(၄-၉-၂၀၂၀)ည (၈:၀၀) နာရီCOVID-19 အတည်ပြုလူနာသစ်(၃၈)ဦး ထပ်တွေ့ပြီး ရန်ကုန်တိုင်းမှ(၁၄)ဦး ပါဝင်






REF: MINISTRY OF HEALTH

unicode

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲ နမူနာစစ်ဆေးမှု တွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစု ပေါင်း (၃၅၉) ဦးရှိပါသည်။ ၎င်းတို့အနက် (၃၅၆) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက် လက် ကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုလျက် ရှိပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၇)ဦး ရှိပါသည်။ (၃-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၄-၉-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိ ရသော စောင့်ကြည့်လူနာအသစ် (၉၈) ဦး ရှိပါသည်။ဓာတ်ခွဲစစ်ဆေးမှုများပြီးစီးချိန်နှင့် သတင်း ထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းခြင်း ကြောင့် အတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ထပ်မံထုတ်ပြန်ပါမည်။

(၄-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၉၃၅)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၃၃၂) ခု ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင် ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၂၀၄) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ (ပထမအသုတ်)နမူနာ (၉၃) ခု၊

ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၂၉) ခု၊ ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၅) ခု၊ နေပြည်တော် ပြည်သူ့ ဆေးရုံကြီး ခုတင် (၁၀၀၀)မှ ဓာတ်ခွဲ နမူနာ (၁၁) ခု၊ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊ ပြည်သူ့ ဆေးရုံကြီး၊ ပြင်ဦး လွင်မှ ဓာတ်ခွဲနမူနာ (၃)ခုနှင့် ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့မှ ဓာတ်ခွဲနမူနာ (၄) ခု၊

ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ (၆) ခုနှင့် ပြည်သူ့ဆေးရုံကြီး၊ လွိုင်ကော်မြို့မှ ဓာတ်ခွဲနမူနာ (၈) ခု စုစုပေါင်း (၁,၆၄၂)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၈) ဦး တွေ့ရှိရပါသည်။ (၄-၉-၂၀၂၀) ရက် နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံ တွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁,၁၇၁) ဦး ရှိပြီ ဖြစ်ပါသည်။

REF: MINISTRY OF HEALTH