ယေန႔ညတြင္ ေလလံပိတ္မည့္ ေဒၚေအာင္ဆန္းစုၾကည္၏ ကဗ်ာ နံနက္ ၁၁ နာရီတြင္ က်ပ္သိန္း (၉၉၉) အထိ ေလလံေဈးရရွိထား

ႏိုင္ငံေတာ္အတိုင္ပင္ခံ၏ ကဗ်ာစာ႐ြက္ ေလလံေဈး ကို က်ပ္ ၅၄ သိန္း ၾကမ္းခင္းေဈးအေနနဲ႔ သတ္မွတ္တာက ေတာ့ ေဒၚေအာင္ဆန္းစု ၾကည္ရဲ႕ လက္ေရးကဗ်ာျဖစ္တဲ့အတြက္ အမွတ္တရျဖစ္ေအာင္ သတ္မွတ္တာျဖစ္တယ္လို႔ ဆိုပါတယ္။ ဝယ္ယူလိုသူေတြကိုေတာ့ ေမာင္ ေမာင္ေအးက သူ႔ရဲ႕ ပို႔စ္ေအာက္မွာ ဖိတ္ေခၚထားတာ ျဖစ္ပါတယ္။

စည္းကမ္းအေနနဲ႔ ေစ်းတႀကိမ္တိုးတိုင္း ၁ သိန္းနဲ႔အထက္ သိန္းဂဏန္းအ တိသာ တိုးခြင့္ျပဳသြားမယ္လို႔လည္း ေဖာ္ျပထားပါတယ္။ လက္ ရွိမွာေတာ့ REDs Vote NLD အမည္နဲ႔ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာတခု ဖြင့္လွစ္ ထားခဲ့ၿပီျဖစ္ကာ ေလလံကို အခုလာမယ့္ စက္တင္ဘာ လ ၅ ရက္ ယေန႔ည ၉ နာရီအတိမွာ Live ေစ်းၿပိဳင္စနစ္နဲ႔ ပိတ္သိမ္းမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံ၏ လက္ေရးမူကဗ်ာ ေလလံစီစဥ္သူ ကိုေမာင္ေမာင္ေအးက “ ေနာက္ထပ္ေလလံတိုးျမႇင့္ေပးလိုသူမ်ားအေနျဖင့္ မူ ရင္းပို႔စ္ /100002495768008/posts/3321845417908618/ သို႔သြားေရာက္ ေလ့လာၿပီး ကြၽန္ေတာ့္ CB တြင္လာေရာက္ ထပ္မံတိုး ျမႇင့္ေပးႏိုင္ပါတယ္”လို႔ ဆိုပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ လက္ေရးမူကဗ်ာကို ယေန႔ နံနက္ ၁၁ နာရီေက်ာ္အထိ က်ပ္သိန္း ၉၉၉ အထိ ေလလံေဈးရရွိထားတယ္လို႔ ကို ေမာင္ေမာင္ေအးက ေျပာၾကားလိုက္ပါတယ္။ကိုေမာင္ေမာင္ေအးက “ အေမစု လက္ေရးကဗ်ာစာ႐ြက္ကို ၅ ရက္ေန႔ မနက္ ၁၁:၃၇ မိနစ္ တြင္ ကိုမ်ိဳး Any Call Mobile မွ ၉၉၉ သိန္း နဲ႔ ေလလံေစ်းတိုးျမႇင့္ေပးပါၿပီ…” လို႔ ဆိုပါတယ္။ယင္း ေလလံကို ယေန႔ ညေန ၉ နာရီတြင္ REDs Vote NLD page ကေန live ေစ်းၿပိဳင္စနစ္နဲ႔ ပိတ္သိမ္းသြားမည္ျဖစ္ေၾကာင္း သိရပါ တယ္။

CRD: MYANMA PLATFORM

unicode

နိုင်ငံတော်အတိုင်ပင်ခံ၏ ကဗျာစာရွက် လေလံဈေး ကို ကျပ် ၅၄ သိန်း ကြမ်းခင်းဈေးအနေနဲ့ သတ်မှတ်တာက တော့ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ လက်ရေးကဗျာဖြစ်တဲ့အတွက် အမှတ်တရဖြစ်အောင် သတ်မှတ်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဝယ်ယူလိုသူတွေကိုတော့ မောင် မောင်အေးက သူ့ရဲ့ ပို့စ်အောက်မှာ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။

စည်းကမ်းအနေနဲ့ စျေးတကြိမ်တိုးတိုင်း ၁ သိန်းနဲ့အထက် သိန်းဂဏန်းအ တိသာ တိုးခွင့်ပြုသွားမယ်လို့လည်း ဖော်ပြထားပါတယ်။ လက် ရှိမှာတော့ REDs Vote NLD အမည်နဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတခု ဖွင့်လှစ် ထားခဲ့ပြီဖြစ်ကာ လေလံကို အခုလာမယ့် စက်တင်ဘာ လ ၅ ရက် ယနေ့ည ၉ နာရီအတိမှာ Live စျေးပြိုင်စနစ်နဲ့ ပိတ်သိမ်းမှာဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ၏ လက်ရေးမူကဗျာ လေလံစီစဉ်သူ ကိုမောင်မောင်အေးက “ နောက်ထပ်လေလံတိုးမြှင့်ပေးလိုသူများအနေဖြင့် မူ ရင်းပို့စ် /100002495768008/posts/3321845417908618/ သို့သွားရောက် လေ့လာပြီး ကျွန်တော့် CB တွင်လာရောက် ထပ်မံတိုး မြှင့်ပေးနိုင်ပါတယ်”လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လက်ရေးမူကဗျာကို ယနေ့ နံနက် ၁၁ နာရီကျော်အထိ ကျပ်သိန်း ၉၉၉ အထိ လေလံဈေးရရှိထားတယ်လို့ ကို မောင်မောင်အေးက ပြောကြားလိုက်ပါတယ်။ကိုမောင်မောင်အေးက “ အမေစု လက်ရေးကဗျာစာရွက်ကို ၅ ရက်နေ့ မနက် ၁၁:၃၇ မိနစ် တွင် ကိုမျိုး Any Call Mobile မှ ၉၉၉ သိန်း နဲ့ လေလံစျေးတိုးမြှင့်ပေးပါပြီ…” လို့ ဆိုပါတယ်။ယင်း လေလံကို ယနေ့ ညနေ ၉ နာရီတွင် REDs Vote NLD page ကနေ live စျေးပြိုင်စနစ်နဲ့ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရပါ တယ်။

CRD: MYANMA PLATFORM