အေမစုကဗ်ာပိုင္ဆိုင္သြားသူနဲ႔ ပတ္သက္ၿပီး သတင္းအမွားေတြေၾကာင့္ ေလလံေအာင္သူ ကို အားနာမိတယ္လို႔ ေမာင္ေမာင္ေအးေျပာၿပီ

အေမစုရဲ႕ကဗ်ာကိုပိုင္ဆိုင္သြားသူကေတာ့ လတ္တေလာလိုင္းေပၚမွာ ပ်ံ႕ေနတဲ့သူေတြ တစ္ေယာက္မွ မဟုတ္ပါဘူးတဲ့။ သူကေတာ့ လက္ရွိ စီးပြားေရးေလာကမွာ က်ိက်ိတက္ခ်မ္းသာသူတစ္ေယာက္ျဖစ္ေပမယ့္ ထင္ေပၚေက်ာ္ၾကားလိုစိတ္မရွိတဲ့ ျမန္မာႏိုင္ငံသားေကာင္း စစ္စစ္ တစ္ေယာက္ျဖစ္ေၾကာင္း ေမာင္ေမာင္ေအးကေတာ့ ေလလံေအာင္သူနဲ႔ပတ္သက္ၿပီးစိတ္ဝင္စားေနတဲ့ပရိသတ္ႀကီးအတြက္ အနည္းငယ္မွ် ေဝေပးခဲ့ပါတယ္။

လူမႈ ကြန္ရက္ေပၚမွာ အေတာ္ေလးဟိုးေလးတေက်ာ္ျဖစ္ခဲ့တဲ့ အေမစုရဲ႕လက္ေရးမႈကဗ်ာကေတာ့ မေန႔ကည(၉) နာရီအခ်ိန္မွာပဲ သိန္း ေပါင္း (၂၄၀၀) နဲ႔ ေလလံၿပီးဆုံးသြားခဲ့ပါတယ္။ လူတို႔ရဲ႕သေဘာဆႏၵအရ ေလလံေအာင္သြားတဲ့သူကို စိတ္ဝင္စားမႈျမင့္တက္ေနၾကသလို အမ်ိဳးမ်ိဳးေသာသတင္းအမွားေတြလည္း ထြက္ေပၚလ်က္ရွိပါတယ္။ေမာင္ေမာင္ေအးကေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး ” လိုင္းေပၚတက္ေနတဲ့ ပုံတစ္ပုံမွာ ေလလံေအာင္တဲ့ပုဂၢိဳလ္မဟုတ္ေၾကာင္းရယ္… ။

အဲ့ဒီကဗ်ာကို ပြဲအတြက္ျပင္ဆင္ဖို႔ယူသြားမလို႔ ကားထဲထည့္ကာနီး ကိုယ္နဲ႔ခင္တဲ့အမက တိုက္တိုက္ဆိုင္ဆိုင္ေတြ႕သြားတာနဲ႔ မွတ္တမ္း တင္ခ်င္တယ္ဆိုလို႔ ဓါတ္ပုံေပး႐ိုက္လိုက္တာပါ…အဲ့အခ်ိန္တုန္းကလည္း ေလလံေဈးက သိန္း (၁၃၅၀) ထိပဲရွိေသးၿပီး ဘယ္သူ႔ဆီ ေရာက္မလဲမသိေသးတဲ့အခ်ိန္ပါ…. ဘာပဲျဖစ္ျဖစ္ လိုင္းေပၚမွာ သတင္းမွားေတြပ်ံ႕ေနတဲ့အတြက္ တကယ္ေလလံေအာင္တဲ့သူကိုလည္း ဒီေနရာကေန အားနာမိေၾကာင္းေတာင္းပန္အပ္ပါတယ္…။

အဲ့ဒီပုဂၢိဳလ္ႀကီးအေနနဲ႔ နားလည္ႏိုင္ၿပီး ဘာမွ စိတ္မရွိမွာသိေနေပမင့္ ေနာက္ဆိုပိုဆင္ျခင္ပါ့မယ္ခင္ဗ်ာ” ဆိုၿပီးေရးသားမွ်ေဝခဲ့ပါတယ္။

Source – Mg Mg Aye

Rainbow- Cele Gabar

unicode

အမေစုရဲ့ကဗျာကိုပိုင်ဆိုင်သွားသူကတော့ လတ်တလောလိုင်းပေါ်မှာ ပျံ့နေတဲ့သူတွေ တစ်ယောက်မှ မဟုတ်ပါဘူးတဲ့။ သူကတော့ လက်ရှိ စီးပွားရေးလောကမှာ ကျိကျိတက်ချမ်းသာသူတစ်ယောက်ဖြစ်ပေမယ့် ထင်ပေါ်ကျော်ကြားလိုစိတ်မရှိတဲ့ မြန်မာနိုင်ငံသားကောင်း စစ်စစ် တစ်ယောက်ဖြစ်ကြောင်း မောင်မောင်အေးကတော့ လေလံအောင်သူနဲ့ပတ်သက်ပြီးစိတ်ဝင်စားနေတဲ့ပရိသတ်ကြီးအတွက် အနည်းငယ်မျှ ဝေပေးခဲ့ပါတယ်။

လူမှု ကွန်ရက်ပေါ်မှာ အတော်လေးဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ အမေစုရဲ့လက်ရေးမှုကဗျာကတော့ မနေ့ကည(၉) နာရီအချိန်မှာပဲ သိန်း ပေါင်း (၂၄၀၀) နဲ့ လေလံပြီးဆုံးသွားခဲ့ပါတယ်။ လူတို့ရဲ့သဘောဆန္ဒအရ လေလံအောင်သွားတဲ့သူကို စိတ်ဝင်စားမှုမြင့်တက်နေကြသလို အမျိုးမျိုးသောသတင်းအမှားတွေလည်း ထွက်ပေါ်လျက်ရှိပါတယ်။မောင်မောင်အေးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ” လိုင်းပေါ်တက်နေတဲ့ ပုံတစ်ပုံမှာ လေလံအောင်တဲ့ပုဂ္ဂိုလ်မဟုတ်ကြောင်းရယ်… ။

အဲ့ဒီကဗျာကို ပွဲအတွက်ပြင်ဆင်ဖို့ယူသွားမလို့ ကားထဲထည့်ကာနီး ကိုယ်နဲ့ခင်တဲ့အမက တိုက်တိုက်ဆိုင်ဆိုင်တွေ့သွားတာနဲ့ မှတ်တမ်း တင်ချင်တယ်ဆိုလို့ ဓါတ်ပုံပေးရိုက်လိုက်တာပါ…အဲ့အချိန်တုန်းကလည်း လေလံဈေးက သိန်း (၁၃၅၀) ထိပဲရှိသေးပြီး ဘယ်သူ့ဆီ ရောက်မလဲမသိသေးတဲ့အချိန်ပါ…. ဘာပဲဖြစ်ဖြစ် လိုင်းပေါ်မှာ သတင်းမှားတွေပျံ့နေတဲ့အတွက် တကယ်လေလံအောင်တဲ့သူကိုလည်း ဒီနေရာကနေ အားနာမိကြောင်းတောင်းပန်အပ်ပါတယ်…။

အဲ့ဒီပုဂ္ဂိုလ်ကြီးအနေနဲ့ နားလည်နိုင်ပြီး ဘာမှ စိတ်မရှိမှာသိနေပေမင့် နောက်ဆိုပိုဆင်ခြင်ပါ့မယ်ခင်ဗျာ” ဆိုပြီးရေးသားမျှဝေခဲ့ပါတယ်။

Source – Mg Mg Aye

Rainbow- Cele Gabar