ငွေကြေး လိမ်လည် တယ် လို့ စွပ်စွဲခံ ရတဲ့ အပေါ် ပြန်ရှင်း ပြတဲ့ သင်းသင်း (ရုပ်/သံ)





unicode

ကျမရဲ့ နောက် ကြောင်း ရာဇဝင် မှာ ဒီအသက်အရွယ် ဒီအနေ အထားထိ ရောက်သွားပြီ။ သူများ ဆီက ငွေကြေး မတန် မတရား ယူထားတာတို့၊ ပြန်မဆပ် တာတို့ သံသရာ ပါမယ့် အလုပ်မျိုး ကျမ မလုပ်ထားဘူး။

အဲ့လို ပြောရ ကြေးဆို ကျမဆို သူငယ်ချင်း တွေဆီက ၅ သောင်း၊ ၁ သိန်း ၊ ၂ သိန်း မရတာ တွေ အများကြီးပဲ။ အဲ့လို ကူညီခဲ့လို့ နစ်နာခဲ့ တာတွေ အများကြီးပဲလို့ ငွေကြေးလိမ်လည် တယ်လို့ စွပ်စွဲထားတဲ့အပေါ် ပြန်ဖြေရှင်းခဲ့တာနဲ့ ပတ်သက်ပြီး အလှမယ် သင်းသင်းက ပြောပါတယ်။

ကိုဗစ်အခြေ အနေကြောင့် သင်းသင်းနဲ့ ဝေဠုကျော် ရုံးချိန်း မစစ်ဆေးဖြစ် ဒီကနေ့ ရုံးချိန်းမှာ ဝေဠုကျော်ကို စစ်ဆေး ရမှာ ဖြစ်ပေမယ့် မစစ်ဆေးဖြစ်ဘဲ နောက်တကြိမ် ရုံးချိန်း ကိုသာ ပြန်လည် ချိန်းဆိုခဲ့ပါတယ်။

နောက်ရုံးချိန်း ကို အောက်တိုဘာလ ၂ ရက်နေ့ ချိန်းဆိုခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ် ဟာ ကိုဗစ် ပြည်တွင်း ကူးစက်မှု အခြေအနေများ ကြောင့် Stay at home နေအိမ်တွင် နေထိုင်ရေး အစီအစဉ် သတ်မှတ် ထားတဲ့ မြို့နယ် ဖြစ်ပါတယ်။