QUARANTINE ဝင္ေနတဲ့ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးတစ္ဦးကို ကေလးေမြးေပးနိုင္ခဲ့တဲ့ ေဝဠဳေက်ာ္

ေဝဠဳေက်ာ္ကေတာ့ ေတာင္ဒဂုံမွာ Quarantine ဝင္ေနတဲ့ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီး တစ္ဦးကို ကေလးေမြးေပး နိုင္ခဲ့တဲ့ အေၾကာင္းေျပာၿပ လာပါတယ္။

ေဝဠဳေက်ာ္ကေတာ့ Covid ကာလမွာ ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္း အဖြဲ႕သားေတြနဲ႔ အတူ Quarantine ေနတဲ့သူေတြအတြက္ က်န္းမာေရး ေစာင့္ေရွာက္မႈေတြ ေဆာင္ရြက္ေပးေနတာ ေတြ႕ရပါတယ္။ သူ႔အေန နဲ႔ Quarantine ဝင္ေနရတဲ့ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးကို အကူအညီ ေပးခဲ့ရတဲ့ အမွတ္တရေတြ ကို Duwun ကေန အခုလို ေျပာျပလာပါတယ္။

“ေတာင္ဒဂုံ Q Center က အမ်ိဳးသမီး တစ္ေယာက္ ကေလးေမြးဖို႔ အတြက္ ေရႁမႊာေပါက္ၿပီ ဆိုၿပီးေတာ့ အဲဒီမွာ တာဝန္က်တဲ့ ကိုေအာင္ေက်ာ္ဆန္းက ကၽြန္ေတာ့္ကို ဖုန္းဆက္ လာတယ္။ အဲဒီကို ကားလႊတ္ေပးခါနီးမွာ သူ႔ကို ထပ္ေမးတယ္ ကေလးေမြးၿပီလား၊ ကေလး ေမြးတတ္ တဲ့လူ ရွိလားေမးတယ္။ အဲဒီမွာ ကၽြန္ေတာ္ ၾကက္ေျခနီသင္တန္းတက္ ထားတုန္းက အေရးေပၚ ကေလးေမြး နည္းပညာရပ္ကိုလည္း သင္ထားရတဲ့ အတြက္ ကၽြန္ေတာ္ကိုယ္တိုင္ PPE ဝတ္စုံဝတ္ၿပီး လိုက္သြားခဲ့တယ္” ဆိုၿပီးေတာ့ စက္တင္ဘာလ(၃) ရက္ေန႔ က မီဒီယာေတြ နဲ႔ ေတြ႕ဆုံပြဲမွာ ေျဖဆိုခဲ့တာပါ။

duwun

unicode

ဝေဠုကျော်ကတော့ တောင်ဒဂုံမှာ Quarantine ဝင်နေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးကို ကလေးမွေးပေး နိုင်ခဲ့တဲ့ အကြောင်းပြောပြ လာပါတယ်။

ဝေဠုကျော်ကတော့ Covid ကာလမှာ ဝေဠုကျော် ဖောင်ဒေးရှင်း အဖွဲ့သားတွေနဲ့ အတူ Quarantine နေတဲ့သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။ သူ့အနေ နဲ့ Quarantine ဝင်နေရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးကို အကူအညီ ပေးခဲ့ရတဲ့ အမှတ်တရတွေ ကို Duwun ကနေ အခုလို ပြောပြလာပါတယ်။

“တောင်ဒဂုံ Q Center က အမျိုးသမီး တစ်ယောက် ကလေးမွေးဖို့ အတွက် ရေမြွှာပေါက်ပြီ ဆိုပြီးတော့ အဲဒီမှာ တာဝန်ကျတဲ့ ကိုအောင်ကျော်ဆန်းက ကျွန်တော့်ကို ဖုန်းဆက် လာတယ်။ အဲဒီကို ကားလွှတ်ပေးခါနီးမှာ သူ့ကို ထပ်မေးတယ် ကလေးမွေးပြီလား၊ ကလေး မွေးတတ် တဲ့လူ ရှိလားမေးတယ်။ အဲဒီမှာ ကျွန်တော် ကြက်ခြေနီသင်တန်းတက် ထားတုန်းက အရေးပေါ် ကလေးမွေး နည်းပညာရပ်ကိုလည်း သင်ထားရတဲ့ အတွက် ကျွန်တော်ကိုယ်တိုင် PPE ဝတ်စုံဝတ်ပြီး လိုက်သွားခဲ့တယ်” ဆိုပြီးတော့ စက်တင်ဘာလ(၃) ရက်နေ့ က မီဒီယာတွေ နဲ့ တွေ့ဆုံပွဲမှာ ဖြေဆိုခဲ့တာပါ။

duwun