိ ဟု ငြင်းဆိုခဲ့သည်။‘‘အဲဒါတွေကို ပြောရရင် တော့ UEC က တစ်ဒေါ်လာ မှမရ ဘူး။ ဆိုတော့ဒါရှင်းသွားပြီပေါ့။ သတင်းတွေက တက်လာတဲ့အ ပေါ်မှာ ပြောပြောနေကြတာကိုး။

UEC က တစ်ဒေါ်လာမှ မရဘူး။ အဲဒါဆိုရင်တော့ ရှင်းသွားပါပြီ နော်’’ဟု ပြောသည်။ထိုကဲ့သို့ သတင်းမျိုးကို လည်း ၎င်းတို့အနေဖြင့် သတိ ထားရမည်ဟု ဖြည့်စွက်ပြောကြား သည်။တစ်ဒေါ်လာမျှ မယူဘူးဆို သည့်အပေါ် အမေရိကန်သံရုံးက တရားဝင်ထုတ်ပြန်ကြေညာထား ခြင်းဖြစ်သဖြင့် UEC က မည်သို့ တုံ့ပြန်ဖို့ရှိသလဲဟု ထပ်ဆင့်မေး မြန်းရာ ‘‘ကျွန်တော်တို့ဘာမှပြော စရာမရှိဘူး။ တစ်ဒေါ်လာမှမရ ဘူး။ သူတို့ပြောပြချက်က ဘာလဲ ဆိုတာသိသွားတာပေါ့။ တစ်ဒေါ် လာမှမရဘူးဆိုတော့ ယုံသင့်၊ မယုံသင့် လုပ်တော့ပေါ့ဗျာ’’ ဟု ဦးမြင့်နိုင်က မှတ်ချက်ပြုသည်။

CRD: 7DAY DAILY