ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း) CAPITAL SUPER MARKET ဝန္ထမ္း မ်ား ေစာင့္ၾကည့္လူနာ အျဖစ္ထားရွိရာ ေနာက္ထပ္ သုံးဦးပိုးေတြ႕

ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း) ၿမိဳ႕နယ္ အတြင္းရွိ Capital Super Market ဝန္ထမ္း ၃၄ ဦးကို ေမွာ္ဘီနည္းပညာတကၠသိုလ္တြင္ Quarantine စင္တာတြင္ ထားရွိရာ ေနာက္ထပ္ ဝန္ထမ္းသုံး ဦးတြင္ Covid 19 ဗိုင္းရပ္ပိုး ထပ္မံေတြ႕ရွိေၾကာင္း တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ထြန္း နိုင္က ျပည္ျမန္မာ ကို စက္တင္ဘာလ ၇ ရက္က ေျပာသည္။

လက္ရွိတြင္ အဆိုပါ Capital Super Market ကို မၾကာမီ ျပန္လည္ဖြင့္လွစ္ေတာ့မည္ဟု သတင္းမ်ား ထြက္ေပၚေနေသာေၾကာင့္ ရပ္ကြက္ေနျပည္သူမ်ားက စိုးရိမ္လ်က္ရွိေၾကာင္း၊ ယင္းႏွင့္ ပတ္သက္၍ လႊတ္ ေတာ္ကိုယ္စား လွယ္ ဦးတင္ထြန္းနိုင္က အဆိုပါသတင္းမွာ မဟုတ္မွန္ေၾကာင္း ၊ က်န္းမာေရးဝန္ႀကီး႒ာန ၏ စစ္ေဆးအတည္ျပဳၿပီး မွသာ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ဆိုသည္။ “က်န္းမာေရးဝန္ႀကီး႒ာနက တရားဝင္ညႊန္ၾကားထားတဲ့ အခ်က္အလက္ေတြ ျပည့္စုံၿပီးမွဖြင့္ လို႔ ရမွာပါ။ ဖြင့္ရေအာင္လည္း ဝန္ထမ္းေတြအားလုံးမရွိပါဘူး။ Capital ဝန္ထမ္းေတြအားလုံး ေမွာ္ဘီမွာ ေစာင့္ၾကည့္ လူနာအျဖစ္ ထားရွိပါတယ္။

အဲဒီထဲကမွ အခုဆို သုံးေယာက္ပိုးေတြ႕ထားတယ္လို႔ ကၽြန္ေတာ့္ကို သက္ ဆိုင္ရာက ေျပာလာပါတယ္။ သူတို႔ရဲ့ အမည္နဲ႔ ေနရပ္လိပ္စာေတြကို အတည္ျပဳရဦးမွာပါ။” ဟု ဦးတင္ ထြန္းနိုင္ ရွင္းျပသည္။ ၿပီးခဲ့သည့္ စက္တင္ဘာလ ၃ ရက္ ညေနပိုင္းက အဆိုပါ စူပါမက္ကတ္ရွိ ဝန္ထမ္း ၃၄ ဦးကို covid 19 case 1024 ႏွင့္ ဆက္ႏြယ္ရွိသျဖင့္ ေစာင့္ၾကည့္ လူနာမ်ားအျဖစ္ ထားရွိရန္ေခၚေဆာင္ခဲ့ၿပီးေနာက္ သုံးဦး တြင္ ပိုးထပ္မံ ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

crd

unicode

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် အတွင်းရှိ Capital Super Market ဝန်ထမ်း ၃၄ ဦးကို မှော်ဘီနည်းပညာတက္ကသိုလ်တွင် Quarantine စင်တာတွင် ထားရှိရာ နောက်ထပ် ဝန်ထမ်းသုံး ဦးတွင် Covid 19 ဗိုင်းရပ်ပိုး ထပ်မံတွေ့ရှိကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်း နိုင်က ပြည်မြန်မာ ကို စက်တင်ဘာလ ၇ ရက်က ပြောသည်။

လက်ရှိတွင် အဆိုပါ Capital Super Market ကို မကြာမီ ပြန်လည်ဖွင့်လှစ်တော့မည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် ရပ်ကွက်နေပြည်သူများက စိုးရိမ်လျက်ရှိကြောင်း၊ ယင်းနှင့် ပတ်သက်၍ လွှတ် တော်ကိုယ်စား လှယ် ဦးတင်ထွန်းနိုင်က အဆိုပါသတင်းမှာ မဟုတ်မှန်ကြောင်း ၊ ကျန်းမာရေးဝန်ကြီးဋ္ဌာန ၏ စစ်ဆေးအတည်ပြုပြီး မှသာ ဖွင့်လှစ်မည်ဖြစ်ကြောင်း ဆိုသည်။ “ကျန်းမာရေးဝန်ကြီးဋ္ဌာနက တရားဝင်ညွှန်ကြားထားတဲ့ အချက်အလက်တွေ ပြည့်စုံပြီးမှဖွင့် လို့ ရမှာပါ။ ဖွင့်ရအောင်လည်း ဝန်ထမ်းတွေအားလုံးမရှိပါဘူး။ Capital ဝန်ထမ်းတွေအားလုံး မှော်ဘီမှာ စောင့်ကြည့် လူနာအဖြစ် ထားရှိပါတယ်။

အဲဒီထဲကမှ အခုဆို သုံးယောက်ပိုးတွေ့ထားတယ်လို့ ကျွန်တော့်ကို သက် ဆိုင်ရာက ပြောလာပါတယ်။ သူတို့ရဲ့ အမည်နဲ့ နေရပ်လိပ်စာတွေကို အတည်ပြုရဦးမှာပါ။” ဟု ဦးတင် ထွန်းနိုင် ရှင်းပြသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက် ညနေပိုင်းက အဆိုပါ စူပါမက်ကတ်ရှိ ဝန်ထမ်း ၃၄ ဦးကို covid 19 case 1024 နှင့် ဆက်နွယ်ရှိသဖြင့် စောင့်ကြည့် လူနာများအဖြစ် ထားရှိရန်ခေါ်ဆောင်ခဲ့ပြီးနောက် သုံးဦး တွင် ပိုးထပ်မံ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

crd