ပြည်သူတွေကို ချစ်တဲ့စိတ် တစ်ခုတည်း နဲ့ ဖြစ်သလိုနေထိုင် စားသောက်ပြီး တိုက်ပွဲဝင် နေကြတဲ့ အညတရ သူရဲကောင်းများ




unicode

ကြုံသလို စားသောက်နေထိုင်က တိုက်ပွဲဝင်ပေးလျက် ရှိသည့် ရခိုင်ပြည်နယ် မှ ကျန်းမာရေး ဝန်ထမ်းများတကယ့်ကို လေးစာချီးကျူးပါတယ်။ ကျန်းမာရေးဝန်းထမ်းများလည်း အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။တစ်နိုင်ငံလုံး ကိုယ့်ကျန်းမာရေး အတွက် Stay at home နေတဲ့ အချိန်မှာတောင်

နိုင်ငံတော်ရဲ့သူရဲကောင်း တွေက တစ်နိုင်ငံလုံး ရဲ့ ကျန်းမာရေးအတွက် ရှေ့တန်းထွက်ပြီး တိုက်ပွဲဝင်နေကြတယ်။ အဆင်မပြေမှုတွေရှိလည်း ပြည်သူတွေကို ချစ်တဲ့စိတ်နဲ့ သူတို့သည်းခံပြီး တိုက်ပွဲဝင်နေကြတယ်။ ဘယ်သူမှ မလုပ်ရဲတဲ့ အလုပ်ကို သူတို့လေးတွေလုပ်ရဲတယ်။

စစ်သားတွေလို သေနတ်ကိုင် ရှေ့တန်းထွက်ပြီး စစ်မတိုက် တက်ပေမယ့် အန္တရာယ်တွေ ကြားထဲမှာ ကျင်လည်နေရတယ်။ မိသားစုအတွက်တော့ သူတို့မိသားစုကိုထည့်မတွက်တဲ့ အမိုက်အမဲလေးတွေဖြစ်ချင် ဖြစ်ပါလိမ့်မယ် နိုင်ငံတော်ကြီးအတွက် တကယ့်သူရဲကောင်းလေးတွေပါ။