ရခိုင္မွျပန္လာသူမ်ားကို မေဖာ္ထုတ္ႏိုင္ပါက ထိန္းခ်ဳပ္ရခက္ေသာအေျခအေနသို႔ ေရာက္ရွိႏိုင္ေၾကာင္း က်န္းမာေရးဝန္ႀကီးသတိေပးၿပီ

ရခိုင္ျပည္နယ္ မွ ေလေၾကာင္းခရီးျဖင့္ ဝင္ေရာက္လာသူမ်ားသည္ ျမန္မာႏိုင္ငံရွိ မည့္သည့္ၿမိဳ႕နယ္မ်ားသို႔ ေရာက္ရွိေနသည္ကို စုံစမ္းေဖာ္ ထုတ္လ်က္ ရွိၿပီး ထိုၿမိဳ႕နယ္မ်ား၌ ေရာဂါထိန္းခ်ဳပ္မႈလုပ္ငန္းမ်ားကို ဦးစားေပးအေနႏွင့္ ေဆာင္႐ြက္မည္ျဖစ္သည္။ ျမန္မာႏိုင္ငံ၌ ေတြ႕ရွိရ ေသာ COVID-19 လူနာမ်ား၏ ၇၅ ရာခိုင္ႏႈန္းသည္ ေရာဂါလကၡဏာ တစ္စုံတစ္ရာမျပသည့္အျပင္ ေရာဂါပိုး၏ ျမန္ဆန္ေသာ ကူးစက္မႈပုံ စံ ကို ေတြ႕ရွိရသည့္အတြက္ အျမင္အားျဖင့္က်န္းမာေနသည့္ ေရာဂါပိုးရွိသူမ်ားထံမွ ထပ္မံျပန႔္ပြ ားရန္ အလား အ လာမ်ားေန ေၾကာင္းက်န္းမာေရး ဝန္ႀကီး ေဒါက္တာျမင့္ေထြးက အသိေပး ေျပာၾကားလိုက္သည္။

လက္ရွိ တြင္ ေရာဂါကူးစက္မႈမ်ားျပားေနသည့္ ရခိုင္ျပည္နယ္သို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ေဆးပညာအထူးကုမ်ား၊ ေမ့ ေဆး အထူးကုမ်ား၊ ေရာဂါေဗဒ၊ အဏုဇီဝေဗဒ၊ ဓာတ္မွန္ႏွင့္ ေဆးဝါးပညာရွင္မ်ား၊ လက္ေထာက္ဆရာဝန္ႏွင့္ သြားႏွင့္ ခံတြင္းဆရာဝန္မ်ား၊ ေဆး ဘက္ဆိုင္ရာ ပညာရွင္မ်ား၊ သူနာျပဳအုပ္၊ သူနာျပဳဆရာမႀကီး၊ အထက္တန္းသူနာျပဳႏွင့္ သူနာျပဳမ်ား၊ က်န္းမာေရးမႉးမ်ားႏွင့္ သား ဖြား ဆရာမမ်ား၊ ယခုအထိ စုစုေပါင္း ၁၂၈ ဦးသည္ မိမိဆႏၵအေလ်ာက္ ရခိုင္ျပည္နယ္သို႔ သြားေရာက္တာဝန္ထမ္းေဆာင္ေနသည္။ ရခိုင္ ျပည္နယ္သို႔ ခရီးသြားရာဇဝင္ရွိသူမ်ားအား ရွာေဖြေဖာ္ထုတ္ျခင္းလုပ္ငန္းမ်ားတြင္ ျပည္သူမ်ား၏ ပူးေပါင္းပါဝင္မႈ မရွိပါက။

၎တို႔မွ တစ္ဆင့္ ‘ထပ္ဆင့္ေရာဂါကူးစက္မႈမ်ား’ ျဖစ္ပြားကာ ထိန္းခ်ဳပ္ရန္ခက္ခဲေသာအေျခအေနသို႔ ေရာက္ရွိသြားႏိုင္သည့္အျပင္ ေရာဂါ ထိန္းခ်ဳပ္မႈကာလမွာ ၾကာရွည္သြားႏိုင္ေၾကာင္း ဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာ ၾကားသည္။ယင္းကဲ့သို႔ေျပာၾကားျခင္းကို ‘ရခိုင္ျပည္ နယ္တြင္ COVID-19 ကူးစက္ျပန႔္ပြားမႈ အေျခအေနႏွင့္ ကာကြယ္ထိန္းခ်ဳပ္ ကုသေရးလုပ္ငန္းမ်ား ေန႔စဥ္ဆန္းစစ္သုံးသပ္ ေဆြးေႏြးပြဲ’ သို႔ တက္ေရာက္ကာ အမွာစကားေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။လက္ရွိကာလတြင္ ေတြ႕ရွိရသည့္ COVID-19 လူနာ မ်ားႏွင့္ ထိေတြ႕သူမ်ားတြင္ ေရာဂါကူးစက္မႈမ်ား ဆက္လက္ရွိေနႏိုင္ေၾကာင္း ေျပာဆိုသည္။

ကိုဗစ္-၁၉ ကူးစက္ျဖစ္ပြားသူ အေရအတြက္မ်ားသည္ ရက္သတၱပတ္ ၁ ပတ္ မွ ၂ ပတ္ခန႔္ ဆက္လက္ျမင့္မားေနမည္ဟု ခန႔္မွန္းရေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆက္လက္ေျပာဆိုသည္။ယခုအခ်ိန္၌ COVID-19 လူနာႏွင့္ ထိေတြ႕ခဲ့သူမ်ားႏွင့္ COVID-19 ကူးစက္မႈ မ်ားျပား ေနသည့္ ရခိုင္ျပည္နယ္သို႔ ခရီးသြားရာဇဝင္ရွိသူမ်ားအား ရွာေဖြေဖာ္ထုတ္ျခင္းႏွင့္ က်န္းမာေရးစစ္ေဆးျခင္းသည္ အဓိကက်ကာ လက္ရွိ အခ်ိန္အတြက္ အထိေရာက္ဆုံး နည္းဗ်ဴဟာျဖစ္သည္ဆိုသည့္အခ်က္ကို အားလုံးသိရွိသေဘာေပါက္ရမည္ျဖစ္ၿပီး ယင္းလုပ္ငန္းအား တတ္ ႏိုင္သမွ် ပိုမိုအားထည့္၍ ေဆာင္႐ြက္ရမည္ဟုလည္း ဆိုသည္။

CRD: THE VOICE

unicode

ရခိုင်ပြည်နယ် မှ လေကြောင်းခရီးဖြင့် ဝင်ရောက်လာသူများသည် မြန်မာနိုင်ငံရှိ မည့်သည့်မြို့နယ်များသို့ ရောက်ရှိနေသည်ကို စုံစမ်းဖော် ထုတ်လျက် ရှိပြီး ထိုမြို့နယ်များ၌ ရောဂါထိန်းချုပ်မှုလုပ်ငန်းများကို ဦးစားပေးအနေနှင့် ဆောင်ရွက်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၌ တွေ့ရှိရ သော COVID-19 လူနာများ၏ ၇၅ ရာခိုင်နှုန်းသည် ရောဂါလက္ခဏာ တစ်စုံတစ်ရာမပြသည့်အပြင် ရောဂါပိုး၏ မြန်ဆန်သော ကူးစက်မှုပုံ စံ ကို တွေ့ရှိရသည့်အတွက် အမြင်အားဖြင့်ကျန်းမာနေသည့် ရောဂါပိုးရှိသူများထံမှ ထပ်မံပြန့်ပွားရန် အလားအလာများနေကြောင်း ကျန်းမာရေး ဝန်ကြီး ဒေါက်တာမြင့်ထွေးက အသိပေး ပြောကြားလိုက်သည်။

လက်ရှိ တွင် ရောဂါကူးစက်မှုများပြားနေသည့် ရခိုင်ပြည်နယ်သို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆေးပညာအထူးကုများ၊ မေ့ ဆေး အထူးကုများ၊ ရောဂါဗေဒ၊ အဏုဇီဝဗေဒ၊ ဓာတ်မှန်နှင့် ဆေးဝါးပညာရှင်များ၊ လက်ထောက်ဆရာဝန်နှင့် သွားနှင့် ခံတွင်းဆရာဝန်များ၊ ဆေး ဘက်ဆိုင်ရာ ပညာရှင်များ၊ သူနာပြုအုပ်၊ သူနာပြုဆရာမကြီး၊ အထက်တန်းသူနာပြုနှင့် သူနာပြုများ၊ ကျန်းမာရေးမှူးများနှင့် သား ဖွား ဆရာမများ၊ ယခုအထိ စုစုပေါင်း ၁၂၈ ဦးသည် မိမိဆန္ဒအလျောက် ရခိုင်ပြည်နယ်သို့ သွားရောက်တာဝန်ထမ်းဆောင်နေသည်။ ရခိုင် ပြည်နယ်သို့ ခရီးသွားရာဇဝင်ရှိသူများအား ရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်းများတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု မရှိပါက။

၎င်းတို့မှ တစ်ဆင့် ‘ထပ်ဆင့်ရောဂါကူးစက်မှုများ’ ဖြစ်ပွားကာ ထိန်းချုပ်ရန်ခက်ခဲသောအခြေအနေသို့ ရောက်ရှိသွားနိုင်သည့်အပြင် ရောဂါ ထိန်းချုပ်မှုကာလမှာ ကြာရှည်သွားနိုင်ကြောင်း ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြော ကြားသည်။ယင်းကဲ့သို့ပြောကြားခြင်းကို ‘ရခိုင်ပြည် နယ်တွင် COVID-19 ကူးစက်ပြန့်ပွားမှု အခြေအနေနှင့် ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ နေ့စဉ်ဆန်းစစ်သုံးသပ် ဆွေးနွေးပွဲ’ သို့ တက်ရောက်ကာ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။လက်ရှိကာလတွင် တွေ့ရှိရသည့် COVID-19 လူနာ များနှင့် ထိတွေ့သူများတွင် ရောဂါကူးစက်မှုများ ဆက်လက်ရှိနေနိုင်ကြောင်း ပြောဆိုသည်။

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ အရေအတွက်များသည် ရက်သတ္တပတ် ၁ ပတ် မှ ၂ ပတ်ခန့် ဆက်လက်မြင့်မားနေမည်ဟု ခန့်မှန်းရကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောဆိုသည်။ယခုအချိန်၌ COVID-19 လူနာနှင့် ထိတွေ့ခဲ့သူများနှင့် COVID-19 ကူးစက်မှု များပြား နေသည့် ရခိုင်ပြည်နယ်သို့ ခရီးသွားရာဇဝင်ရှိသူများအား ရှာဖွေဖော်ထုတ်ခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းသည် အဓိကကျကာ လက်ရှိ အချိန်အတွက် အထိရောက်ဆုံး နည်းဗျူဟာဖြစ်သည်ဆိုသည့်အချက်ကို အားလုံးသိရှိသဘောပေါက်ရမည်ဖြစ်ပြီး ယင်းလုပ်ငန်းအား တတ် နိုင်သမျှ ပိုမိုအားထည့်၍ ဆောင်ရွက်ရမည်ဟုလည်း ဆိုသည်။

CRD: THE VOICE