ကိုဗစ္ေဘးကေန လက္မတင္ေလး လြတ္သြား တဲ့ ေဒၚေအာင္ဆန္းစုၾကည္…(သူေတာ္ေကာင္း နတ္ေကာင္းမ တယ္ဆိုတာ ဒါမ်ိဴး)

ယေန႔မနက္ ပိုးေတြ႕လူနာစာရင္းမွာပါတဲ့ ဗဟန္းၿမိဳ႕နယ္က ၂ ေယာက္စလုံးဟာ အေမေဒၚေအာင္ဆန္းစုၾကည္ ရဲ့ ၿခံအမွတ္ ၅၄ က ျဖစ္ပါတယ္။မၾကာမီ အေမေဒၚေအာင္ဆန္းစုၾကည္ေကာ့မႉးသြားဖို႔ ရန္ကုန္လာဖို႔ ရွိတဲ့အတြက္ မေန႔က တၿခံလုံးကို swab ယူတဲ့အခါ ပိုးေတြ႕ရွိရတာျဖစ္ပါတယ္။

တဦးက ေကာ့မႉးဇာတိျဖစ္ပီး ၿခံထဲ အျမဲေနသူ ျဖစ္ကာ တဦးက မၾကာခဏ ဝင္ထြက္သြားလာတတ္တဲ့ မရမ္းကုန္းဘက္ကလူတဦးလို႔ သတိရပါတယ္။ ထိေတြ႕မႈရွိသူ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္တဦး အပါအဝင္ ၆ ဦးလဲ HQ ဝင္ေနပါတယ္။

ဒါက ဘာကို ျပသလဲဆိုရင္…ရန္ကုန္မွာ ကိုယ္တိုင္ မသိတဲ့ ေရာဂါပိုးတိတ္တဆိတ္သယ္‌ေဆာင္သူ ေတြ အမ်ားႀကီး ရွိေနပီဆိုတာကို ျပသပါတယ္။ မိမိကိုယ္တိုင္ တိတ္တဆိတ္ သယ္ေဆာင္သူ ျဖစ္ေနနိုင္ပါတယ္။ ျမန္မာျပည္မွာ ကိုဗစ္ လူနာ ၇၅ % ဟာ ေရာဂါလကၡဏာမျပသပါဘူး။ဒါေၾကာင့္ ရန္ကုန္သားတို႔ အထူး သတိထားၿပီးေနထိုင္ၾကပါ။ မိမိအနားက လူတိုင္းမွာ ေရာဂါရွိေနနိုင္တယ္ဆိုတဲ့ အသိကို ထည့္ထားပီး အစြမ္းကုန္ ကာကြယ္ၾကပါ။ ဒါမွသာ ဒီကပ္ေရာဂါဆိုးႀကီးကို က်ေနာ္တို႔ ေအာင္ျမင္ပါလိမ့္မယ္။ (Nay Thway)

unicode

ယနေ့မနက် ပိုးတွေ့လူနာစာရင်းမှာပါတဲ့ ဗဟန်းမြို့နယ်က ၂ ယောက်စလုံးဟာ အမေဒေါ်အောင်ဆန်းစုကြည် ရဲ့ ခြံအမှတ် ၅၄ က ဖြစ်ပါတယ်။မကြာမီ အမေဒေါ်အောင်ဆန်းစုကြည်ကော့မှူးသွားဖို့ ရန်ကုန်လာဖို့ ရှိတဲ့အတွက် မနေ့က တခြံလုံးကို swab ယူတဲ့အခါ ပိုးတွေ့ရှိရတာဖြစ်ပါတယ်။

တဦးက ကော့မှူးဇာတိဖြစ်ပီး ခြံထဲ အမြဲနေသူ ဖြစ်ကာ တဦးက မကြာခဏ ဝင်ထွက်သွားလာတတ်တဲ့ မရမ်းကုန်းဘက်ကလူတဦးလို့ သတိရပါတယ်။ ထိတွေ့မှုရှိသူ တိုင်းလွှတ်တော်ကိုယ်စားလှယ်တဦး အပါအဝင် ၆ ဦးလဲ HQ ဝင်နေပါတယ်။

ဒါက ဘာကို ပြသလဲဆိုရင်…ရန်ကုန်မှာ ကိုယ်တိုင် မသိတဲ့ ရောဂါပိုးတိတ်တဆိတ်သယ်‌ဆောင်သူ တွေ အများကြီး ရှိနေပီဆိုတာကို ပြသပါတယ်။ မိမိကိုယ်တိုင် တိတ်တဆိတ် သယ်ဆောင်သူ ဖြစ်နေနိုင်ပါတယ်။ မြန်မာပြည်မှာ ကိုဗစ် လူနာ ၇၅ % ဟာ ရောဂါလက္ခဏာမပြသပါဘူး။ဒါကြောင့် ရန်ကုန်သားတို့ အထူး သတိထားပြီးနေထိုင်ကြပါ။ မိမိအနားက လူတိုင်းမှာ ရောဂါရှိနေနိုင်တယ်ဆိုတဲ့ အသိကို ထည့်ထားပီး အစွမ်းကုန် ကာကွယ်ကြပါ။ ဒါမှသာ ဒီကပ်ရောဂါဆိုးကြီးကို ကျနော်တို့ အောင်မြင်ပါလိမ့်မယ်။ (Nay Thway)