ဗဟန္းက ကိုဗစ္လူနာ အမွတ္ (၁ဝ၇၇) ဟာ Quarantine ကာလ မွာပဲ ရန္ကုန္ ကေန စစ္ေတြ ကို ေလယာဥ္နဲ႔ သြားခဲ့

ရန္ကုန္ တိုင္း၊ ဗဟန္းၿမိဳ႕နယ္မွာ ေတြ႕ခဲ့တဲ့ ကိုဗစ္ လူနာ အမွတ္(၁ဝ၇၇)ဟာ ဓာတ္ခြဲ နမူနာ စစ္ေဆး ေနတဲ့ Home Quarantine ကာလထဲမွာ ခြင့္ျပဳခ်က္ မရဘဲ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ကို ျပန္သြားခဲ့တယ္လို႔ ဗဟန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဆီက သိရပါတယ္။ဒီေန႔ မနက္ပိုင္း ကိုဗစ္လူနာ စာရင္းထုတ္ ျပန္ခ်က္ထဲမွာ ကိုဗစ္လူနာ (၂)ေယာက္ကို ဗဟန္းမွာေတြ႕ခဲ့တာ ျဖစ္ၿပီး သူတို႔ဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လ(၂၇)ရက္ေန႔က ရခိုင္ျပည္နယ္၊ စစ္ေတြကေနလာတဲ့သူေတြ ျဖစ္ပါတယ္။

“သူတို႔က ဘုန္းႀကီးတစ္ပါးနဲ႔ အမ်ိဳး သား တစ္ေယာက္ ေပါ့ေနာ္၊ သူတို႔က (၂၇)ရက္ေန႔က ေရာက္လာေတာ့ သူတို႔တည္းခိုတဲ့ ဘုန္းႀကီးေက်ာင္းမွာပဲ Home Quarantine ဝင္ခိုင္းထားၿပီး(၂၈)ရက္ေန႔ ဓာတ္ခြဲ နမူနာေတြ ယူခဲ့တာေပါ့ေနာ္၊ အဲဒီေနာက္ ဒီေန႔မနက္ ပိုးေတြ႕လူနာေတြထဲမွာ သူတို႔(၂) ေယာက္ပါလာေတာ့ ကၽြန္ေတာ္ တို႔က သြားၾကတာေပါ့ေနာ္၊ အဲဒီအခ်ိန္မွာ ပိုးေတြ႕တဲ့အမ်ိဳးသားက မရွိေတာ့ဘူး၊ သူ႔ကိုဖုန္းဆက္ေတာ့ စစ္ေတြျပန္ေရာက္သြားၿပီတဲ့။ အဲတာနဲ႔ ကၽြန္ေတာ္တို႔လည္းသူ႔ကို က်န္းမာေရးလမ္းညႊန္ခ်က္ေတြနဲ႔အညီ ေနခိုင္းထားၿပီး ရခိုင္ျပည္နယ္က သက္ဆိုင္ရာလူႀကီးေတြကို ဆက္သြယ္ၿပီး သူတို႔ ကပဲ ဆက္လက္ေဆာင္ရြက္ေနပါတယ္”လို႔ ဗဟန္းၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းျမင့္က ေျပာပါတယ္။

ရခိုင္ျပည္နယ္ ကို ျပန္သြားခဲ့တဲ့ ကိုဗစ္လူနာဟာ စက္တင္ ဘာလ(၃)ရက္ေန႔၊ ေန႔လည္(၃)နာရီတုန္း က ရန္ကုန္ေလဆိပ္ ကေနတဆင့္ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ကို ျပန္သြား ခဲ့တာျဖစ္ၿပီး သူနဲ႔အတူ ေလယာဥ္စီးခဲ့တဲ့ ခရီးသည္ေတြအပါအဝင္ ထိေတြ႕ဆက္စပ္မႈရွိခဲ့တဲ့သူေတြကို စုံစမ္းေနတယ္လို႔ သိရပါတယ္။ဒါအျပင္ သူတည္းခိုေနထိုင္ ခဲ့တဲ့ ဘုန္းႀကီးေက်ာင္းကို Lockdown လုပ္ထားၿပီး ဘုန္းႀကီးေက်ာင္းမွာရွိတဲ့ သံဃာ(၃ဝ)ေက်ာ္ကိုလည္း အသြားအလာကန႔္သတ္ထားၿပီး က်န္းမာေရးစစ္ေဆးမႈေတြခံယူခိုင္းထားပါတယ္။ဒီေန႔ မနက္ပိုင္းအထိေတာ့ ျမန္မာနိုင္ငံမွာ ကိုဗစ္လူနာ(၁၁၁၃)ေယာက္ ရွိၿပီး အဲဒီထဲမွာ ျပန္ေကာင္းမြန္သူ (၃၅၉)ေယာက္နဲ႔ ေသဆုံးသူ(၇)ေယာက္ရွိေနပါတယ္။

Credit O Media

unicode

ရန်ကုန် တိုင်း၊ ဗဟန်းမြို့နယ်မှာ တွေ့ခဲ့တဲ့ ကိုဗစ် လူနာ အမှတ်(၁ဝရ၇)ဟာ ဓာတ်ခွဲ နမူနာ စစ်ဆေး နေတဲ့ Home Quarantine ကာလထဲမှာ ခွင့်ပြုချက် မရဘဲ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ပြန်သွားခဲ့တယ်လို့ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆီက သိရပါတယ်။ဒီနေ့ မနက်ပိုင်း ကိုဗစ်လူနာ စာရင်းထုတ် ပြန်ချက်ထဲမှာ ကိုဗစ်လူနာ (၂)ယောက်ကို ဗဟန်းမှာတွေ့ခဲ့တာ ဖြစ်ပြီး သူတို့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ(၂၇)ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေကနေလာတဲ့သူတွေ ဖြစ်ပါတယ်။

“သူတို့က ဘုန်းကြီးတစ်ပါးနဲ့ အမျိုး သား တစ်ယောက် ပေါ့နော်၊ သူတို့က (၂၇)ရက်နေ့က ရောက်လာတော့ သူတို့တည်းခိုတဲ့ ဘုန်းကြီးကျောင်းမှာပဲ Home Quarantine ဝင်ခိုင်းထားပြီး(၂၈)ရက်နေ့ ဓာတ်ခွဲ နမူနာတွေ ယူခဲ့တာပေါ့နော်၊ အဲဒီနောက် ဒီနေ့မနက် ပိုးတွေ့လူနာတွေထဲမှာ သူတို့(၂) ယောက်ပါလာတော့ ကျွန်တော် တို့က သွားကြတာပေါ့နော်၊ အဲဒီအချိန်မှာ ပိုးတွေ့တဲ့အမျိုးသားက မရှိတော့ဘူး၊ သူ့ကိုဖုန်းဆက်တော့ စစ်တွေပြန်ရောက်သွားပြီတဲ့။ အဲတာနဲ့ ကျွန်တော်တို့လည်းသူ့ကို ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ နေခိုင်းထားပြီး ရခိုင်ပြည်နယ်က သက်ဆိုင်ရာလူကြီးတွေကို ဆက်သွယ်ပြီး သူတို့ ကပဲ ဆက်လက်ဆောင်ရွက်နေပါတယ်”လို့ ဗဟန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြောပါတယ်။

ရခိုင်ပြည်နယ် ကို ပြန်သွားခဲ့တဲ့ ကိုဗစ်လူနာဟာ စက်တင် ဘာလ(၃)ရက်နေ့၊ နေ့လည်(၃)နာရီတုန်း က ရန်ကုန်လေဆိပ် ကနေတဆင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ပြန်သွား ခဲ့တာဖြစ်ပြီး သူနဲ့အတူ လေယာဉ်စီးခဲ့တဲ့ ခရီးသည်တွေအပါအဝင် ထိတွေ့ဆက်စပ်မှုရှိခဲ့တဲ့သူတွေကို စုံစမ်းနေတယ်လို့ သိရပါတယ်။ဒါအပြင် သူတည်းခိုနေထိုင် ခဲ့တဲ့ ဘုန်းကြီးကျောင်းကို Lockdown လုပ်ထားပြီး ဘုန်းကြီးကျောင်းမှာရှိတဲ့ သံဃာ(၃ဝ)ကျော်ကိုလည်း အသွားအလာကန့်သတ်ထားပြီး ကျန်းမာရေးစစ်ဆေးမှုတွေခံယူခိုင်းထားပါတယ်။ဒီနေ့ မနက်ပိုင်းအထိတော့ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ(၁၁၁၃)ယောက် ရှိပြီး အဲဒီထဲမှာ ပြန်ကောင်းမွန်သူ (၃၅၉)ယောက်နဲ့ သေဆုံးသူ(၇)ယောက်ရှိနေပါတယ်။

Credit O Media