ေဒၚေအာင္ဆန္းစုၾကည္၏ ကဗ်ာအတြက္ ေနာက္ဆုံးေလလံပြဲတြင္ က်ပ္ သိန္း (၂၄၀၀) ရရွိ

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ လက္ေရးကဗ်ာမူရင္း စာ႐ြက္ေလလံေဈး ကို က်ပ္ ၅၄ သိန္း ၾကမ္းခင္းေဈး အေန နဲ႔ သတ္မွတ္တာကေတာ့ ၿခံအမွတ္ ၅၄ က ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လက္ေရးကဗ်ာျဖစ္တဲ့အတြက္ အမွတ္တရျဖစ္ေအာင္ သတ္မွတ္တာ ျဖစ္တယ္လို႔ ဆိုပါတယ္။“ကဗ်ာေရးထားတဲ့စာ႐ြက္က ၿခံအမွတ္ ၅၄ Letterhead နဲ႔… ဒီကဗ်ာေလးကို ဒါ႐ိုက္တာ မင္းထင္ကို ကိုႀကီးက ေနၿပီး NLD ေအာင္ႏိုင္ေရးမွာ စိတ္ႀကိဳက္သုံးစြဲဖို႔ရံပုံေငြအျဖစ္ ေလလံတင္ေရာင္းခ်ၿပီး လႉဒါန္းေပး သြားဖို႔ ဆက္သြယ္လာတာပါ။

ဒါေၾကာင့္မို႔လို႔ အခုခ်ိန္ကေနစတင္ၿပီး ယခုစေနေန႔ (၅ ရက္ေန႔) ညေန ၉ နာရီအထိ ေလလံကာလသတ္မွတ္ထားၿပီး ေစ်းအျမင့္ဆုံး ေပး ႏိုင္တဲ့သူကို ေရာင္းခ်ေပးသြားမွာျဖစ္ပါတယ္။”ေလလံအၿပိဳင္ဆြဲၾကရာ ေဒၚေအာင္ဆန္းစုၾကည္၏ ကဗ်ာ က်ပ္ သိန္း ၂၄၀၀ ထိရရွိသြား ေၾကာင္း သိရွိရပါတယ္။ဒီေလလံပြဲကရရွိတဲ့ အက်ိဳးအျမတ္ေတြအားလုံးကို ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ ဗဟိုေအာင္ႏိုင္ေရးရန္ပုံေငြအေနနဲ႔ လႉဒါန္းသြားမယ္လို႔ သိရပါတယ္။

ဒီကဗ်ာစာ႐ြက္ကေတာ့ ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီးအတြက္ ၂၀၁၁ ခုႏွစ္တုန္းက ကဗ်ာပြဲေတာ္ကို ယူသြားဖို႔ ကဗ်ာဆရာေယာက္အေနနဲ႔ ေတာင္းခံခဲ့တာကို ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္လက္ေရးနဲ႔ ေရးသားေပးခဲ့တဲ့ ကဗ်ာျဖစ္တယ္လို႔ ဆိုပါတယ္။“30th June 2011 ေန႔ ညေနပိုင္း ၄ နာရီေလာက္က အမွတ္ ၅၄ အိမ္ထဲမွာ အေမစု ကိုယ္တိုင္ေပးခဲ့တာပါ။ ထမင္းစားခန္းထဲမွာ ေတြ႕ရတာပါ။ ကန္ေတာ့ခဲ့ပါေသး တယ္။ အျပင္မွာ ဦးဝင္းထိန္ရွိတယ္။”

ဒီစာ႐ြက္ေလလံအစီအစဥ္နဲ႔ ပတ္သက္ၿပီး ကိုေမာင္ေမာင္ေအးက ဩဂုတ္ ၃၁ ရက္ေန႔က သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ေပၚမွာ ခုလိုေဖာ္ ျပထားပါတယ္။စာ႐ြက္ေပၚမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လက္ေရးမူနဲ႔အတူ

ကဗ်ာဆိုတာ…

လူ႔စဥ္းစားဉာဏ္ရဲ႕ ပဲ့တင္သံ၊

လူ႔ႏွလုံးသားရဲ႕ ခုန္လႈပ္သံ၊

လူ႔စိတ္ဓာတ္ရဲ႕ ျမည္ဟီးသံ၊

လူ႔ေမွ်ာ္လင့္ခ်က္ရဲ႕ သီက်ဴးသံ၊

ကဗ်ာဆိုတာ…

က်မတို႔ရဲ႕ ႐ုန္းကန္သံပါပဲ။ လို႔ ေရးသားထားခဲ့တာ ျဖစ္ပါတယ္။

CRD: THE LIFESTYLE MYANMAR

unicode

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရေးကဗျာမူရင်း စာရွက်လေလံဈေး ကို ကျပ် ၅၄ သိန်း ကြမ်းခင်းဈေး အနေ နဲ့ သတ်မှတ်တာကတော့ ခြံအမှတ် ၅၄ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရေးကဗျာဖြစ်တဲ့အတွက် အမှတ်တရဖြစ်အောင် သတ်မှတ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။“ကဗျာရေးထားတဲ့စာရွက်က ခြံအမှတ် ၅၄ Letterhead နဲ့… ဒီကဗျာလေးကို ဒါရိုက်တာ မင်းထင်ကို ကိုကြီးက နေပြီး NLD အောင်နိုင်ရေးမှာ စိတ်ကြိုက်သုံးစွဲဖို့ရံပုံငွေအဖြစ် လေလံတင်ရောင်းချပြီး လှူဒါန်းပေး သွားဖို့ ဆက်သွယ်လာတာပါ။

ဒါကြောင့်မို့လို့ အခုချိန်ကနေစတင်ပြီး ယခုစနေနေ့ (၅ ရက်နေ့) ညနေ ၉ နာရီအထိ လေလံကာလသတ်မှတ်ထားပြီး စျေးအမြင့်ဆုံး ပေး နိုင်တဲ့သူကို ရောင်းချပေးသွားမှာဖြစ်ပါတယ်။”လေလံအပြိုင်ဆွဲကြရာ ဒေါ်အောင်ဆန်းစုကြည်၏ ကဗျာ ကျပ် သိန်း ၂၄၀၀ ထိရရှိသွား ကြောင်း သိရှိရပါတယ်။ဒီလေလံပွဲကရရှိတဲ့ အကျိုးအမြတ်တွေအားလုံးကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအောင်နိုင်ရေးရန်ပုံငွေအနေနဲ့ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ဒီကဗျာစာရွက်ကတော့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးအတွက် ၂၀၁၁ ခုနှစ်တုန်းက ကဗျာပွဲတော်ကို ယူသွားဖို့ ကဗျာဆရာယောက်အနေနဲ့ တောင်းခံခဲ့တာကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လက်ရေးနဲ့ ရေးသားပေးခဲ့တဲ့ ကဗျာဖြစ်တယ်လို့ ဆိုပါတယ်။“30th June 2011 နေ့ ညနေပိုင်း ၄ နာရီလောက်က အမှတ် ၅၄ အိမ်ထဲမှာ အမေစု ကိုယ်တိုင်ပေးခဲ့တာပါ။ ထမင်းစားခန်းထဲမှာ တွေ့ရတာပါ။ ကန်တော့ခဲ့ပါသေး တယ်။ အပြင်မှာ ဦးဝင်းထိန်ရှိတယ်။”

ဒီစာရွက်လေလံအစီအစဉ်နဲ့ ပတ်သက်ပြီး ကိုမောင်မောင်အေးက ဩဂုတ် ၃၁ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ခုလိုဖော် ပြထားပါတယ်။စာရွက်ပေါ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရေးမူနဲ့အတူ

ကဗျာဆိုတာ…

လူ့စဉ်းစားဉာဏ်ရဲ့ ပဲ့တင်သံ၊

လူ့နှလုံးသားရဲ့ ခုန်လှုပ်သံ၊

လူ့စိတ်ဓာတ်ရဲ့ မြည်ဟီးသံ၊

လူ့မျှော်လင့်ချက်ရဲ့ သီကျူးသံ၊

ကဗျာဆိုတာ…

ကျမတို့ရဲ့ ရုန်းကန်သံပါပဲ။ လို့ ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

CRD: THE LIFESTYLE MYANMAR