သူ့ရဲ့ ချစ်သူ မိန်းကလေး ကို ထုတ်ဖော် ပြသလိုက် ပြီ ဖြစ်တဲ့ ပိုင်တံ ခွန်




unicode

မင်းသားချော ပိုင်တံခွန် ကတော့ ဆယ်ကျော်သက် အရွယ် ပျိုပျိုမေလေး တွေကြားမှာ သည်းသည်း လှုပ် ရေပန်းစား အောင်မြင်နေတဲ့ အနုပညာရှင် တစ်ဦး ဖြစ်ပါတယ်။ ခဏလေးအတွင်းမှာ လူသိများ အောင်မြင်လာတဲ့ ပိုင်တံခွန်က အခုဆိုရင် ရုပ်ရှင် ဇာတ်ကားကြီးတွေနဲ့ သီချင်းဗီဒီယိုတွေ ဆက်တိုက် ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ တစ်ချက်ပြုံးလိုက်တိုင်း ပျိုပျိုမေလေးတွေရဲ့ ရင်ခုန်သံတွေကို မြန်ဆန်စေနိုင်ခဲ့သူလေးလည်းဖြစ်ပါတယ်။

မိန်းကလေး ပရိသတ်တွေ စိတ်အဝင်စားဆုံးအရာကတော့ ပိုင်တံခွန်ရဲ့အချစ်ရေးပါ။ ပိုင်တံခွန် ကတော့အချစ်ရေးနဲ့ ပတ်သက်ပြီး ထုတ်ပြောထားခြင်းမရှိပေမယ့် ဒီနေ့မှာတော့ သူကိုယ်တိုင် တည်းဖြတ်ထားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ My dayမှာ အတိအလင်းတင်လာခဲ့တာပါ။ တစ်ခါမှ မိန်းကလေးနဲ့ပတ်သက်ပြီးပရိသတ်တွေကိုချမပြခဲ့ပေမယ့် အခုကတော့ တရားဝင်ပြောပြလိုက်တယ်လို့တောင်ဆိုရမှာပါ။

ချစ်စရာကောင်းပြီး အပြစ်ပြောရက်စရာမရှိတဲ့ မိန်မလှလေး ကတော့ ပိုင်တံခွန်ရဲ့ ချစ်တာကိုခံရတဲ့ အတွက် မိန်းကလေးပရိသတ်တွေ ကတော့အားကျနေတာ အမှန်ပါပဲနော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။