အိမ္္ မွာ အထိ အခိုက္္ တ ခုခု မရွိရေအာင္ ပ႒ာန္း ရြြတ္မိ တိုင္္း ဒီလုိရြတ္ဖတ္ ပူေဇာ္ ပါ

ပ႒ာန္း႐ြတ္ရင္ မိသားစုမွာ စိတ္ဆင္းရဲစရာေတြ ျဖစ္တယ္၊ ဘာလုပ္လုပ္ အဆင္ မေျပဘူး၊ စီးပြားေရးက်တယ္၊ လင္မယား ရန္ျဖစ္တယ္၊ သားသမီးေတြ ဆုံးမရတာ မလြယ္ဘူး၊အိမ္မွာ ႐ြတ္လို႔မရဘူး အိမ္ေစာင့္နတ္ မခံႏိုင္ဘူး၊ ဘုရားမွာ႐ြတ္တယ္၊ အသံေတြၾကားရတယ္၊ အရိပ္ေတြျမင္ရတယ္၊ ၿပီးေအာင္႐ြတ္ လို႔မရဘူး အေႏွာက္အယွက္ေတြမ်ားတယ္၊ စသည္ျဖင့္ ပ႒ာန္း႐ြတ္ရင္ အဆင္မေျပသူမ်ားအတြက္ ဒီနည္းေလး မွ်ေဝေပးခ်င္ပါတယ္။

ပထမဆုံး နတ္ပင့္ရပါမယ္။

သမႏၲာ စကၠဝါေဠသု၊ အၾတာဂစၦႏၲဳ ေဒဝတာ။

လူအမ်ားနဲ႔ ဆက္ဆံတဲ့ေနရာမွာ သင့္ကို လက္ခံဖို႔ ခ်စ္ခင္ဖို႔ ဆိုတာ အလြန္အေရးႀကီးပါတယ္- မလိုအပ္ဘူးထင္ၿပီး သင့္ ရဲ့ဆက္ဆံပုံ ဆက္ဆံနည္း လြဲမွားသြားခဲ့ရင္ေတာ့ သင္ မိတ္ပ်က္ပါၿပီ- ဒါေၾကာင့္ ဒီ ဗီဒီယိုေလးကိုသာ ၾကည့္ျဖစ္ေအာင္ၾကည့္လိုက္ပါ
သဒၶမၼံ မုနိရာဇႆ၊ သုဏႏၲဳ သဂၢေမာကၡဒံ။(ဓမၼႆဝနကာေလာ အယံ ဘဒႏၲာ။) ၃ေခါက္

ဒုတိယက ေမတၱာသုတ္ ႐ြတ္ရ ပါမယ္။ တတိယက ခြင့္ေတာင္းရပါမယ္။ ဘုန္းေတာ္အနႏၲ၊ ဂုဏ္ေတာ္အနႏၲ၊ ကံေတာ္အနႏၲ၊ ဉာဏ္ေတာ္အနႏၲ၊ တန္ခိုးေတာ္အနႏၲ၊ ပါရမီေတာ္ အနႏၲ၊ ေမတၱာေတာ္ အနႏၲတို႔ႏွင့္ ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရား။

ဘုရားတပည့္ေတာ္ (—–)သည္ ဤေန႔ (—–)ခုႏွစ္၊ (—–)ရက္၊ (—–)ေန႔တြင္ ဤ(—–)ေနရာဌာနတြင္ ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီး နတ္ျပည္ေျခာက္ထပ္ တြင္ ေဟာၾကားေတာ္မူ ခဲ့သည့္(အဘိဓမၼာ မဟာပ႒ာန္း က်မ္းေတာ္ႀကီး (သို႔) မဟာပ႒ာန္း ပစၥယုေဒၵသ ပါဠိေတာ္ႏွင့္ မဟာပ႒ာန္းပစၥယနိေဒၵသပါဠိေတာ္) တို႔ကို ႐ြတ္ဖတ္သရဇၩယ္၍ ျမတ္စြာဘုရားအား ေလးစားေကာ္ေရာ္ ပူေဇာ္ျခင္းတည္းဟူေသာ ကုသိုလ္ေကာင္းမႈကို ျပဳလုပ္လိုပါသျဖင့္ ႐ြတ္ဖတ္ၾကားခြင့္ ေပးသနားေတာ္ မူပါရန္ တရားေတာ္၏ ပိုင္ရွင္ အစစ္အမွန္ျဖစ္ေတာ္မူေသာ ျတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီးထံမွ ခြင့္ေတာင္းအပ္ပါသည္ အရွင္ဘုရား။ ခြင့္ေပးေတာ္မူပါ အရွင္ျမတ္ႀကီးဘုရား။

စတုတၳက ဖိတ္ၾကားရပါမယ္။

မဟာပ႒ာန္းေဒသနာေတာ္ ႐ြတ္ဖတ္ၾကားျခင္းကို နာၾကားႏိုင္ေသာ နာၾကား လိုေသာ အားလုံးေသာ စၾကာဝဠာ အနႏၲတြင္ ရွိၾကကုန္ေသာ အပါယ္ဘုံသားလူနတ္ျဗဟၼာသတၱဝါ အေပါင္းတို႔ႏွင့္ ဘုရားတပည့္ေတာ္၏ေဆြဆက္၊ မ်ိဳးဆက္၊ ပ႒ာန္းဆက္ေဆြေတာ္၊ မ်ိဳးေတာ္အေပါင္းတို႔ တရားေတာ္နာႂကြေရာက္ၾကပါရန္ ဖိတ္ၾကားအပ္ပါ၏။ (မိမိဖိတ္ၾကားလိုေသာ ပုဂၢိဳလ္အေပါင္းအားလည္း ဖိတ္ၾကားႏိုင္ပါသည္။)

ပၪၥမကေတာ့ ဖယ္ရွားျခင္းျဖစ္ပါတယ္။

မဟာပ႒ာန္းေဒသနာေတာ္႐ြတ္ဖတ္ၾကားျခင္း ကို မနာၾကားႏိုင္ေသာ ပုဂၢိဳလ္မ်ားႏွင့္ နတ္စိမ္းမ်ား၊ မာရ္နတ္၏ေနာက္လိုက္ေနာက္ပါနတ္ဆိုးမ်ား အားလုံးတို႔ ဤ(—–)ေနရာဌာနႏွင့္ အနီးပတ္ဝန္းက်င္၌ရွိေနပါကေခတၱခဏ ဖယ္ရွားေပးၾကပါရန္ ပန္ၾကားအပ္ပါ၏။(ေခတၱခဏ ဖယ္ရွားေပးၾကပါ ကုန္ေလာ့…) ၃ေခါက္ ပ႒ာန္း စတင္႐ြတ္ဆိုပါ။

ဆဌမကေတာ့ ဖယ္ရွားထားသူမ်ားအားျပန္လည္ပန္ၾကားျခင္းပါ။

ဘုရားတပည့္ေတာ္ (—–)မွ ေခတၱခဏဖယ္ရွားရန္ ပန္ၾကား ထားေသာ မဟာပ႒ာန္းေဒသနာေတာ္ ႐ြတ္ဖတ္ၾကားျခင္းကို မနာၾကားႏိုင္ေသာ ပုဂၢိဳလ္မ်ားႏွင့္ နတ္စိမ္းမ်ား၊ မာန္နတ္၏ ေနာက္လိုက္ေနာက္ပါ နတ္ဆိုးမ်ားအားလုံးတို႔ သင္တို႔ေနရာ ဌာနအသီးသီး၊ ဘုံဗိမၼာန္အသီးသီးသို႔ ျပန္လည္ႂကြျမန္း၍ (ေနလိုက ေနႏိုင္ပါၿပီ)၃ေခါက္

ေနာက္ဆုံးကေတာ့ ေမတၱာပို႔ အမွ်ေဝ နတ္ပို႔ ဧတၱာဝတာ စ အေမွဟိ၊ သမၻတံ ပုညသမၸဒံ။သေဗၺ ေဒဝါ ႏုေမာဒႏၲဳ၊ သဗၺသမၼတၱိ သိဒၶိယာ။

တခ်ိဳ႕ေသာ ဘုံံေလာကသားေတြဟာ ပ႒ာန္းကိုနာၾကားရတဲ့အခါ အလြန္ပဲ ပူေလာင္ပါတယ္။ အကုသိုလ္ ကံ ႀကီးလြန္းအားႀကီးေတာ့ မနာၾကားႏိုင္ပါဘူး။ အသံၾကား ရင္ပဲ ပူေလာင္လွတဲ့ အတြက္ ႐ြတ္ဖတ္ သူ ကို အရမ္းစိတ္ဆိုး ပါတယ္။အဲ့ေတာ့ သူတို႔တလွည့္ ျပန္အားသာတဲ့အခါ ကိုယ့္ကို ဒုကၡေပးတတ္ပါတယ္။ အဲ့ဒါေၾကာင့္မို႔ ေခတၱခဏ အသိေပးၿပီး ဖယ္ရွားခိုင္း တာ အေကာင္း ဆုံးပါ။အားလုံးပဲ ပ႒ာန္းေဒသနာေတာ္ကို ပူေဇာ္ၿပီး ပိုမိုေကာင္းမြန္ ျမင့္ျမတ္ေသာဘဝကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။

Mulan Sarah က်မ္းကိုး အဓိ႒ာန္က်င့္စဥ္ဝင္နည္းႏွင့္ မဟာပ႒ာန္း႐ြတ္ဖတ္ပူေဇာ္နည္း။

unicode

ပဋ္ဌာန်းရွတ်ရင် မိသားစုမှာ စိတ်ဆင်းရဲစရာတွေ ဖြစ်တယ်၊ ဘာလုပ်လုပ် အဆင် မပြေဘူး၊ စီးပွားရေးကျတယ်၊ လင်မယား ရန်ဖြစ်တယ်၊ သားသမီးတွေ ဆုံးမရတာ မလွယ်ဘူး၊အိမ်မှာ ရွတ်လို့မရဘူး အိမ်စောင့်နတ် မခံနိုင်ဘူး၊ ဘုရားမှာရွတ်တယ်၊ အသံတွေကြားရတယ်၊ အရိပ်တွေမြင်ရတယ်၊ ပြီးအောင်ရွတ် လို့မရဘူး အနှောက်အယှက်တွေများတယ်၊ စသည်ဖြင့် ပဋ္ဌာန်းရွတ်ရင် အဆင်မပြေသူများအတွက် ဒီနည်းလေး မျှဝေပေးချင်ပါတယ်။

ပထမဆုံး နတ်ပင့်ရပါမယ်။

သမန္တာ စက္ကဝါဠေသု၊ အတြာဂစ္ဆန္တု ဒေဝတာ။

လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ
သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။(ဓမ္မဿဝနကာလော အယံ ဘဒန္တာ။) ၃ခေါက်

ဒုတိယက မေတ္တာသုတ် ရွတ်ရ ပါမယ်။ တတိယက ခွင့်တောင်းရပါမယ်။ ဘုန်းတော်အနန္တ၊ ဂုဏ်တော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တ၊ ပါရမီတော် အနန္တ၊ မေတ္တာတော် အနန္တတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ဘုရားတပည့်တော် (—–)သည် ဤနေ့ (—–)ခုနှစ်၊ (—–)ရက်၊ (—–)နေ့တွင် ဤ(—–)နေရာဌာနတွင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး နတ်ပြည်ခြောက်ထပ် တွင် ဟောကြားတော်မူ ခဲ့သည့်(အဘိဓမ္မာ မဟာပဋ္ဌာန်း ကျမ်းတော်ကြီး (သို့) မဟာပဋ္ဌာန်း ပစ္စယုဒ္ဒေသ ပါဠိတော်နှင့် မဟာပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိတော်) တို့ကို ရွတ်ဖတ်သရဇ္ဈယ်၍ မြတ်စွာဘုရားအား လေးစားကော်ရော် ပူဇော်ခြင်းတည်းဟူသော ကုသိုလ်ကောင်းမှုကို ပြုလုပ်လိုပါသဖြင့် ရွတ်ဖတ်ကြားခွင့် ပေးသနားတော် မူပါရန် တရားတော်၏ ပိုင်ရှင် အစစ်အမှန်ဖြစ်တော်မူသော တြ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးထံမှ ခွင့်တောင်းအပ်ပါသည် အရှင်ဘုရား။ ခွင့်ပေးတော်မူပါ အရှင်မြတ်ကြီးဘုရား။

စတုတ္ထက ဖိတ်ကြားရပါမယ်။

မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ကြားခြင်းကို နာကြားနိုင်သော နာကြား လိုသော အားလုံးသော စကြာဝဠာ အနန္တတွင် ရှိကြကုန်သော အပါယ်ဘုံသားလူနတ်ဗြဟ္မာသတ္တဝါ အပေါင်းတို့နှင့် ဘုရားတပည့်တော်၏ဆွေဆက်၊ မျိုးဆက်၊ ပဋ္ဌာန်းဆက်ဆွေတော်၊ မျိုးတော်အပေါင်းတို့ တရားတော်နာကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါ၏။ (မိမိဖိတ်ကြားလိုသော ပုဂ္ဂိုလ်အပေါင်းအားလည်း ဖိတ်ကြားနိုင်ပါသည်။)

ပ ဉ္စမကတော့ ဖယ်ရှားခြင်းဖြစ်ပါတယ်။

မဟာပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ကြားခြင်း ကို မနာကြားနိုင်သော ပုဂ္ဂိုလ်များနှင့် နတ်စိမ်းများ၊ မာရ်နတ်၏နောက်လိုက်နောက်ပါနတ်ဆိုးများ အားလုံးတို့ ဤ(—–)နေရာဌာနနှင့် အနီးပတ်ဝန်းကျင်၌ရှိနေပါကခေတ္တခဏ ဖယ်ရှားပေးကြပါရန် ပန်ကြားအပ်ပါ၏။(ခေတ္တခဏ ဖယ်ရှားပေးကြပါ ကုန်လော့…) ၃ခေါက် ပဋ္ဌာန်း စတင်ရွတ်ဆိုပါ။

ဆဌမကတော့ ဖယ်ရှားထားသူများအားပြန်လည်ပန်ကြားခြင်းပါ။

ဘုရားတပည့်တော် (—–)မှ ခေတ္တခဏဖယ်ရှားရန် ပန်ကြား ထားသော မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ကြားခြင်းကို မနာကြားနိုင်သော ပုဂ္ဂိုလ်များနှင့် နတ်စိမ်းများ၊ မာန်နတ်၏ နောက်လိုက်နောက်ပါ နတ်ဆိုးများအားလုံးတို့ သင်တို့နေရာ ဌာနအသီးသီး၊ ဘုံဗိမ္မာန်အသီးသီးသို့ ပြန်လည်ကြွမြန်း၍ (နေလိုက နေနိုင်ပါပြီ)၃ခေါက်

နောက်ဆုံးကတော့ မေတ္တာပို့ အမျှဝေ နတ်ပို့ ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။သဗ္ဗေ ဒေဝါ နုမောဒန္တု၊ သဗ္ဗသမ္မတ္တိ သိဒ္ဓိယာ။

တချို့သော ဘုံံလောကသားတွေဟာ ပဋ္ဌာန်းကိုနာကြားရတဲ့အခါ အလွန်ပဲ ပူလောင်ပါတယ်။ အကုသိုလ် ကံ ကြီးလွန်းအားကြီးတော့ မနာကြားနိုင်ပါဘူး။ အသံကြား ရင်ပဲ ပူလောင်လှတဲ့ အတွက် ရွတ်ဖတ် သူ ကို အရမ်းစိတ်ဆိုး ပါတယ်။အဲ့တော့ သူတို့တလှည့် ပြန်အားသာတဲ့အခါ ကိုယ့်ကို ဒုက္ခပေးတတ်ပါတယ်။ အဲ့ဒါကြောင့်မို့ ခေတ္တခဏ အသိပေးပြီး ဖယ်ရှားခိုင်း တာ အကောင်း ဆုံးပါ။အားလုံးပဲ ပဋ္ဌာန်းဒေသနာတော်ကို ပူဇော်ပြီး ပိုမိုကောင်းမွန် မြင့်မြတ်သောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

Mulan Sarah ကျမ်းကိုး အဓိဋ္ဌာန်ကျင့်စဉ်ဝင်နည်းနှင့် မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်နည်း။