ျဖဴျဖဴေထြးတို႔ ျပသနာကို မျမင္ခ်င္ေယာင္ မၾကား ခ်င္ေယာင္ ေဆာင္လိုက္ ၾကပါ ဆိုတဲ့ ျမန္မာ နိုင္ငံ ႐ုပ္ရွင္ အစည္းအ႐ုံး ဥကၠဌ ဦးညီညီထြန္း လြင္

ျမန္မာ နိုင္ငံ ႐ုပ္ရွင္အစည္း အ႐ုံး ဥကၠ႒ ညီညီထြန္းလြင္ တခ်ိန္က နာမည္ေက်ာ္ ဒါရိုက္တာ တစ္ဦး ျဖစ္သလို ယခုထက္ထိ ႐ုပ္ရွင္ေလာကသား မ်ားရဲ့ ေလးစားမႈ ကို ရရွိေနသူတစ္ဦးျဖစ္ပါတယ္ယခုရက္ပိုင္းျဖစ္ပြားေနတဲ့ သ႐ုပ္ေဆာင္မင္းခန႔္ေက်ာ္က ျဖဴျဖဴေထြးကို ျပင္းထန္စြာ ေဝဖန္ခဲ့တဲ့ အတြက္ ျဖဴျဖဴေထြးက ႐ုပ္ရွင္အစည္းအ႐ုံးကို တိုင္ၾကားခဲ့တာနဲ႔ပတ္သတ္ၿပီး ဦးညီက အခုလိုပဲ ေျပာျပလာခဲ့ပါတယ္။

”အစည္းအ႐ုံး ကေတာ့ ဒီလိုမ်ိဳး ျဖစ္ၾကတဲ့ အခါ မ်က္ႏွာ ခ်င္းဆိုင္ ေျဖရွင္းတာမ်ိဳး လုပ္ေပးေလ့ မရွိပါဘူး ရန္ျဖစ္ကုန္မွာေပါ့ေနာ္ မ်က္ႏွာခ်င္းဆိုင္ေပးလိုက္ရင္ အဲ့လိုေတာ့မလုပ္ေပးပါဘူး ဘာပဲေျပာေျပာ တစ္ဖက္စီကို ညႇိႏွိုင္းေပးတယ္ မင္းကလည္းမႀကိဳက္တာကို ဒီလိုမလုပ္နဲ႔ ဒီဘက္က လည္း ဒီလိုမ်ိဳးေတြ Facebook မွာမတင္နဲ႔ ဒီလိုပဲျဖန္ေျဖေပးတာေပါ့ ” လို႔ ျဖဴျဖဴေထြးတို႔ျပႆနာကိုေျဖရွင္းေပးခဲ့တဲ့အေၾကာင္း ေျပာျပလာခဲ့တာပါ။

”႐ုပ္ရွင္အစည္းအ႐ုံး ကေတာ့ NGO အဖြဲ႕အစည္း ဆို ေတာ့ စီရင္ပိုင္ခြင့္ေတာ့မရွိပါဘူး ျဖန္ေျဖေပးတာ ပဲရမယ္ တကယ္လို႔ ထပ္ၿပီး မေက်နပ္က် ရင္ေတာ့ တရား႐ုံး မွာေရွ႕ေနနဲ႔ရွင္းၾကေပါ့ ဒါပဲေျပာေပးလို႔ရမယ္ ” လို႔လည္းဆက္လက္ေျပာၾကားခဲ့ပါတယ္“ေျပာခ်င္တာက ဆဲတာကေတာ့ ဥကၠဌ လည္းဆဲ ေနတာပဲဆိုေတာ့ေလ သားတို႔သမီးတို႔ သည္းခံၾကပါ ေတာ္႐ုံတန္႐ုံ ကိစၥဆို မျမင္ခ်င္ေယာင္ေဆာင္ လိုက္ၾကပါ လို႔ပဲ ေျပာခ်င္ပါတယ္ ” လို႔ ဦးညီညီထြန္းလြင္က ေျပာၾကားသြားခဲ့တာပါ ပရိသတ္ႀကီးေရ ဦးညီညီထြန္းလြင္ကေတာ့ ႐ုပ္ရွင္အစည္းအ႐ုံး ကေျဖရွင္းေပးခဲ့တဲ့ပုံစံေလးကိုပဲေျပာၿပ သြားခဲ့တာျဖစ္ပါတယ္ေနာ္ လူမႈကြန္ယက္မွာ ထင္ရွားေနတာျဖစ္လို႔ တင္ဆက္ေပးလိုက္ရပါတယ္ေနာ္။

Credit ShweYaungLan

unicode

မြန်မာ နိုင်ငံ ရုပ်ရှင်အစည်း အရုံး ဥက္ကဋ္ဌ ညီညီထွန်းလွင် တချိန်က နာမည်ကျော် ဒါရိုက်တာ တစ်ဦး ဖြစ်သလို ယခုထက်ထိ ရုပ်ရှင်လောကသား များရဲ့ လေးစားမှု ကို ရရှိနေသူတစ်ဦးဖြစ်ပါတယ်ယခုရက်ပိုင်းဖြစ်ပွားနေတဲ့ သရုပ်ဆောင်မင်းခန့်ကျော်က ဖြူဖြူထွေးကို ပြင်းထန်စွာ ဝေဖန်ခဲ့တဲ့ အတွက် ဖြူဖြူထွေးက ရုပ်ရှင်အစည်းအရုံးကို တိုင်ကြားခဲ့တာနဲ့ပတ်သတ်ပြီး ဦးညီက အခုလိုပဲ ပြောပြလာခဲ့ပါတယ်

”အစည်းအရုံး ကတော့ ဒီလိုမျိုး ဖြစ်ကြတဲ့ အခါ မျက်နှာ ချင်းဆိုင် ဖြေရှင်းတာမျိုး လုပ်ပေးလေ့ မရှိပါဘူး ရန်ဖြစ်ကုန်မှာပေါ့နော် မျက်နှာချင်းဆိုင်ပေးလိုက်ရင် အဲ့လိုတော့မလုပ်ပေးပါဘူး ဘာပဲပြောပြော တစ်ဖက်စီကို ညှိနှိုင်းပေးတယ် မင်းကလည်းမကြိုက်တာကို ဒီလိုမလုပ်နဲ့ ဒီဘက်က လည်း ဒီလိုမျိုးတွေ Facebook မှာမတင်နဲ့ ဒီလိုပဲဖြန်ဖြေပေးတာပေါ့ ” လို့ ဖြူဖြူထွေးတို့ပြဿနာကိုဖြေရှင်းပေးခဲ့တဲ့အကြောင်း ပြောပြလာခဲ့တာပါ

”ရုပ်ရှင်အစည်းအရုံး ကတော့ NGO အဖွဲ့အစည်း ဆို တော့ စီရင်ပိုင်ခွင့်တော့မရှိပါဘူး ဖြန်ဖြေပေးတာ ပဲရမယ် တကယ်လို့ ထပ်ပြီး မကျေနပ်ကျ ရင်တော့ တရားရုံး မှာရှေ့နေနဲ့ရှင်းကြပေါ့ ဒါပဲပြောပေးလို့ရမယ် ” လို့လည်းဆက်လက်ပြောကြားခဲ့ပါတယ်“ပြောချင်တာက ဆဲတာကတော့ ဥက္ကဌ လည်းဆဲ နေတာပဲဆိုတော့လေ သားတို့သမီးတို့ သည်းခံကြပါ တော်ရုံတန်ရုံ ကိစ္စဆို မမြင်ချင်ယောင်ဆောင် လိုက်ကြပါ လို့ပဲ ပြောချင်ပါတယ် ” လို့ ဦးညီညီထွန်းလွင်က ပြောကြားသွားခဲ့တာပါ ပရိသတ်ကြီးရေ ဦးညီညီထွန်းလွင်ကတော့ ရုပ်ရှင်အစည်းအရုံး ကဖြေရှင်းပေးခဲ့တဲ့ပုံစံလေးကိုပဲပြောပြ သွားခဲ့တာဖြစ်ပါတယ်နော် လူမှုကွန်ယက်မှာ ထင်ရှားနေတာဖြစ်လို့ တင်ဆက်ပေးလိုက်ရပါတယ်နော်

Credit ShweYaungLan