ထက္က တူးေဝးပါ ဆိုတဲ့ ထက္ထက္ထြန္း

ဟိုတစ္ေလာေလးကမွ ယြန္းဝင့္လႊာေအာင္ နဲ႔ခ်စ္သူပုံစံေတြ ရိုက္ထားတဲ့ ဓာတ္ပုံေလးေတြတက္လာၿပီးေနာက္ Facebook ေပၚမွာဂယက္ထသြားၿပီးတဲ့ေနာက္ပိုင္းမွာ ပရိသတ္ေတြက ထက္ထက္ထြန္းကိုေယာက္်ားလ်ာလားမိန္းကေလးလားဆိုၿပီး ေဝခြဲမရျဖစ္လာၾကပါတယ္။ မိန္းကေလးခ်င္းႀကိဳက္တာလို႔ထင္ေနတဲ့လူေတြ ကလည္း ဒုနဲ႔ေဒးပဲျဖစ္ပါတယ္။ အဲဒါေတြနဲ႔ပတ္သက္ၿပီးထက္ထက္ထြန္းက Media ေတြနဲ႔အင္တာဗ်ဴးမွာ ေသခ်ာေလးေျဖၾကားေပးထားပါတယ္။

ထက္ထက္ထြန္းက အဝတ္အစားကအစ ေယာက်္ားေလး စတိုင္ဝတ္ရတာသေဘာက်ေၾကာင္းကို “ေယာက္်ားေလးလိုဝတ္ၿပီးဓာတ္ပုံရိုက္ရတဲ့အခ်ိန္မွာအရမ္း ေပ်ာ္လည္းေပ်ာ္တယ္။ေက်နပ္တယ္။ ပုံမွန္ဒီလိုပြဲေတြဘာေတြမွသာ မိန္းမဆန္ဆန္ဝတ္တာ အျပင္မွာလည္းေတြ႕မွာပါ ထက္ေပါ့ေပါ့ပါးပါးပဲဝတ္တာမ်ားတယ္ေပ့ါ။ ေယာက္်ားပုံနဲ႔ လိုက္တယ္လို႔ေျပာၾကတယ္”ဆိုၿပီး ရယ္ေမာေျဖၾကားထားပါတယ္။

ထက္ထက္ထြန္းက အရမ္းမိန္းမဆန္တဲ့သူေတြထဲမွာမပါလို႔ ကိုယ့္ဟာကိုယ္ေယာက္်ား စိတ္ေပါက္ေနတယ္လို႔ထင္မိေၾကာင္းကိုလည္း “စိတ္က အရမ္းမိန္းမဆန္တဲ့အထဲမွာမပါဘူး။ထက္ကေလ။ ထက္စိတ္ကိုဖတ္တဲ့သူတိုင္းတို႔ ထက္ကိုလကၡဏာၾကည့္တဲ့လူတိုင္း စိတ္က ေယာက္်ားဆန္တယ္ေနာ္တဲ့ေျပာၾကတယ္။ တစ္ခုခုဆိုရင္ ေယာက္်ားဆန္တဲ့စိတ္နဲ႔ အရာရာကိုဆုံးျဖတ္တယ္ေပါ့ေနာ္။ တစ္ခုခုဆိုရင္ကိုယ္ကဦးေဆာင္ခ်င္တယ္တို႔။ မိန္းကေလးလို မ်ိဳးခၽြဲခၽြဲႏြဲ႕ႏြဲ႕နဲ႔ ကႏြဲ႕ကလ် ေနာက္ကေန Follower ပုံစံမ်ိဳးလိုက္ရတာမႀကိဳက္ဘူး။ တစ္ခုခုဆို ဇိုးဇိုးဇတ္ဇတ္ကိုယ္ကစၿပီးလုပ္ခ်င္တာမ်ိဳး။အဲ့ဆိုေတာ့ ထက္ ေယာက္်ားစိတ္ေပါက္ေတာ့ေပါက္ေနတယ္ထင္တာပဲ”လို႔ ရယ္ေမာရင္းေျဖၾကား ထားပါတယ္။

ထက္ထက္ထြန္းက ေဝခြဲမရျဖစ္ေနတဲ့ပရိသတ္ႀကီးအတြက္ ထက္ကတူးေဝးပါ ဆိုၿပီးေတာ့လည္း “ထက္အရင္ကတည္းကေျပာထားတယ္ေလ။ ထက္ကတူးေဝးပါဆိုၿပီး။ ေယာက္်ားေလးလည္းခ်စ္တယ္။မိန္းကေလးလည္းခ်စ္တယ္။ ပတ္ဝန္းက်င္မွာရွိတဲ့လူတိုင္းကိုထက္ခ်စ္တယ္။ ပတ္ဝန္းက်င္မွာရွိတဲ့လူတစ္ေယာက္ကိုမုန္းေနတာထက္စာရင္ ခ်စ္တာကပိုၿပီးေတာ့မဂၤလာရွိတယ္။ ပိုၿပီးေတာ့ေပ်ာ္ရႊင္စရာေကာင္းတယ္လို႔ထင္တယ္။ အဲဒီအတြက္ထက္လူတိုင္းကိုခ်စ္ပါတယ္”လို႔ေျပာထားၿပီး ဒီလိုတူးေဝးလို႔ေျပာေနတာကို ခ်စ္သူကဘာေျပာလဲဆိုတာကိုလည္း “ခ်စ္သူကလား ဘာမွမေျပာဘူး။႐ူးေနလားတဲ့။ တစ္ခါတစ္ေလအဲ့လိုေတာ့ထေျပာတယ္။႐ူးေနလားတဲ့။ ဒါေပမယ့္ သူကလည္း ကိုယ့္အေၾကာင္းသိပါတယ္။ အစကတည္းက ကိုယ္က အဲ့လိုေနတတ္တဲ့လူမ်ိဳးဆိုေတာ့ေလ။

အရမ္းႀကီးလည္းဟဲဗီးတဏွာစိတ္ႀကီးနဲ႔ ေယာက္်ားျဖစ္ျဖစ္ မိန္းမျဖစ္ျဖစ္ တဏွာစိတ္ႀကီးနဲ႔ခ်စ္တဲ့အခ်စ္မ်ိဳးမဟုတ္ပဲနဲ႔ ထက္က ကိုယ္ခ်စ္တဲ့သူကို ေကာင္းေစခ်င္တဲ့စိတ္၊ေပ်ာ္ေစခ်င္တဲ့စိတ္၊သူ႔ကိုကာကြယ္ေပးခ်င္တဲ့စိတ္ သူ႔ေဘးနားမွာေနခ်င္တဲ့စိတ္နဲ႔ထက္ကအဲ့လိုခ်စ္တာ”လို႔ေျပာျပထားပါတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးေရာ ထက္ကိုခ်စ္ၾကလား။ ထက္ကတူးေဝးဆိုေတာ့ ေနာက္ဆုံးမွာ အတူေနဖို႔ကိုေယာက္်ားေလးေတြကိုေရြးမယ္ထင္လား မိန္းကေလးေတြကိုေရြးမယ္ထင္လား။ေျပာခဲ့ၾကဦးေနာ္။

Can’t Wait To Say

unicode

ဟိုတစ်လောလေးကမှ ယွန်းဝင့်လွှာအောင် နဲ့ချစ်သူပုံစံတွေ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေတက်လာပြီးနောက် Facebook ပေါ်မှာဂယက်ထသွားပြီးတဲ့နောက်ပိုင်းမှာ ပရိသတ်တွေက ထက်ထက်ထွန်းကိုယောက်ျားလျာလားမိန်းကလေးလားဆိုပြီး ဝေခွဲမရဖြစ်လာကြပါတယ်။ မိန်းကလေးချင်းကြိုက်တာလို့ထင်နေတဲ့လူတွေ ကလည်း ဒုနဲ့ဒေးပဲဖြစ်ပါတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီးထက်ထက်ထွန်းက Media တွေနဲ့အင်တာဗျူးမှာ သေချာလေးဖြေကြားပေးထားပါတယ်။

ထက်ထက်ထွန်းက အဝတ်အစားကအစ ယောကျ်ားလေး စတိုင်ဝတ်ရတာသဘောကျကြောင်းကို “ယောက်ျားလေးလိုဝတ်ပြီးဓာတ်ပုံရိုက်ရတဲ့အချိန်မှာအရမ်း ပျော်လည်းပျော်တယ်။ကျေနပ်တယ်။ ပုံမှန်ဒီလိုပွဲတွေဘာတွေမှသာ မိန်းမဆန်ဆန်ဝတ်တာ အပြင်မှာလည်းတွေ့မှာပါ ထက်ပေါ့ပေါ့ပါးပါးပဲဝတ်တာများတယ်ပေ့ါ။ ယောက်ျားပုံနဲ့ လိုက်တယ်လို့ပြောကြတယ်”ဆိုပြီး ရယ်မောဖြေကြားထားပါတယ်။

ထက်ထက်ထွန်းက အရမ်းမိန်းမဆန်တဲ့သူတွေထဲမှာမပါလို့ ကိုယ့်ဟာကိုယ်ယောက်ျား စိတ်ပေါက်နေတယ်လို့ထင်မိကြောင်းကိုလည်း “စိတ်က အရမ်းမိန်းမဆန်တဲ့အထဲမှာမပါဘူး။ထက်ကလေ။ ထက်စိတ်ကိုဖတ်တဲ့သူတိုင်းတို့ ထက်ကိုလက္ခဏာကြည့်တဲ့လူတိုင်း စိတ်က ယောက်ျားဆန်တယ်နော်တဲ့ပြောကြတယ်။ တစ်ခုခုဆိုရင် ယောက်ျားဆန်တဲ့စိတ်နဲ့ အရာရာကိုဆုံးဖြတ်တယ်ပေါ့နော်။ တစ်ခုခုဆိုရင်ကိုယ်ကဦးဆောင်ချင်တယ်တို့။ မိန်းကလေးလို မျိုးချွဲချွဲနွဲ့နွဲ့နဲ့ ကနွဲ့ကလျ နောက်ကနေ Follower ပုံစံမျိုးလိုက်ရတာမကြိုက်ဘူး။ တစ်ခုခုဆို ဇိုးဇိုးဇတ်ဇတ်ကိုယ်ကစပြီးလုပ်ချင်တာမျိုး။အဲ့ဆိုတော့ ထက် ယောက်ျားစိတ်ပေါက်တော့ပေါက်နေတယ်ထင်တာပဲ”လို့ ရယ်မောရင်းဖြေကြား ထားပါတယ်။

ထက်ထက်ထွန်းက ဝေခွဲမရဖြစ်နေတဲ့ပရိသတ်ကြီးအတွက် ထက်ကတူးဝေးပါ ဆိုပြီးတော့လည်း “ထက်အရင်ကတည်းကပြောထားတယ်လေ။ ထက်ကတူးဝေးပါဆိုပြီး။ ယောက်ျားလေးလည်းချစ်တယ်။မိန်းကလေးလည်းချစ်တယ်။ ပတ်ဝန်းကျင်မှာရှိတဲ့လူတိုင်းကိုထက်ချစ်တယ်။ ပတ်ဝန်းကျင်မှာရှိတဲ့လူတစ်ယောက်ကိုမုန်းနေတာထက်စာရင် ချစ်တာကပိုပြီးတော့မင်္ဂလာရှိတယ်။ ပိုပြီးတော့ပျော်ရွှင်စရာကောင်းတယ်လို့ထင်တယ်။ အဲဒီအတွက်ထက်လူတိုင်းကိုချစ်ပါတယ်”လို့ပြောထားပြီး ဒီလိုတူးဝေးလို့ပြောနေတာကို ချစ်သူကဘာပြောလဲဆိုတာကိုလည်း “ချစ်သူကလား ဘာမှမပြောဘူး။ရူးနေလားတဲ့။ တစ်ခါတစ်လေအဲ့လိုတော့ထပြောတယ်။ရူးနေလားတဲ့။ ဒါပေမယ့် သူကလည်း ကိုယ့်အကြောင်းသိပါတယ်။ အစကတည်းက ကိုယ်က အဲ့လိုနေတတ်တဲ့လူမျိုးဆိုတော့လေ။အရမ်းကြီးလည်းဟဲဗီးတဏှာစိတ်ကြီးနဲ့ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် တဏှာစိတ်ကြီးနဲ့ချစ်တဲ့အချစ်မျိုးမဟုတ်ပဲနဲ့ ထက်က ကိုယ်ချစ်တဲ့သူကို ကောင်းစေချင်တဲ့စိတ်၊ပျော်စေချင်တဲ့စိတ်၊သူ့ကိုကာကွယ်ပေးချင်တဲ့စိတ် သူ့ဘေးနားမှာနေချင်တဲ့စိတ်နဲ့ထက်ကအဲ့လိုချစ်တာ”လို့ပြောပြထားပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော ထက်ကိုချစ်ကြလား။ ထက်ကတူးဝေးဆိုတော့ နောက်ဆုံးမှာ အတူနေဖို့ကိုယောက်ျားလေးတွေကိုရွေးမယ်ထင်လား မိန်းကလေးတွေကိုရွေးမယ်ထင်လား။ပြောခဲ့ကြဦးနော်။

Can’t Wait To Say