အၾကပ္ အတည္း အမ်ိဳးမ်ိဳး ကို (၇) ရက္ အတြင္းလြတ္ေျမာက္ေစနိုင္တဲ့ အဓိဌာန္….

တနဂၤေႏြေန႔ က ေန စၿပီး အဓိဌာန္ ဝင္ပါ ။တနဂၤေႏြေန႔.. တနဂၤေႏြ ေထာင့္ ေမတၱာ သုတ္ေတာ္ ၆ ေခါက္ ၊ တနဂၤေႏြေန႔ ဖြားျမတ္စြာဘုရားရွင္ အေပါင္း ကို ရည္မွန္းၿပီး ကန္ေတာ့ပါ ။မိမိ ကုသိုလ္ အလုပ္ အားလုံး ၿပီးစီးသည့္ အခါ တနဂၤေႏြ ၿဂိဳဟ္နတ္မင္းႀကီးကို အမႈးထားၿပီး ေဝေနယ် တို႔ကိုေမတၱာပို႔ အေမၽွေဝပါ ။တနလၤာေန႔ ေသာၾကာေထာင့္ ေမတၱာသုတ္ေတာ္၂၁ ေခါက္ ၊ ေသာၾကာေန႔ ဖြာ းျမတ္စြာဘုရားရွင္ အေပါင္းကို ရည္မွန္းၿပီး ကန္ေတာ့ပါ ။ မိမိ ကုသိုလ္ အလုပ္ အားလုံး ၿပီးစီးသည့္ အခါတနဂၤေႏြ ၿဂိဳဟ္နတ္မင္းႀကီးကို အမႈးထားၿပီး ေဝေနယ် တို႔ကိုေမတၱာပို႔ အေမၽွေဝပါ ။

စသည္ျဖင့္ အထက္ပါ အတိုင္း အတိုခ်ဳံးခြင့္ ျပဳပါ ခင္ဗ်ာ အဂၤါေန႔ ရာဟုေထာင့္ ေမတၱာ သုတ္ေတာ္ ၁၂ ေခါက္ ၊ ဗုဒၶဟူးေန႔ ၾကာသာပေတးေထာင့္၊ ေမတၱာသုတ္ေတာ္ ၁၉ ေခါက္၊ၾကာသပေတးေန႔..စေနေထာင့္.၊ ေမတၱာ သုတ္ေတာ္၁၀ ေခါက္ ၊ ေသာၾကာေန႔…ဗုဒၶဟူးေထာင့္ ၊ ေမတၱာသုတ္ေတာ္..၁၇ ေခါက္ ၊စ ေနေန႔ အဂၤါေထာင့္ ၊ ေမတၱာသုတ္ေတာ္ ၈ေခါက္ ၊တနဂၤေႏြေန႔ တနလၤာေထာင့္ ေမတၱာသုတ္ေတာ္ ၁၅ ေခါက္ ။ ေမတၱာသုတ္ေတာ္ အဓိဌာန္ ၿပီးပါၿပီ ။ တနဂၤေႏြေန႔မွာ တနဂၤေႏြေထာင့္ ကေန စၿပီး အဓိဌာန္ ဝင္လာခဲ့ တာပါ ။

တနဂၤေႏြေန႔ မွာပဲတနလၤာေထာင့္မွာ အဓိဌာန္ ပထမအဆင့္ ၿပီးသြားတာပါ ။ လုပ္နိုင္ရင္ ဆက္တိုက္ ထိုေန႔မွာပဲ ေမာရသုတ္ေတာ္ကို အထက္ပါ အတိုင္းပဲ တနဂၤေႏြေထာင့္ကေန စၿပီး အဓိဌာန္ ဆက္ဝင္ သြားပါမယ္ ။အထက္က ေရးေပးထားသည့္ အစဥ္အတိုင္းပဲ ေမတၱာသုတ္ေတာ္ ေနရာမွာ ေမာရ သုတ္ေတာ္ကို အစားထိုး ရြတ္ဖတ္သြားၿပီး ဆိုင္ရာ ေန႔ဖြား ဘုရားရွင္ ေတြကိုလည္း နည္းတူ ကန္ေတာ့ဆိုင္ရာ ၿဂိဳဟ္မင္းေတြကိုလည္း ထုံးစံအတိုင္း အမၽွေပးေဝၿပီး ဆက္တိုက္ ဆက္သြားပါ ။

ရြတ္ရင္းဖတ္ရင္းနဲ႔ မိမိသည္ တစ္ရက္ၿပီး တစ္ရက္ ဘုရားေစတီကို လက္ဝဲရစ္ လွည့္ၿပီး ပူေဇာ္သြားေနတာကို သတိျပဳ မိလာနိုင္ ပါတယ္ ။ဒီ အဓိဌာန္ကို တစ္ကယ္ အခက္အခဲ ၾကဳံေနသူမ်ားသာ လုပ္သင့္ ပါတယ္ ။ ( အလုပ္အကိုင္ ပိုမိုေကာင္းခ်င္လို႔ ေငြပိုဝင္ ခ်င္လို႔ အစရွိသျဖင့္ ေလာဘျဖင့္ လုံးဝ မလုပ္သင့္ပါ ။ )ဟိုတစ္ခါကၽြန္ေတာ္ တင္ေပးဖူးသည့္ အလုပ္အကိုင္ ရရွိေစသည့္ အဓိဌာန္မ်ိဳး ကဲ့သို႔ မဟုတ္ပါ ။ အဲဒီ့ အဓိဌာန္ကေတာ့ အလုပ္မရွိလို႔ပဲ ျဖစ္ျဖစ္ အလုပ္ပို ေကာင္းခ်င္လို႔ပဲ ျဖစ္ျဖစ္ ဝင္နိုင္ေလေကာင္း ေလပါပဲ ။

ဒီ အဓိဌာန္ကေတာ့ တစ္ကယ္ အက်ပ္အတည္း ဆိုက္ၿပီး ျပႆနာေပါင္းစုံ တက္ေနသည့္ အေျခအေနမ်ိဳး ေရာက္ေနသည့္ သူေတြ အတြက္ သီးသန႔္ျဖစ္ ပါတယ္ ။ ပိုမို ထက္ျမက္ခ်င္သူမ်ား သန႔္ရွင္းေရး ကုသိုလ္ေလးနဲ႔ တြဲၿပီးလုပ္ပါ ။ကံေႂကြးဝဋ္ေႂကြး မဟုတ္ခဲ့ ရင္ေတာ့ သိသိသာသာ ကိုပဲ အဓိဌာန္ ျပည့္ေျမာက္ၿပီး တစ္ပတ္ခန႔္ အတြင္းမွာကို .. အခက္အခဲမ်ား ေျပေလ်ာ့သြားတတ္ ပါတယ္ခင္ဗ်ား ။လက္ေတြ႕လည္း လူအမ်ားကို ကၽြန္ေတာ္ ညႊန္ေပးေနသည့္ အဓိဌာန္ဝင္နည္း ေလးသာ ျဖစ္ပါတယ္ ။ ကၽြန္ေတာ္ကိုယ္တိုင္လည္း ဒုကၡ သုက္ ခသိပ္ေရာက္လာရင္

ဘုရားမွတစ္ပါး ကိုးကြယ္ရာ မရွိ ၊ တရားမွ တစ္ပါး ကိုးကြယ္ရာ မရွိ၊ သံဃာမွ တစ္ပါး ကိုးကြယ္ရာ မရွိပါခင္ဗ်ား ။ ကိုယ္လုပ္မွ ကိုယ္ရနိုင္သလို တစ္ကယ္ျဖစ္ခ်င္ တစ္ကယ္လုပ္နိုင္ဖို႔သာ လိုအပ္ပါေၾကာင္း အခက္အခဲ အက်ပ္အတည္းတို႔မွ လြတ္ေျမာက္ၾက ပါေစ သတည္း ။ဤ ပညာဒါန ကုသိုလ္သည္ ျဖစ္ေလရာ ဘဝတိုင္းတြင္ တပည့္ေတာ္အား အခက္အခဲအက်ပ္အတည္း ဆိုက္ေရာက္သည္တိုင္းတြင္ မ်ားမၾကာမီ လြတ္ေျမာက္ေစသည့္ အေထာက္အပံ့ေကာင္း ျဖစ္ပါေစ..သတည္း ။

ေလးျမတ္စြာျဖင့္ ကိုဖုန္း။ သုေတသီေဝသာလီေမာင္ဖုန္း။ ကိုစိုးမိုးထြန္း (ေဗဒင္ပညာသုေတသီ)

unicode

တနင်္ဂနွေနေ့ က နေ စပြီး အဓိဌာန် ဝင်ပါ ။တနင်္ဂနွေနေ့.. တနင်္ဂနွေ ထောင့် မေတ္တာ သုတ်တော် ၆ ခေါက် ၊ တနင်္ဂနွေနေ့ ဖွားမြတ်စွာဘုရားရှင် အပေါင်း ကို ရည်မှန်းပြီး ကန်တော့ပါ ။မိမိ ကုသိုလ် အလုပ် အားလုံး ပြီးစီးသည့် အခါ တနင်္ဂနွေ ဂြိုဟ်နတ်မင်းကြီးကို အမှုးထားပြီး ဝေနေယျ တို့ကိုမေတ္တာပို့ အမျှေဝေပါ ။တနင်္လာနေ့ သောကြာထောင့် မေတ္တာသုတ်တော်၂၁ ခေါက် ၊ သောကြာနေ့ ဖွာ းမြတ်စွာဘုရားရှင် အပေါင်းကို ရည်မှန်းပြီး ကန်တော့ပါ ။ မိမိ ကုသိုလ် အလုပ် အားလုံး ပြီးစီးသည့် အခါတနင်္ဂနွေ ဂြိုဟ်နတ်မင်းကြီးကို အမှုးထားပြီး ဝေနေယျ တို့ကိုမေတ္တာပို့ အမျှေဝေပါ ။

စသည်ဖြင့် အထက်ပါ အတိုင်း အတိုချုံးခွင့် ပြုပါ ခင်ဗျာ အင်္ဂါနေ့ ရာဟုထောင့် မေတ္တာ သုတ်တော် ၁၂ ခေါက် ၊ ဗုဒ္ဓဟူးနေ့ ကြာသာပတေးထောင့်၊ မေတ္တာသုတ်တော် ၁၉ ခေါက်၊ကြာသပတေးနေ့..စနေထောင့်.၊ မေတ္တာ သုတ်တော်၁၀ ခေါက် ၊ သောကြာနေ့…ဗုဒ္ဓဟူးထောင့် ၊ မေတ္တာသုတ်တော်..၁၇ ခေါက် ၊စ နေနေ့ အင်္ဂါထောင့် ၊ မေတ္တာသုတ်တော် ၈ခေါက် ၊တနင်္ဂနွေနေ့ တနင်္လာထောင့် မေတ္တာသုတ်တော် ၁၅ ခေါက် ။ မေတ္တာသုတ်တော် အဓိဌာန် ပြီးပါပြီ ။ တနင်္ဂနွေနေ့မှာ တနင်္ဂနွေထောင့် ကနေ စပြီး အဓိဌာန် ဝင်လာခဲ့ တာပါ ။

တနင်္ဂနွေနေ့ မှာပဲတနင်္လာထောင့်မှာ အဓိဌာန် ပထမအဆင့် ပြီးသွားတာပါ ။ လုပ်နိုင်ရင် ဆက်တိုက် ထိုနေ့မှာပဲ မောရသုတ်တော်ကို အထက်ပါ အတိုင်းပဲ တနင်္ဂနွေထောင့်ကနေ စပြီး အဓိဌာန် ဆက်ဝင် သွားပါမယ် ။အထက်က ရေးပေးထားသည့် အစဉ်အတိုင်းပဲ မေတ္တာသုတ်တော် နေရာမှာ မောရ သုတ်တော်ကို အစားထိုး ရွတ်ဖတ်သွားပြီး ဆိုင်ရာ နေ့ဖွား ဘုရားရှင် တွေကိုလည်း နည်းတူ ကန်တော့ဆိုင်ရာ ဂြိုဟ်မင်းတွေကိုလည်း ထုံးစံအတိုင်း အမျှပေးဝေပြီး ဆက်တိုက် ဆက်သွားပါ ။

ရွတ်ရင်းဖတ်ရင်းနဲ့ မိမိသည် တစ်ရက်ပြီး တစ်ရက် ဘုရားစေတီကို လက်ဝဲရစ် လှည့်ပြီး ပူဇော်သွားနေတာကို သတိပြု မိလာနိုင် ပါတယ် ။ဒီ အဓိဌာန်ကို တစ်ကယ် အခက်အခဲ ကြုံနေသူများသာ လုပ်သင့် ပါတယ် ။ ( အလုပ်အကိုင် ပိုမိုကောင်းချင်လို့ ငွေပိုဝင် ချင်လို့ အစရှိသဖြင့် လောဘဖြင့် လုံးဝ မလုပ်သင့်ပါ ။ )ဟိုတစ်ခါကျွန်တော် တင်ပေးဖူးသည့် အလုပ်အကိုင် ရရှိစေသည့် အဓိဌာန်မျိုး ကဲ့သို့ မဟုတ်ပါ ။ အဲဒီ့ အဓိဌာန်ကတော့ အလုပ်မရှိလို့ပဲ ဖြစ်ဖြစ် အလုပ်ပို ကောင်းချင်လို့ပဲ ဖြစ်ဖြစ် ဝင်နိုင်လေကောင်း လေပါပဲ ။

ဒီ အဓိဌာန်ကတော့ တစ်ကယ် အကျပ်အတည်း ဆိုက်ပြီး ပြဿနာပေါင်းစုံ တက်နေသည့် အခြေအနေမျိုး ရောက်နေသည့် သူတွေ အတွက် သီးသန့်ဖြစ် ပါတယ် ။ ပိုမို ထက်မြက်ချင်သူများ သန့်ရှင်းရေး ကုသိုလ်လေးနဲ့ တွဲပြီးလုပ်ပါ ။ကံကြွေးဝဋ်ကြွေး မဟုတ်ခဲ့ ရင်တော့ သိသိသာသာ ကိုပဲ အဓိဌာန် ပြည့်မြောက်ပြီး တစ်ပတ်ခန့် အတွင်းမှာကို .. အခက်အခဲများ ပြေလျော့သွားတတ် ပါတယ်ခင်ဗျား ။လက်တွေ့လည်း လူအများကို ကျွန်တော် ညွှန်ပေးနေသည့် အဓိဌာန်ဝင်နည်း လေးသာ ဖြစ်ပါတယ် ။ ကျွန်တော်ကိုယ်တိုင်လည်း ဒုက္ခ သုက် ခသိပ်ရောက်လာရင်

ဘုရားမှတစ်ပါး ကိုးကွယ်ရာ မရှိ ၊ တရားမှ တစ်ပါး ကိုးကွယ်ရာ မရှိ၊ သံဃာမှ တစ်ပါး ကိုးကွယ်ရာ မရှိပါခင်ဗျား ။ ကိုယ်လုပ်မှ ကိုယ်ရနိုင်သလို တစ်ကယ်ဖြစ်ချင် တစ်ကယ်လုပ်နိုင်ဖို့သာ လိုအပ်ပါကြောင်း အခက်အခဲ အကျပ်အတည်းတို့မှ လွတ်မြောက်ကြ ပါစေ သတည်း ။ဤ ပညာဒါန ကုသိုလ်သည် ဖြစ်လေရာ ဘဝတိုင်းတွင် တပည့်တော်အား အခက်အခဲအကျပ်အတည်း ဆိုက်ရောက်သည်တိုင်းတွင် များမကြာမီ လွတ်မြောက်စေသည့် အထောက်အပံ့ကောင်း ဖြစ်ပါစေ..သတည်း ။

လေးမြတ်စွာဖြင့် ကိုဖုန်း။ သုတေသီဝေသာလီမောင်ဖုန်း။ ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)