သိန္း (၂၄၀၀) နဲ႔ ေလလံေအာင္ခဲ့တဲ့ အေမစု ရဲ႕ ကဗ်ာကို ရန္ကုန္ၿမိဳ႕ လွည္းတန္းမွကိုသူရ. .က ရင္ဘတ္မွာတက္တူးထိုးၿပီး ဂုဏ္ျပဳ

ႏိုင္ငံတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ လက္ေရးကဗ်ာမူရင္း စာ႐ြက္ေလလံေဈး ကို က်ပ္ ၅၄ သိန္း ၾကမ္းခင္းေဈး အေန နဲ႔ သတ္မွတ္တာကေတာ့ ၿခံအမွတ္ ၅၄ က ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လက္ေရးကဗ်ာျဖစ္တဲ့အတြက္ အမွတ္တရျဖစ္ေအာင္ သတ္မွတ္တာ ျဖစ္တယ္လို႔ ဆိုပါတယ္။“ကဗ်ာေရးထားတဲ့စာ႐ြက္က ၿခံအမွတ္ ၅၄ Letterhead နဲ႔… ဒီကဗ်ာေလးကို ဒါ႐ိုက္တာ မင္းထင္ကို ကိုႀကီးက ေနၿပီး NLD ေအာင္ႏိုင္ေရးမွာ စိတ္ႀကိဳက္သုံးစြဲဖို႔ရံပုံေငြအျဖစ္ ေလလံတင္ေရာင္းခ်ၿပီး လႉဒါန္းေပး သြားဖို႔ ဆက္သြယ္လာတာပါ။

ဒါေၾကာင့္မို႔လို႔ စက္တင္ဘာ(၅)ရက္စေနေန႔ ည၉ နာရီအထိ ေလလံကာလသတ္မွတ္ထားၿပီး ေစ်းအျမင့္ဆုံး ေပး ႏိုင္တဲ့သူကို ေရာင္းခ်ေပး သြားမွာျဖစ္ပါတယ္။”ေလလံအၿပိဳင္ဆြဲၾကရာ ေဒၚေအာင္ဆန္းစုၾကည္၏ ကဗ်ာ က်ပ္ သိန္း ၂၄၀၀ ထိရရွိသြား ေၾကာင္း သိရွိရပါတယ္။ ဒီ ေလလံပြဲကရရွိတဲ့ အက်ိဳးအျမတ္ေတြအားလုံးကို ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ ဗဟိုေအာင္ႏိုင္ေရး ရန္ပုံေငြအေနနဲ႔ လႉဒါန္းသြားမယ္လို႔ သိရပါတယ္။

ဒီကဗ်ာစာ႐ြက္ကေတာ့ ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီးအတြက္ ၂၀၁၁ ခုႏွစ္တုန္းက ကဗ်ာပြဲေတာ္ကို ယူသြားဖို႔ ကဗ်ာဆရာေယာက္အေနနဲ႔ ေတာင္းခံခဲ့တာကို ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္လက္ေရးနဲ႔ ေရးသားေပးခဲ့တဲ့ ကဗ်ာျဖစ္တယ္လို႔ ဆိုပါတယ္။“30th June 2011 ေန႔ ညေနပိုင္း ၄ နာရီေလာက္က အမွတ္ ၅၄ အိမ္ထဲမွာ အေမစု ကိုယ္တိုင္ေပးခဲ့တာပါ။ ထမင္းစားခန္းထဲမွာ ေတြ႕ရတာပါ။ ကန္ေတာ့ခဲ့ပါေသး တယ္။ အျပင္မွာ ဦးဝင္းထိန္ရွိတယ္။”

ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ ကဗ်ာသိန္း၂၄၀၀ ေလလံေအာင္သြားၿပီဆရာၿငိမ္းမင္းရဲ႕ လကၤာဒီ ပ႐ုပ္ျပထဲက အမွာစကားကို သြားသတိရမိပါ တယ္။ေျခလွမ္းတိုင္း ေျခလွမ္းတိုင္းမွာေဝဒနာ သခၤန္းစာေတြဗရပြပါတဲ့ဟုတ္ပါတယ္ ေဒၚေအာင္ဆန္းစုၾကည္ေလွ်ာက္ခဲ့တဲ့ ေျခလွမ္းေတြ မွာေဝဒနာေတြနာ ၾကည္းမႈေတြေသာကေတြ အႏိူင္က်င့္မႈေတြၿပီးေတာ့ လူ႔အခြင့္အေရးေတြ အားလုံးဆုံးရႈံးခဲ့ရသူပါသူမေရးတဲ့ စကားလုံး ေတြတိုင္းမွာ အားမာန္ေတြ ႐ိုးသားမႈေတြ တိုင္းျပည္ကိုခ်စ္မႈေတြ အျပည့္ပါတယ္။ဒီထက္မက တန္ပါတယ္။

Credit- Ashin Damananda

unicode

နိုင်ငံတာ်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရေးကဗျာမူရင်း စာရွက်လေလံဈေး ကို ကျပ် ၅၄ သိန်း ကြမ်းခင်းဈေး အနေ နဲ့ သတ်မှတ်တာကတော့ ခြံအမှတ် ၅၄ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရေးကဗျာဖြစ်တဲ့အတွက် အမှတ်တရဖြစ်အောင် သတ်မှတ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။“ကဗျာရေးထားတဲ့စာရွက်က ခြံအမှတ် ၅၄ Letterhead နဲ့… ဒီကဗျာလေးကို ဒါရိုက်တာ မင်းထင်ကို ကိုကြီးက နေပြီး NLD အောင်နိုင်ရေးမှာ စိတ်ကြိုက်သုံးစွဲဖို့ရံပုံငွေအဖြစ် လေလံတင်ရောင်းချပြီး လှူဒါန်းပေး သွားဖို့ ဆက်သွယ်လာတာပါ။

ဒါကြောင့်မို့လို့ စက်တင်ဘာ(၅)ရက်စနေနေ့ ည၉ နာရီအထိ လေလံကာလသတ်မှတ်ထားပြီး စျေးအမြင့်ဆုံး ပေး နိုင်တဲ့သူကို ရောင်းချပေး သွားမှာဖြစ်ပါတယ်။”လေလံအပြိုင်ဆွဲကြရာ ဒေါ်အောင်ဆန်းစုကြည်၏ ကဗျာ ကျပ် သိန်း ၂၄၀၀ ထိရရှိသွား ကြောင်း သိရှိရပါတယ်။ ဒီ လေလံပွဲကရရှိတဲ့ အကျိုးအမြတ်တွေအားလုံးကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအောင်နိုင်ရေး ရန်ပုံငွေအနေနဲ့ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ဒီကဗျာစာရွက်ကတော့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးအတွက် ၂၀၁၁ ခုနှစ်တုန်းက ကဗျာပွဲတော်ကို ယူသွားဖို့ ကဗျာဆရာယောက်အနေနဲ့ တောင်းခံခဲ့တာကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လက်ရေးနဲ့ ရေးသားပေးခဲ့တဲ့ ကဗျာဖြစ်တယ်လို့ ဆိုပါတယ်။“30th June 2011 နေ့ ညနေပိုင်း ၄ နာရီလောက်က အမှတ် ၅၄ အိမ်ထဲမှာ အမေစု ကိုယ်တိုင်ပေးခဲ့တာပါ။ ထမင်းစားခန်းထဲမှာ တွေ့ရတာပါ။ ကန်တော့ခဲ့ပါသေး တယ်။ အပြင်မှာ ဦးဝင်းထိန်ရှိတယ်။”

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကဗျာသိန်း၂၄၀၀ လေလံအောင်သွားပြီဆရာငြိမ်းမင်းရဲ့ လင်္ကာဒီ ပရုပ်ပြထဲက အမှာစကားကို သွားသတိရမိပါ တယ်။ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းမှာဝေဒနာ သင်္ခန်းစာတွေဗရပွပါတဲ့ဟုတ်ပါတယ် ဒေါ်အောင်ဆန်းစုကြည်လျှောက်ခဲ့တဲ့ ခြေလှမ်းတွေ မှာဝေဒနာတွေနာ ကြည်းမှုတွေသောကတွေ အနိူင်ကျင့်မှုတွေပြီးတော့ လူ့အခွင့်အရေးတွေ အားလုံးဆုံးရှုံးခဲ့ရသူပါသူမရေးတဲ့ စကားလုံး တွေတိုင်းမှာ အားမာန်တွေ ရိုးသားမှုတွေ တိုင်းပြည်ကိုချစ်မှုတွေ အပြည့်ပါတယ်။ဒီထက်မက တန်ပါတယ်။

Credit- Ashin Damananda