ကိုဗစ်ကာလမှာ ရုန်း ကန် နေ ရ တဲ့ မသန် စွမ်း တစ်ယောက် ရဲ့ အခက် အခဲ





unicode

နေပူကြီးထဲ ဝှီးချဲလေးနဲ့‌ ဆေးနဲ့ဆန် ထုတ်လာယူ တဲ့ဖိုးတာ။ အမေဆိုတာ ဘယ်ဆီမှန်းမသိ ဖခင်ရဲ့ မတော်တဆရိုက် နှက်မှုကြောင့် အသက် ၁၈ နှစ်မှာ အောက်ပိုင်း သေသွားခဲ့ရတဲ့ ဖိုးတာလို့ခေါ်တဲ့ကောင်လေး တယောက်ရဲ့ ဘဝကရင်နင့်စရာပါ။နေ့စဉ်စားဖို့ ခက်ခဲနေတဲ့ ဒီလိုလူမျိုးတွေ အတွက် မိမိအိမ်ရှေ့မှာ ဆန်တဗူးပဲ ဖြစ်ဖြစ် နှစ်ဗူးပဲဖြစ် ဖြစ် ချိတ်ထား ပေးကြပါဗျာ။ ဖိုးတာရဲ့အဖြစ်က လသားအရွယ်လေး တည်းက မိခင်ရဲ့စွန့်ပစ်ခြင်း ခံရတယ်။ အသက် ၁၈ နှစ်မှာ ဖခင်က ရိုက်နှက်ဆုံးမရင်း အောက်ပိုင်း သေသွားခဲ့တယ်၊ ဒီအချိန်မှာပဲ ဖခင်က စွန့်ပစ်ခဲ့ ပြန်တယ်။ ခြေချောင်း‌ တွေနာနေ တာကြောင့် ဘာမှလုပ်ကိုင် စာသောက်လို့ မရခဲ့ဘူး ပတ်ဝန်းကျင်က ပေးကမ်းတာ စားရင်း အသက်ဆက် ခဲ့ရတယ် သူ့ဒဏ်ရာတွေ သက်သာ

လာတော့ သတင်းထောက် ကိုချစ်ဦး လှူပေးတဲ့ ဝှီးချဲလေးနဲ့ စိတ်နာစရာ ကောင်းတဲ့ ဘဝကို မြှင့်တင်ဖို့ ရန်ကုန်မြို့ ပြကြီးကို ထွက်ချလာခဲ့တယ် သူဝါသနာ ပါတာကတော့ ပန်းချီဆွဲတာ သူ့ပန်းချီပညာနဲ့ အသက်မွေး ဝမ်းကျောင်း ပြုချင်တယ်။မသန်စွမ်း တွေကို ပြုစုပျိုးထောင်း ပေးနေတဲ့အ တတ်ပညာ သင်တန်းကျောင်း သူတက်ချင်တယ် ဒါပေမယ့် အဆက်သွယ်မရှိ ပဲနဲ့စွန့်စားပြီးတော့ ရမ်းသွားခဲ့တဲ့ ဖိုးတာတယောက် ဝှီးချဲတစီးနဲ့ ရန်ကုန် မြို့ပြကြီးမှာ ယောင်လည်လည် ဖြစ်ခဲ့တယ်နောက်ဆုံးတော့ ဖိုးတာကို အသင်းတစ်သင်း ကမသန်စွမ်း‌ တွေပါ လက်ခံတဲ့ ဘိုးဘွား ရိပ်သာပို့ပေးခဲ့ကြတယ်၊ သူကအတတ် ပညာတခု သင်ပြီးသူ့ဝမ်းစာ သူရှာချင်တာ လူမမာကြီး လိုသူမနေချင် တာကြောင့် ဘိုးဘွားရိပ်သာ ကနေမသန်စွမ်း အတတ်ပညာ သင်တန်းကျောင်း ရှာဖို့ထွက်လာခဲ့တယ်၊

ဒါပေမယ့် ဘိုးဘွားရိပ် သာကနေ မသန်စွမ်း အ တတ်ပညာ သင်တန်းကျောင်း ရှာဖို့ ထွက်လာခဲ့ ရင်းအငတ်ငတ် အပြတ်ပြတ် ဖြစ်ပြီးတော့ ရွာပြန်ရောက် ခဲ့ရပြန်တယ်။ ကိုဗစ်ကြောင့် ဘာလုပ် စားရမှန်းလည်းမသိ အာရုံကြော အားနည်းပြီးတက်တတ်တာကြောင့် ဆေးနဲ့ ဝမ်းစာရေးအတွ က် နေပူကြီးထဲ ဆန်နဲ့ဆေးလေး လာယူရှာတယ် လူငယ်တွေ ဖိုးတာကို အတုယူရပါမယ်။ သူ့ဟာ အောက်ပိုင်း မသန်စွမ်း‌ပေမယ့် ပညာသင်ချင်လို့ ရန်ကုန် မြို့ပြကြီးကို ဝှီးချဲနှင့် ခြေဆန့်ခဲ့တယ်ထိထိရောက်ရောက် ကူညီပေးမယ့် သူသာ တွေ့ ခဲ့ရင် သူအခုချိန် ပညာရှင် တစ်ယောက် ဖြစ် နေလောက်ပြီ အခုတော့ ကိုဗစ်ကြောင့် သူလည်းရွာမှာ ဝမ်းစာရေး ခက်ခဲသူစာရင်း ထဲပါခဲ့ရပါတယ်၊အခြေနေ ကောင်းရင်တော့ သူ့ကိုမသန်စွမ်း သင်တန်းကျောင်း လေးပို့ပေးချင်မိတယ်။

တေးရေးမင်းကို(ခ)မင်းခေတ်မင်း/အနုပညာ သစ်ပြတိုက်ဖောင်ဒေးရှင်း /နယ်လှည့် ကုသိုလ်ပြု နှလုံးလှဆရာဝန်များအဖွဲ့